
မေတ္တာနိုင်ငံတော်
ချစ်ခြင်းမေတ္တာ
လူသားများသည် ချစ်ခြင်းမေတ္တာအတွက် ဖန်ဆင်းခံရခြင်းဖြစ်သည်။ မှန်ကန်စစ်မှန်သော ချစ်ခြင်းမေတ္တာ ဟူသည်မှာ မိခင်နှင့်ဖခင်တို့မှ သူတို့၏ မွေးကင်းစ ကလေးငယ်
အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။ ဥပမာ- ဖက်လဲတကင်းချစ်ခြင်း၊ နှုတ်ဖြင့်ဖော်ပြသော ချစ်ခြင်း၊ သင်ဟာအချစ်ခံရသူ
ဖြစ်ကြောင်း မျက်လုံးဖြင့်ဖော်ပြတတ်သော မျက်နှာထားတို့ကို ဆိုလိုသည်။
ချစ်ခြင်းမေတ္တာပေးကမ်းရန်နှင့် လက်ခံရန်သည် ကျွန်ုပ်တို့ဖန်ဆင်းခံရချိန်တွင် ရရှိထားသော စွမ်းရည်များထဲမှ အကောင်းဆုံးစွမ်းရည်ဖြစ်သည်။
သို့သော်ငြားလည်း အဘယ့်ကြောင့် ကမ္ဘာပေါ်တွင် ချစ်ခြင်းမေတ္တာ ကင်းမဲ့နေရပါသနည်း။ ကလေးငယ်များစွာသည် အချစ်ခံရန်မထိုက်တန်၊ တန်ဖိုးမရှိဟူသော
ခံစားချက်ဖြင့် အဘယ်ကြောင့် ကြီးပြင်းလာကြရပါသနည်း။ လမ်းပေါ်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း၊ ထို့အပြင် များစွာသော
အိမ်ထောင်မိသားစုများတွင်လည်းကောင်း မေတ္တာကင်းမဲ့သော နှလုံးသားများ၊ မျက်နှာများနှင့် အဘယ်ကြောင့် ပြည့်နေရပါသနည်း။
သင်ရော? သင့်နေ့စဥ်အသက်တာတွင် စစ်မှန်သော အချစ်ကို ရပြီလား။ သင့်ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တစ်လျှောက်တွင် သင့်မိဘများမှ
သင့်ကိုပွေ့ဖက်ပြီး ချစ်ခြင်းမေတ္တာပြသခြင်း၊ ပြောပြခြင်းကို ခံစားခဲ့ဖူးပါသလား။ ထိုကဲ့သို့ မခံစားခဲ့ဖူးကြသော လူများစွာရှိသည်မှာမူ စိတ်မကောင်းစရာဖြစ်လေသည်။
ကျွန်ုပ်တို့ပိုင်ဆိုင်သော နှလုံးသားများ၌ ချစ်ခြင်းမေတ္တာနည်းပါးနေလျှင် အခြားသူများအား ချစ်နိုင်ဖို့ရန် ခက်ခဲပါလိမ့်မည်။
