အမည်မသိသောဘုရားသခင်အားဖြင့် သေခြင်းမှထမြောက်စေခဲ့ခြင်း
ဒီလာ(ခ်)က ဟိန္ဒူမိသားစုတွင် ကြီးပြင်းလာခဲ့ပါသည်။သူနေထိုင်ခဲ့သောရွာသည် ဇာတ်မြင့်ဇာတ်မြင့်မျိုးရိုးများနှင့်ပြည့်နေပြီး ထိုနေရာတွင် ဘုရားကျောင်းများ မရှိပါ။ ကျွန်တော်တို့သူ့ကို နီပေါနိုင်ငံ၌တွေ့ဆုံခဲ့စဉ်တွင် သူကိုယ်တိုင်ပြောပြခဲ့သော ပုံမှန်မဟုတ်တဲ့ဇာတ်လမ်းကိုကျွန်တော်တို့မျှဝေမည်ဖြစ်ပါသည်။
“ကျွန်တော်ကတော့ ဟိန္ဒူမိသားစုကနေမွေးဖွားလာပြီးဟိန္ဒူဘာသာကိုလည်းအလွန်သက်ဝင်ယုံကြည်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်(၂၀)ခန့်ကကျွန်တော်ကျောင်းသွားနေခဲ့တုန်းကဖျားခဲ့ပါတယ်။ကျွန်တော်ရဲ့ခြေထောက်တစ်ဖက်ထူးထူးဆန်းဆန်းနာမကျန်းဖြစ်ပြီးတော့အဲ့ဒါက(၆)လတောင်ကြာခဲ့ပါတယ်။ကျွန်တော်တို့သိတဲ့ဟိန္ဒူဘုရားအားလုံးထံယဇ်ပူဇော်ပြီးဆုတောင်းခဲ့ပေမဲ့ အဲ့ဒီအရာတွေကနေအကူအညီမရခဲ့ပါဘူး။ယဇ်ပူဇော်မှုအတွက်ပေးရတာက ကျွန်တော်တို့ပိုင်တဲ့မြေအချို့ရောင်းရတဲ့ထိအောင်ကျွန်တော်တို့အတွက်စျေးကြီးခဲ့ပါတယ်။ဟိန္ဒူရဲ့အဓိကပွဲတော်မတိုင်ခင်ညနေ၆နာရီလောက်မှာအိမ်မှာမိသားစုနှင့်အတူထိုင်ရင်းကျွန်တော်နောက်ဆုံးသေဆုံးသွားခဲ့ပါတယ်။ထုံးတမ်းအစဥ်လာကြောင့်မိသားစုဆွေမျိုးတစ်စုလုံး ကျွန်တော်ရဲ့အိမ်ကို ရောက်လာခဲ့ကြပါတယ်။ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ရဲ့တူကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက်ကျွန်တော်သေဆုံးခဲ့တာကိုမိသားစုဆီအတည်ပြုခဲ့ပါတယ်။ဟိန္ဒူဘာသာဝင်များအတွက်လူတစ်ဦးသေဆုံးကြောင်းကြေညာပြီးသည့်နောက်အသုဘအခမ်းအနားကျင်းပတာကပုံမှန်ဖြစ်ပါတယ်။ တခါတလေမှာ တစ်နာရီကြာပြီးနောက်အလောင်းကိုမီးသဂြိုလ်တတ်ကြပါသည်။ဒါပေမဲ့ ပွဲတော်ကြောင့် နောက်နေ့မတိုင်ခင်အထိ ကျွန်တော့်မိသားစုဟာ ဒီကိစ္စကို အပြီးမသတ်နိုင်ခဲ့ပါဘူး။”
