top of page

ကူမာ

ကူမာ

ဒီညကူမာသေတော့မယ်ဆိုတာသေချာပါသည်။သူသည်အချိန်တော်တော်ကြာကြာချောင်းဆိုးနေခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ကထပ်မခံနိုင်တော့ကြောင်းခံစားနေရပါသည်။ ရုတ်တရက် သူ့ရဲ့စိတ်ထဲအတွေးတစ်ခုဝင်လာပါသည်။ဤနီပေါကွန်မြူနစ်ခေါင်းဆောင်သည် အစောပိုင်းရက်သတ္တပတ်အနည်းငယ်က နာမကျန်းသူများကိုကုသပေးနိုင်သည့် ယေရှုဟုခေါ်သော လူတစ်ဦးအကြောင်း လူငယ်နှစ်ဦးပြောသည်ကို ကြားလိုက်ရသည်။ ဒီအရာကအမှန်တကယ်ဆိုရင်ရော။ သူ့ရဲ့နာကျင်မှုထဲမှာ ဆုံးရှုံးစရာ ဘာမှမရှိဘူးလို့ ကောက်ချက်ချလိုက်သည်။“ယေရှု၊ ကိုယ်တော်သည် အမှန်တကယ်ဖြစ်ပြီး ယခုပင် ကျွန်တော်ကို ကူညီရန် လာပါက၊ ကျွန်တော်ရဲ့ဘဝကို သင့်အားတစ်သက်လုံး ပေးပါမယ်” ဟု သူသည်ပြောခဲ့သည်။ ကူမာ အပြင်းဖျားနာခဲ့တာ၂၀၀၇ ခုနှစ် ဆောင်းဦးရာသီတွင် ဖြစ်ပါသည်။သူလှုပ်ရှားလိုက်တဲ့အချိန်တိုင်း ချောင်းဆိုးသွေးပါခဲ့သည်။

ကူမာသည် သူ၏ခရိုင်တွင်ကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်ပြီး အလွန်လေးစားခံရသူဖြစ်သော်လည်း ယခုမူကား ဘုရားမဲ့ဝါဒီသမားတစ်ယောက်သည် ဘဝ၌ သူ၏ယုံကြည်ခြင်း ဆုံးရှုံးတော့မည်ဖြစ်သည်။ သူသည် ပိုပိုဆိုးရွားလာခဲ့ပြီး အဆုံးမှာတော့ သူဘာမှမလုပ်နိုင်ခဲ့တော့ပါဘူး။ သူသည် လုံးဝအားကိုးရာမဲ့နေခဲ့ပါသည်။တစ်ညတွင် သူသည် အိမ်သာသွားရန် အိပ်ခန်းမှ လှေကားထစ်ကို ဆင်းလိုက်ရာ သူ့ခန္ဓာကိုယ်က ခံနိုင်စွမ်းမရှိတော့သလို ခံစားရသည်။ခြေဖဝါးအောက်က ကွန်ကရစ်အေးစက်မှုကြောင့် တဖန်ချောင်းဆိုးပြန်သည်။ ဘယ်လောက်တောင်နာကျင်လဲဆိုတာကို သူသိပါသည်။သူသည်ထိန်းဖို့ကြိုးစားပေမဲ့ သူ့နောက်က တံခါးကိုပိတ်ပြီးတာနဲ့ ချောင်းဆိုးသံက ဆက်ထွက်နေပါသည်။သူသည် မူးလဲပြီးပြုတ်မကျစေရန် နံရံကိုကိုင်ပြီး ထိန်းထားပါသည်။သူသည် သူ့ကိုယ်သူ “အခုတော့ငါသေတော့မယ်လို့” တွေးနေမိသည်။

