
ချစ်မေတ္တာပြည့်ဝသ ောစုံတွဲ

“နှလုံးသားထဲမှာ နေရာတစ်ခုရှိရင် အိမ်မှာလည်းနေရာတစ်ခုရှိတယ်” ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါသည်။ ဤသည်မှာဖိလစ်ပိုင်နိုင်ငံ၊ အိုဇမ်မစ်မြို့ရှိ“ ဘက်စုံသုံးစင်တာ” ကိုဖော်ပြရန်ကောင်းသောနည်းလမ်းဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင်သာသနာပြုအဖွဲ့အစည်းအချို့ သည် အိုဇမ်မစ်မြို့ ၌ အိမ်တစ်လုံးဝယ်ယူခဲ့သည်။ ၎င်းမြို့သည် မင်ဒါနောင်းကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းမတွင် တည်ရှိပြီး လူပေါင်း ၁၃၀,၀၀၀ ဝန်းကျင်ခန့် နေထိုင်ကြသည်။ ထိုမြို့သည် ဖိလစ်ပိုင်တစ်နိုင်ငံလုံးတွင် အဆိုးဝါးဆုံးနှင့်ရာဇ၀ တ်မှုအများဆုံးမြို့တော်အဖြစ် သရဖူဆောင်းထားသည်။ သို့သော် အမှောင်ထုရှိသည့်နေရာတွင် အလင်းသည် ပို၍ တောက်ပနေတတ်ပါသည်။
ဘက်စုံသုံးစင်တာသည် နေ့စဉ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ ၎င်းသည် လမ်းဘေးကလေးများအတွက်အစားအစာ ရနိုင်သည့်နေရာတစ်ခုဖြစ်သည်။ နေ့ခင်းဘက်တွင် ထိုအိမ်သည် ကျောင်းမနေသေးသောကလေးငယ်များအတွက် နေ့ကလေးထိန်းကျောင်းတစ်ခုလည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကျောင်းတက်ချင်သော ကလေးများတိုင်းအတွက်လိုအပ်ချက်ဖြစ်သည့် စာဖတ်တတ် စာရေးတတ်ရန် ထိုကလေးငယ်များကို သင်ကြားပေးသည်။
ညနေပိုင်းများ၌လည်း အစီအစဉ်များနှင့် ပြည့်နေသည်။ တနင်္လာနေ့ညသည်ကလေးများအတွက် သမ္မာကျမ်းစာလေ့လာခြင်းဖြစ်ပြီး အင်္ဂါနေ့သည် အရွယ်ရောက်သူများအတွက် သမ္မာကျမ်းစာလေ့လာခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့များ၌ကလေးများသည် မိမိတို့ကိုယ်ပိုင်ဆုတောင်းဝတ်ပြုကြပြီး သောကြာနေ့များ၌ လူငယ်အစည်းအဝေးများကျင်းပကြသည်။ စနေနေ့နံနက်ခင်းတွင်၊ သမ္မာကျမ်းစာနှင့်အညီ ခေါင်းဆောင်များ မွေးထုတ်ပေးသော ကျမ်းစာကျောင်းရှိပြီး နေ့လည်ခင်းတွင် အကသမားများနှင့်အဆိုတော်များအတွက် လေ့ကျင့်မှုများပြုလုပ်ကြသည်။ တနင်္ဂနွေနေ့များတွင် တရားဒေသနာ နှစ်ပုဒ်ဖြင့် ခွန်အားယူကြရသည်။ ထို့အပြင်၊ ထိုအိမ်၌ အမြဲနေထိုင်သောကလေး ၁၀ ယောက်ရှိသည်။ ထိုကလေးများအားလုံးသည် နေစရာမရှိသည့် လမ်းဘေးကလေးများဖြစ်သည်။ အသက်ပိုကြီးသောကလေးများသည် အငယ်များကိုဂရုစိုက်ကြပြီး ၎င်းတို့အားလုံးတွင်တာဝန်အမျိုးမျိုးရှိသည်။ ဤနည်းအားဖြင့် သူတို့သည ပုံမှန်အတိုင်း အသက်ရှင်နေထိုင်ရန် သင်ယူကြရသည်။ ထိုအိမ်၏တာဝန်ခံဇနီးမောင်နှံသည် ဟယ်လင်နှင့်ဂျိုးဇက်ဖြစ်သည်။ လူတိုင်းကဂျိုးဇက်ကို ဂျိုးဂျိုး ဟုခေါ်ကြသည်။