ဒီလာ(ခ်)ကသူ့ရဲ့အကြောင်းကိုအလွန်တိကျသေချာစွာပြောပြပါတယ်။သူကအသေးစိတ်အချက်အလက်တွေကိုရယူဖို့သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို မေးမြန်းခဲ့ပါတယ်။သူ့ရဲ့ရုပ်ကလာဘ်နဲ့ သဂြိုလ်ချိန်မှာ ဝတ်ပေးရမဲ့ အဝတ်ဖြူတွေကို မီးရှို့မဲ့နေရာဆီ နောက်နေ့မှာယူလာဖို့ ချိန်းဆိုထားကြတယ်။ ဒီလာ(ခ်)၏တူဖြစ်တဲ့ ဒေါက်တာ ဒန်နီရမ်က သေဆုံးသူ ဦးလေးအား မီးသဂြိုလ်ခြင်းမပြုခင် တစ်ကြိမ် ထပ်တွေ့ချင်တာကြောင့်အလုပ်မသွားခင်နံနက်၆နာရီမှာတွင်သူတို့ရဲ့အိမ်ကိုဝင်လာခဲ့ပါတယ်။သူ့ရဲ့ဦးလေးကိုကြည့်နေစဥ်မှာ တစ်ခုခုဖြစ်နေသလိုထူခြားတဲ့ခံစားချက်တခု သူခံစားလာခဲ့ပါတယ်။ဝိညာဉ်ဟာ ရုပ်ကလာဘ်ထဲ ပြန်ရောက်လာကြောင်း သူတနည်းနည်းနဲ့ သဘောပေါက်လာခဲ့တယ်။အဲ့ဒီအချိန်မှာ ဆရာဝန်နှင့် ဒီလာ(ခ်)ရဲ့မိသားစုက သူ့ရဲ့ခန္ဓာကိုယ်ဟာ အေးခဲနေပြီးသွား များမဲနေပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။သူတို့က အဝတ်တွေကိုရေနွေးထဲနှစ်ပြီး သူ့ခန္ဓာပူနွေးလာဖို့ ပတ်ပတ်လည်မှာထားခဲ့ကြတယ်။ဖြည်းဖြည်းချင်းခန္ဓာကိုယ်ဟာ ပြန်ပြီးအသက်ဝင်လာပါတယ်။
အဲ့အဖြစ်ပျက်ကြောင့်မိသားစုကထိတ်လန့်သွားကာ ပျော်ရွှင်မှုတွေပြည့် လာခဲ့ကြပါတယ်။မနက်၉နာရီ၁၀နာရီအထိဒီလာ(ခ်)ကိုယ်တိုင်ကသူပြန်ပြီးအသက်ရှင်လာတာကိုသတိမရသေးပါဘူး။ဒါပေမဲ့သူခန္ဓာကိုယ်ထဲကထွက်သွားတုန်းက တွေ့ကြုံခဲ့ရတာကို ကောင်းကောင်းမှတ်မိနေပါတယ်။“ညနေခြောက်နာရီလောက်မှာ ကျွန်တော့်ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့အခါမှာ ကျွန်တော်တောင်တက်သလို ခံစားရပါတယ်။ ဒါပေမဲ့ဒါကကမ္ဘာပေါ်မှာရှိတဲ့သာမန်တောင်တော့မဟုတ်ပါဘူး။မသေခင်မှာဝတ်ထားတဲ့ကျောင်းဝတ်စုံကိုပဲဝတ်ထားတာကို ကျွန်တော်မှတ်မိတယ်။ ပြီးတော့ကျွန်တော်အလွန်မတ်စောက်ပြီးကွေးကောက်နေတဲ့လမ်းတစ်လျှောက်ကိုတက်နေခဲ့တယ်။ကျွန်တော်လမ်းတစ်လျှောက်လုံးမှာဒုက္ခိတများစွာကိုတွေ့ခဲ့ပါတယ်။ ခြေထောက်မရှိသူတွေ အခြားခြေလက်အင်္ဂါမရှိတဲ့သူတွေမှအများကြီးပဲ။ ဒါပေမဲ့ကျွန်တော့်ကိုသူတို့တွေကမမြင်ကြပါဘူး။ကျွန်တော်လမ်းလျှောက်နေတာကိုတစ်ယောက်မှသတိမထားမိပါဘူး။ကျွန်တော်လမ်းဆက်လျှောက်ခဲ့ပြီးတော့နောက်ဆုံးတောင်ထိပ်ကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာ ကျွန်တော်မြင်ဖူးသမျှနဲ့ မယဥ်နိုင်တဲ့ ကျယ်ပြန့်ပြီးအဆုံးမရှိတဲ့ပင်လယ်ကိုတွေ့ခဲ့ပါတယ်။ပင်လယ်ပေါ်မှာလမ်းလျှောက်နေရင်း မြင်းဖြူနဲ့တူတဲ့သတ္တဝါတစ်ကောင်ရေထဲမှာဆော့နေတာကိုကျွန်တော်တွေ့ခဲ့ပါတယ်။ဒီသတ္တဝါကကျွန်တော့်ကိုမြင်ပြီးအနီးကိုလာသောကြောင့်ကျွန်တော်ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ အဲ့ဒီအရာကမြင်းတစ်ကောင်ဖြစ်နေခဲ့ပါတယ်။“မြင်းပေါ် တက်ပြီးစီးပါ”ဆိုတဲ့ အသံတစ်သံကိုကျွန်တော်ကြားခဲ့ပါတယ်။
မြင်ကွင်းကြောင့်ကျွန်တော်ကြောက်ရွံ့နေပေမဲ့ ကျွန်တော်မြင်းပေါ်ကိုတက်ခဲ့ပါတယ်။အဲ့ဒီမြင်းဟာအလွန်ပျော်ရွှင်သကဲ့သို့ပင်လယ်ပြင်ပေါ်မှာအရှိန်ပြင်းပြင်းပြေးနေခဲ့ပါ သည်။ရုတ်တရက် ပင်လယ်ဟာမြစ်အဖြစ်ပြောင်းလဲသွားပြီးတော့ အဲ့ဒီမြစ်က ကျွန်တော်တို့အိမ်ဆီသို့ တိုက်ရိုက်ဦးတည်နေခဲ့ပါတယ်။ကျွန်တော်တို့အိမ်နဲ့ ၁၅မိနစ်လောက်ကြာအကွာမှာ မြင်းကရပ်လိုက်ပါတယ်။မြင်းပေါ်ကနေဆင်းဖို့ တူညီတဲ့အသံကကျွန်တော့်ကိုပြောတာကိုကြားခဲ့ရပါတယ်။ကျွန်တော်မြင်းပေါ်ကနေဆင်းပြီးကျွန်တော်ရဲ့ညာခြေထောက်ကိုမြေကြီးပေါ်ချခဲ့ပါတယ်။အဲ့ဒီအချိန်မှာနို့လိုမျိုးဖြူစင်တဲ့အရာတွေကျွန်တော်ရဲ့ခြေဖဝါးကနေထွက်လာတယ်။အဲ့ဒါကကျွန်တော့်အိမ်ကိုလမ်းလျှောက်လာရင်း၁၀မိနစ်လောက်ကြာခဲ့ပါတယ်။ကျွန်တော်အိမ်မရောက်ခင်၅မိနစ်အကြာမှာခြေထောက်ကနေဆင်းနေတဲ့အရာတွေရပ်သွားခဲ့ပါတယ်။အဲ့ဒီအရာကကျွန်တော်နောက်နေ့မနိုးခင် နောက်ဆုံးမှတ်မိတဲ့အရာဖြစ်ပါတယ်။ဒီထူးခြားတဲ့အရာတွေက မိသားစုဝင်တစ်ခုလုံးဟိန္ဒူဖြစ်နေချိန်မှာဖြစ်ပျက်ခဲ့တာပါ။ဒါပေမဲ့ခြေထောက်ကတော့မကောင်းသေးပါဘူး။”သူသတိပြန်ရပြီးနောက်သူခြေထောက်ဖောရောင်နေတာကိုသတိထားမိခဲ့ပါသည်။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်သူ့အားဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ကြီးကြီးမားမားကုသမှုခံယူပြီး အဆုံးတွင်သူကျန်းမာလာခဲ့သည်။ သေဆုံးပြီးနောက်ဘဝကိုကြုံတွေ့လိုက်ရခြင်းက ဒီလာ(ခ်)အား