ထိုအချိန်တွင် လူငယ်နှစ်ဦးထံမှ စကားများသည် ကူမာ၏ အတွေးထဲတွင် ပေါ်လာသည်။၂၀၀၀ ခုနှစ် ခရီးတစ်ခုတွင် သူတို့သည် ဖျားနာသူများကို ကုသပေးနိုင်သည့် ယေရှုဟုခေါ်သော လူတစ်ဦးအကြောင်း စိတ်လှုပ်ရှားစွာ ပြောဆိုသည်ကို တစ်စုံတစ်ဦးမှ ကြားခဲ့ရကြောင်း သူတို့ကသူ့အား ပြောပြခဲ့သည်။ထိုလူနှစ်ဦးသည် ယုံကြည်သူဖြစ်လာပြီး လူပေါင်း ၂၀,၀၀၀ ခန့်ရှိသော ဤမြို့တစ်မြို့လုံးတွင် သူတို့နှစ်ဦးသာ ခရစ်ယာန်ဘာသာဝင်ဖြစ်လာခဲ့သည်။ကူမာက "ကျွန်တော့်မှာ ဆုံးရှုံးစရာဘာမှမရှိဘူး၊ ကျွန်တော်အကူအညီမရရင် ဘယ်လိုဖြစ်ဖြစ်ကျွန်တော်သေလိမ့်မယ်" ဟု သူကိုယ်တိုင်တွေးသည်။ ဒါကြောင့် သူသည် “ယေရှု၊ ကိုယ်တော်သည် အစစ်အမှန်ဖြစ်ပြီး၊ ကျွန်တော်ကို ကုသနိုင်လျှင် ကျွန်တော့်ဘဝကို သင့်အား ပေးအပ်ပါမည်။” ဟု သူ့ရဲ့ပါးစပ်ကိုဖွင့်ပြီးတော့အော်ငိုခဲ့သည်။ကူမာသည် ချောင်းဆိုးခြင်းနှင့် သွေးဆုံးရှုံးခြင်းကြောင့် မောပန်းနွမ်းနယ်နေသော သူ့ကိုယ်သူ ကြိုးစားပြီးအိပ်ရာပေါ်သို့ ပြန်တက်နိုင်ခဲ့သည်။ သူသည် အိပ်ပျော်ပြီး ပြန်ထလာသောအခါတွင် နေ့အတော်ကျော်နေပြီဖြစ်သည်။ သူသည် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် အနားယူခြင်းကို ခံစားရသည်။ ပုံမှန်အားဖြင့် သူသည် ချောင်းဆိုးခြင်းကြောင့် သို့မဟုတ် အော့အန်လိုသောကြောင့် မကြာခဏနိုးလာတတ်ပါသည်။ ဒီနေ့တော့ လုံးဝမတူသလိုခံစားရသည်။ ချောင်းဆိုးခြင်းဟာရပ်တန့်သွားပြီးတော့ သူ့ရဲ့နာကျင်မှုကလည်း ပျောက်ကင်းသွားပါသည်။တစ်စုံတစ်ခုတော့ ဖြစ်သွားပါသည်။ကူမာသည် ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးရန် ကြိုးစားသော်လည်း ထိုနေရာတွင် သွေးလိုမျိုးတွေမတွေ့ရပါဘူး။."ထူးဆန်းတယ်"လို့ သူတွေးသည်။

