Heading 1
မွတ်စလင်များ ယေရှုနှင့် ဆုံတွေ့ခြင်း
ကျွန်တော်တို့ရဲ့အစည်းဝေးတစ်ခုမှာကျွန်တော်တို့အနာရောဂါငြိမ်းခြင်းအတွက် အထူးဆုတောင်းခြင်း အချိန်ရှိခဲ့ပါတယ်။ ဖျားနာသူအားလုံးကို ဆုတောင်းခံရန် အခွင့်အရေးပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆုတောင်းနေစဉ်မှာ အမျိုးသမီးတစ်ဦးဟာ မတ်တတ်ထရပ်ပြီး သူမသက်သေခံနေတုန်းမှာပဲ မွတ်စလင်အမျိုးသမီးတစ်ဦးလျှောက်လာခဲ့တယ်။သူမဟာအပြင်မှာရပ်ပြီးတော့ နားထောင်ခဲ့တယ်။ခဏအကြာမှာတော့သူမစူးစမ်းချင်စိတ်ပြင်းပြလာပြီး ကျွန်တော်တို့စုဝေးတဲ့ စတိုးဆိုင်ထဲ ဝင်လာခဲ့ပါတယ်။ခဏအကြာတွင် သူမက “ကျွန်မအတွက်ရောဆုတောင်းပေးနိုင်မလား။ကျွန်မလည်းနေမကောင်းဖြစ်နေပြီး နေပြန်ကောင်းချင်တယ်"ဆိုပြီးပြောခဲ့ပါတယ်။လူတိုင်းကလန့်သွားခဲ့တယ်။ ဘာလို့လဲဆိုရင်ခရစ်ယာန်တွေဆီမှာဆုတောင်းပေးဖို့တောင်းဆိုတဲ့မွတ်စလင်တစ်ဦးကိုပထမဆုံးအကြိမ်ကြုံဖူးတာဖြစ်လို့ပါပဲ။သူတို့သည်အလွန်စိတ်လှုပ်ရှားခဲ့ကြပြီးသူမအတွက်ဝမ်းမြောက်ဝမ်းသာဆုတောင်းပေးခဲ့ကြတယ်။တရုတ်နိုင်ငံမှာရှိတဲ့ မွတ်စလင်များက သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကို ပြောဆိုကြပြီး တရုတ်စကားကို ကောင်းကောင်းမတတ်ကြလို့ သူတို့သည်ဖြည်းညှင်းစွာ ဆုတောင်းပေးခဲ့ရပါတယ်။
သူမအတွက် ဆုတောင်းနေကြတုန်းမှာပဲ ညီအစ်ကိုတစ်ယောက်က “ယေရှုကိုယုံချင်ပါသလား”လို့မေးတဲ့အခါသူမကခေါင်းညိတ်ပြီးသခင်ယေရှုအားသူမအသက်ကိုပေးခဲ့ပါတယ်။အဲ့အချိန်ကစပြီးသူမနေပိုကောင်းလာပါတယ်။ သူမအိမ်ပြန်ရောက်တဲ့အခါ သူမခင်ပွန်းက အံ့သြသွားခဲ့တယ်။ သူတို့ဟာ အလွန်ဆင်းရဲတဲ့မိသားစုဖြစ်ပြီးတော့ သူတို့ရဲ့ပိုက်ဆံတွေကို ဆရာဝန်ပြဖို့၊ ဆေးဝယ်ဖို့အကုန်သုံးခဲ့ကြတာဖြစ်တယ်။အဲ့အမျိုးသမီးအသက်ရှင်ဖို့လအနည်းငယ်ပဲကျန်တော့တယ်လို့ဆရာဝန်ကသူတို့ကိုပြောထားခဲ့တာဖြစ်တယ်။သူတို့ပိုက်ဆံပြတ်လပ်သွားပြီး လုံးဝအကူညီမဲ့နေခဲ့ကြတာဖြစ်တယ်။ဒီအရာကြောင့် သူတို့ဟာ မျှော်လင့်ချက်တစ်ဖန် ပြန်ရှိလာတယ်။