ဂျိုးဂျိုး သည် အိုဇမ်မစ်မြို့ မှလာပြီးမောင်နှမ ၅ ယောက်အနက်အငယ်ဆုံးဖြစ်သည်။ သူ၏အစ်ကိုတစ်ဦး သည် အစိုးရ၏အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်သော ပြောက်ကျားလှုပ်ရှားမှုတွင်တက်ကြွစွာပါဝင်ခဲ့သည်။ ဒီလှုပ်ရှားမှုရဲ့ ပြသနာက ဉပဒေဟာ သူတို့လက်ထဲမှာပဲရှိပြီး အကျင့်ပျက်ခြစားမှုလို့သံသယရှိရင်တောင်မှ သံသယရှိသူတွေကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။ ဂျိုးဂျိုးအသက် ၁၃-၁၄ နှစ်အရွယ်တွင် သူ့အစ်ကိုအား ကူညီရန်ဖိတ်ကြားခံခဲ့ရပြီး သူ၏တာဝန်မှာ အိုဇမီဇ်ရှိဆိပ်ကမ်းတွင်လက်နက်များနှင့်ခဲယမ်းမီးကျောက်များလက်ခံပြီး ပြောက်ကျားများလိုချင်သည့်နေရာသို့ သယ်ယူပေးရန်ဖြစ်သည်။ ဂျိုးဂျိုးရဲ့ လုပ်ဆောင်မှုသည် အင်မတန် အသုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးတစ်ယောက်သည် ပြောက်ကျားဖြစ်မည်ဟု ရဲများက ထင်မိမှာ မဟုတ်သောပြောင့်ဖြစ်သည်။ သို့သော် သူသတိထားနေရဆဲဖြစ်သည်။ သူသည် အမှောင်ထုထဲတွင် သွားလာရပြီး အန္တရာယ်ရှိသောပစ္စည်းများကို ပို့ဆောင်ရန် လမ်းဘေးများကို အသုံးပြုခဲ့ရသည်။
ဤကဲ့သို့ကူညီခြင်းဖြင့် ကောင်းမှုတစ်ခုပြုလုပ်နေသည်ဟု ဂျိုးဂျိုးကိုယ်တိုင်ထင်ခဲ့သည်။ သို့သော် သင်းအုပ်ဆရာတစ်ဦးသည် သူဘာလုပ်နေသည်ကိုသိခဲ့ပြီး လူငယ်တစ်ယောက်နေဖြင့် သူ့ဘဝကို ထိုကဲ့သို့ဖြုန်းတီးခြင်းသည် အလွန်ဆိုးရွားသည်ဟု ထင်မြင်ခဲ့သည်။ သူ့အသင်းတော်တွင်Sunday School ဆရာလုပ်ပေးဖို့ရန် ဂျိုးဇက်ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဤအရာသည် အရေးကြီးသော တာဝန်တစ်ရပ်ဟု ဂျိုးဂျိုးခံယူပြီး သူ့အလုပ်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့သည်။ သူ့အသက် ၁၆ နှစ်တွင်ဘုရာကျောင်းသို့ပြောင်းရွှေ့၍ ကောလိပ်တက်ခဲ့ပြီး ဘုရားကျောင်းရှိ သာသနာပြုလုပ်ငန်း၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အသင်းတော်၏ လုပ်ငန်းတာဝန်များသည် အချိန်များစွာယူသောကြောင့် နောက်ဆုံးစာမေးပွဲကို သူဘယ်တော့မျှမအောင်မြင်ခဲ့ပါ။ သူ့အသက် ၂၂ နှစ်တွင် အသင်းတော်တွင် တက်ကြွစွာ ပါဝင်သောဟယ်လင်ကိုလက်ထပ်ခဲ့သည်။