သူသည်ချောင်းဆိုးခြင်း၊ အော့အန်ခြင်းမရှိပဲ တစ်နေ့တာလုံးကုန်ဆုံးသွားပြီးတော့ ကူမာ သည် အစားစားချင်စိတ်ပြန်ပေါ်လာတာကိုခံစားလာသည်။ ရက်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ခန္ဓာကိုယ်က ပိုပြီးသန်မာလာပါသည်။သူသည်ယေရှုကိုအော်ဟစ်ခဲ့တဲ့ မျှော်လင့်ချက်မဲ့နေတဲ့ညကိုပြန်တွေးခဲ့ပြီးတော့ ဘုရားသခင်အကြောင်းပြောပြခဲ့တဲ့ လူငယ်နှစ်ယောက်ကို ခေါ်ခဲ့ပါသည်။သူတို့သည် အရင်က ဘုရားမဲ့ဝါဒီသမားဟောင်းနဲ့ အချိန်အတော်ကြာအောင် လာရောက် စကားပြောခဲ့ပြီး နောက်ဆုံးတွင် သူတို့သည် သူ့ကို အပြစ်သား၏ ကယ်တင်ခြင်းအတွက် ဆုတောင်းဉီးဆောင်ခဲ့ကြသည်။ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် နီပေါရှိ AsiaLinks လုပ်ဖော်ကိုင်ဖက် Daniel သည် ကူမာ၏နေရာကို ရောက်လာသည်။ Daniel သည် ဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုကြားပြီး အလည်လာခဲ့ခြင်းဖြစ်ပါသည်။ ကူမာသည် နှစ်ခြင်းခံယူခြင်းလည်းမရှိသေူ၊ အသင်းဝင်လည်းမဟုတ်ပေမဲ့ ကူမာကိုကျမ်းစာကျောင်းသို့ခေါ်သင့်တယ်လို့ ပါစတာ Daniel ကခံစားရပါသည်။ကူမာသည် ကမ်းလှမ်းချက်ကိုလက်ခံပြီးတော့ ကျမ်းစာကျောင်းသို့ ရောက်ရှိလာသည်။ ဒါဟာ သူ့အတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်သည်။

ခရစ်ယာန် ထုံးတမ်းစဉ်လာများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်ဆံရာတွ င် သူ၏ယုံကြည်ခြင်းအသစ်ဖြင့် ရုန်းကန်နေရသည်။ ကာလတစ်ခုလုံးသည် ကွန်မြူနစ်ခေါင်းဆောင်အတွက် စိန်ခေါ်မှုများနှင့် ပြည့်နေပါသည်။တစ်နေ့မှာတော့ ကြည်လင်သော ကောင်းကင်မှလျှပ်စစ်လျှပ်ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် ကြွလာ၍ ကူမာကို ပြည့်စေသည်။သူသည် ဘုရားသခင် မျက်မှောက်တော်၏ တန်ခိုးအောက်၌ ကြမ်းပြင်ပေါ်တွင် လဲကျသွားပြီး ကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး ရှိနေခဲ့သည်။ဘုရားသခင်သည် သူ၏အသက်တာတွင် ကြီးမားသောပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နေသည်။ အချိန်အတော်ကြာပြီးနောက်၊ သူသည် သူ့ခြေထောက်ပေါ်ရပ်လိုက်ပြီး သူသည် ဖန်ဆင်းမှုအသစ်ကဲ့သို့ဖြစ်လာသည်။ ကူမာသည် ကျမ်းစာကျောင်းတက်ပြီးတော့ အိမ်သို့ပြန်ခဲ့ပါသည်။သခင်ယေရှုထံ ပို့ဆောင်သော ထိုလူနှစ်ယောက်နှင့်အတူ ဘုရားကျောင်းကို ချက်ချင်း ဆောက်ခဲ့သည်။ကျွန်တော်တို့ သူ့ရဲ့ဘုရားကျောင်းကို သွားလည်တဲ့အခါ အတွင်းမှာလူများပြည့်နေပြီး ပြတင်းပေါက်အပြင်ဘက် နှင့် တံခါးအပြင်ဘက်မှာ ပိုလို့တောင် များနေပါသေးသည်။အစည်းအဝေးတိုင်းတွင် လူများသည် ကယ်တင်ခြင်းရရှိကြပြီး ကျွန်တော်တို့သည် ကျွန်တော်တို့ကို အမှန်တကယ်ထိမိစေသည့် ငတ်မွတ်မှုနှင့် ဆုတောင်းမှုအတိုင်းအတာကို တွေ့ကြုံခံစားရပါသည်။ ဤတောင်တန်းနိုင်ငံနီပေါ၌ ဘုရားသခင်လုပ်ဆောင်နေသည်ကို မြင်တွေ့ရခြင်းသည် အစွမ်းထက်သောအတွေ့အကြုံတစ်ခုဖြစ်ပါသည်။

Hjerte til nettside.png
  • Facebook
bottom of page