မိသားစုတစ်ခုလုံးက အဲ့ဒီအိမ်အသင်းတော်ရဲ့ ဝတ်ပြုခြင်းတွေမှာ စတင်ပါဝင်လာကြပြီးအချိန်တိုလေးတွင်းမှာသူတို့အားလုံးရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ကြတယ်။ဘုရားကျောင်းကလူတွေလည်းသူတို့အိမ်ကိုမကြာခဏလာလည်ကြပါတယ်။တစ်ဖက်မှာတော့အဲ့ဒီဒေသမှာရှိတဲ့မွတ်စလင်ခေါင်းဆောင်တွေကသိပ်စိတ်မလှုပ်ရှားကြပါဘူး။သူတို့မွတ်စလင်အုပ်စုတစ်စုကလက်ထဲမှာလက်နက်တွေကိုင်ဆောင်ထားပြီး ထိုမိသားစုနေအိမ်ကို ဝိုင်းရံခဲ့ကြတယ်။ “မင်းတို့ဒီခရစ်ယာန်ဘာသာကိုငြင်းပယ်ပြီး မင်းတို့ဟာမွတ်စလင်ကောင်းတွေဖြစ်ကြောင်းဝန်ခံရင် မင်းတို့ကိုအသက်ရှင်ခွင့်ပေးမယ်။ မဟုတ်ရင် သတ်ပစ်မယ်” ဆိုပြီး မိသားစုကိုအော်ပြောခဲ့ကြတယ်။
အိမ်ထဲမှာရှိတဲ့လူကို လွယ်လွယ်နဲ့ ခြိမ်းခြောက်လို့မရခဲ့ပါဘူး။“ကျွန်တော်တို့ စားပွဲပေါ်မှာ စားစရာမရှိလောက်အောင် ဆင်းရဲတုန်းက ကျွန်တော်တို့ကို ကူညီဖို့ခင်ဗျားတို့ထဲကဘယ်သူလာဖူးသလဲ။ကျွန်တော့်မိန်းမအသက်ရှင်ဖို့လအနည်းငယ်ပဲကျန်ပြီး ဆေးကုသဖို့ကျွန်တော်တို့ မတတ်နိုင်တော့တဲ့အချိန်မှာ ဒီကို ဘယ်သူလာဖူးလဲ” ဆိုပြီး သူပြန်အော်ခဲ့ပါတယ်။ “ခရစ်ယာန်တွေကပဲ ကျွန်တော်တို့ကိုကူညီဖို့လာခဲ့တယ်။သူတို့ကပဲဂရုဏာတရားကိုပြတဲ့သူတွေ ဖြစ်တယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ရဲ့အိမ်နီးချင်းတွေဖြစ်ကြပေမဲ့ ကျွန်တော်တို့ကိုတစ်ယောက်မှဂရုမစိုက်ကြဘူး။မွတ်စလင်ကောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ဗလီကိုသွားခဲ့ပေမဲ့ ကျွန်တော်ဘာအကူညီမရခဲ့ဘူး။ ကျွန်တော်တို့မိသားစုလိုအပ်တဲ့အခါမှာယေရှုကပဲကျွန်တော်တို့မိသားစုကို ကူညီခဲ့တယ်။ယေရှုကပဲ ကျွန်တော့်ဇနီးသည် သေဆုံးခါနီးအချိန်မှာ ကုသပေးခဲ့တယ်။” လို့သူက ပြန်အော်ပြောခဲ့တယ်။
မွတ်စလင်တွေကိုဒီလိုမျိုးတစ်ခါမှဘယ်သူကမှမပြောခဲ့ကြပါဘူး။ သူတို့ဆီ ကြောက်ရွံ့မှုတွေဝင်လာပြီး မိသားစုတွေကိုနာကျင်အောင်လုပ်ဖို့ သူတို့ကြွက်သားတစ်ခုမျှ မလှုပ်ရှားခဲ့ပါဘူး။တစ်ယောက်ပြီးတစ်ယောက် သူတို့ထွက်သွားတယ်။ သူတို့မှာ
ရွေးချယ်စရာမရှိခဲ့ပါဘူး။ယနေ့ မှာတော့ ဒီမိသားစုဟာ အဲ့ဒီမွတ်စလင်မြို့လယ်ရှိ အိမ်အသင်းတော်ရဲ့ အိမ်ရှင်တွေဖြစ်လာပါတယ်။