ဟယ်လင်သည် အိမ်နီးချင်းကျွန်းတစ်ကျွန်းက အိုဇမ်မစ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး သူမ၏အစ်မဖိတ်ကြားမှုကြောင့် အသင်းတော်တွင် ပါဝင်ခဲ့သည်။ သူမ မိသားစုသည် အလွန်ဆင်းရဲသည်။ သူမမိခင်သည် စာမတတ်သူဖြစ်ပြီး သူမဖခင်သည် သကြားစက်ရုံတွင် အလုပ်လုပ်ခဲ့သည်။ ဤသို့ဖြစ်လင့်ကစား ဆင်းရဲမွဲတေမှုမှလွတ်မြောက်ရန်အကောင်းဆုံးနည်းလမ်းမှာ ၄င်းတို့ကလေးများအား ကျောင်းထားရန်ဖြစ်ကြောင်း သူမ၏မိဘများသိထားသဖြင့် ဟယ်လင်နှင့်သူမ၏အစ်မအား ကျောင်းထားရန်ဉီးစားပေးခဲ့သည်။ ဟယ်လင်သည် သူနာပြုတစ်ဦး ဖြစ်ချင်သော်လည်း ဈေးကြီးလွန်းသဖြင့် လူမှုရေးလုပ်သားတစ်ဦး အနေဖြင့် ပညာသင်ယူခဲ့သည်။ ပညာသင်ယူပြီးနောက် အလုပ်မရှာပဲအချိန်များစွာကုန်လွန်ခဲ့သည်။ ထို့ကြောင့်သူမအစ်မက သူမအား အိုဇမ်မစ်မြို့ သို့လာပြီး ဘုရာကျောင်းတွင်သူမ၏ အရည်အချင်းများကို အသုံးပြုရန် မေးခဲ့သည်။ ဟယ်လင်သည်ထိုသို့ပြုလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှစ၍ သူမသည် အိုဇမ်မစ်မြိုံ ရှိ အသင်းတော်၏ထောက်ပံ့ထားသော ကျောင်းကို တာဝန်ယူခဲ့ရသည်။
သူတို့၏သားသမီး၃ယောက်အပြင် ဂျိုးဂျိုးနှင့်ဟယ်လင်တို့သည် ဘက်စုံသုံးစင်တာကို လမ်းဘေးကလေးများအတွက် ဖွင့်လှစ်ထားသည်။ တကယ်တော့ သူတို့ဟာအဲဒီမှာနေတဲ့ကလေးဆယ်ယောက်အတွက် မိခင်နှင့်ဖခင်အဖြစ် ရပ်တည်ကြခြင်းဖြစ်သည်။ ယင်းတို့အထဲမှ ကလေး၃ယောက်၏ မွေးစားမိဘများအဖြစ် တရားဝင်တာဝန်ယူခဲ့ကြသည်။
ဂျိုးဂျိုးနှင့်ဟယ်လင်တို့သည် ချီးမွမ်းခံရရန် မကြိုးစားကြပါ။ သူတို့သည်တိတ်တဆိတ်လုပ်ကြပေမဲ့၊ သူတို့၏အလုပ်မှ အသီးအပွင့်များ ထွက်ပေါ်လာသည်။ အလုပ်မှာသတ်မှတ်ချိန်တွေရှိနေတဲ့ ကျွန်တော်တို့အများစုအတွက် ဂျိုးဂျိုးနှင့် ဟယ်လင်တို့ဟာ အချိန်ပြည့်လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပြီး မည်ကဲ့သို့နေထိုင်အသက်ရှင်နိုင်သည်ကို နားလည်ရန် ခဲယဉ်းသည်။ သူတို့ဆင်းရဲစွာနေထိုင်ကြပြီး အနားတွင်မည်သူတစ်ဦးတစ်ယောက်မျှမရှိခြင်း၊ စားစရာအလုံအလောက်မရှိခြင်းကို သူတို့ကိုယ်တိုင်ကောင်းစွာသိကြသည်။ မည်သူမျှဂရုစိုက်စောင့်ရှောက်ခြင်းမရှိတဲ့ ကလေးတစ်ယောက်သည် ပုံမှန်အတိုင်းကြီးပြင်းလာပြီး ကျောင်းတက်ခြင်;အားတွေ့မြင်ရသည်မှာ ပုံမှန်သက်တောင့်သက်သာရှိသော ဘဝထက် သာ၍ တန်ဖိုးရှိပါသည်။