ဤဘဝအလွန်တွင် ဝိညာဥ်နှင့်ဆိုင်သောဘဝရှိခြင်းကိုအတော်သေချာသွားစေခဲ့သည်။တစ်ချိန်ကသူသိခဲ့သောဟိန္ဒူဘုရားများထဲကတစ်ဆူမှမဟုတ်ပဲစစ်မှန်သောဘုရားသခင်ရှိကြောင်းကိုလည်း သူသေချာစွာသိသွားခဲ့ပါသည်။ထို့ကြောင့်ဒီလာ(ခ်)ကထိုစစ်မှန်သောဘုရားသခင်ကို စတင်ရှာဖွေခဲ့ပါသည်။သူက မတူညီသောဘာသာတရားများကိုသူစတင်လေ့လာခဲ့သည်။ ရှေးဦးစွာဟိန္ဒူကျမ်းဂန်များကိုနှစ်အတော်ကြာရှာဖွေခဲ့ပေမဲ့လည်းသူရှာဖွေချင်နေတဲ့ဘုရားသခင်ကိုမတွေ့ခဲ့သလို သူစိတ်နှလုံးငြိမ်သက်ခြင်းကိုမရခဲ့ပါဘူး။
ထို့နောက် သူသည် ကုရ်အာန်ကို စတင်လေ့လာခဲ့ပြီး မူကွဲများစွာကို ဖတ်ရှုခဲ့ပါသည်။ ထိုကျမ်းဂန်များအနက်မှ “မေရှိယမရောက်မီမည်သည့်အရာမှပြီးပြည့်စုံလိမ့်မည်မဟုတ်” ဟူသောစာကြောင်းကိုသူတွေ့ရှိခဲ့ပါသည်။ဒါပေမဲ့ကုရ်အာန်အားဖြင့်သူမကျေနပ်သေးပါ။ ဒါပေမဲ့အထဲမှာဖော်ပြထားတဲ့အဲ့ဒီစကားလုံးတွေကသူ့စိတ်ထဲမှာစွဲနေခဲ့ပါတယ်။ယခုမှာတော့ဒီလာ(ခ်)သည်အခြားနီပေါနိုင်ငံသားများစွာကဲ့သို့ရွှေ့ပြောင်းအလုပ်သမားအဖြစ်လုပ်ကိုင်ရန် ကာတာမြို့သို့ သွားခဲ့ပါသည်။
အဲ့ဒီမှာသူကို ဧဝံဂလိတရားဝေမျှနေတဲ့ခရစ်ယာန် တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီလာ(ခ်)က ဒီလူနဲ့သူ့ရဲ့ဘာသာရေးအတွေးအမြင်တွေကို မျှဝေခဲ့ပြီး သူတို့ နှစ်ယောက်မကြာခဏစကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။နောက်ဆုံးမှာ ထိုခရစ်ယာန်က ယေရှုသည်မင်းရှာဖွေနေတဲ့မေရှိယဖြစ်ကြောင်းဒီလာ(ခ်)အားပြောပြခဲ့ပါသည်။ဒီလာ(ခ်)သည်ကျမ်းစာအုပ်ကိုကိုင်ပြီးတော့“ကျွန်တော်ဒီစာအုပ်ကိုဖတ်တဲ့အခါတခြားဘာသာရေး ကျမ်းတွေမှာ မေရှိယအကြောင်းနဲ့ ကယ်တင်ခြင်းအကြောင်း ဖတ်ဖူးသမျှဟာ ယေရှုခရစ်အကြောင်းပါပဲ”ဆိုပြီးနားလည်ခဲ့ကြောင်းပြောပါတယ်။။ကျွန်တော်ဘုရားသခင်ကိုလက်ခံခဲ့ပြီး၂၀၁၁ခုနှစ်နိုဝင်ဘာလ(၁၁)ရက်နေ့တွင်ကာတာမြို့မှာရေနှစ်ခြင်းခံခဲ့ပါတယ်။နှစ်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်ပိုင်းတွင် ကျွန်တော်ရှာဖွေနေတဲ့အရာကို နောက်ဆုံးမှာတော့တွေ့ခဲ့ပါတယ်။