top of page

ဆရာဝန်က Roy ကို အိမ်ပြန်ပြီးသေဖို့ ပြင်ဆင်ခိုင်းခဲ့တယ်။

ဆရာဝန်က Roy ကို အိမ်ပြန်ပြီးသေဖို့ ပြင်ဆင်ခိုင်းခဲ့တယ်။

Roy ဟာ Borneo မြို့ ရှိ Iban အမျိုးနွယ်ဖြစ်တယ်။ သူ့အဖေဘက်က အဘိုး၊အဘွားတွေက မွတ်စလင်တွေဖြစ်ကြပေမဲ့ သူ့ရဲ့အဖေက မလေးရှားနိုင်ငံရဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ ကူချင်းမြို့ကိုပြောင်းလာတဲ့အခါ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။Roy ဟာငယ်စဉ်ကတည်းက သတ္တမနေ့အသင်းတော်ပိုင်ဆိုင်သည့် မူကြိုတန်းသို့ တက်ကာ ယေရှုအကြောင်းကို သင်ယူခဲ့ပါတယ်။Roy အသက်၁၂နှစ်အရွယ်ရောက်တော့ မိသားစုဟာ တစ်ခြားနေရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။သူဟာ မကောင်းမှုတွေလုပ်တဲ့ သူငယ်ချင်းတွေနှင့် တွဲမိခဲ့ပါတယ်။သူတို့တွေဟာ ကျောင်းတွေပျက်ကြပြီးတော့ ဆရာ၊ ဆရာမတွေနဲ့ ပဋိပက္ခဖြစ်လေ့ရှိကြပါတယ်။ အသက် ၁၅နှစ်တွင် Roy ဟာကျောင်းမှ အပြီးတိုင်ထုတ်ပယ်ခံခဲ့ရပါတယ်။သူရဲ့အဖေက သူ့ကိုကျောင်းတက်ဖို့အတင်းပြောခဲ့ခြင်းကြောင့် သူဟာကိုယ်ပိုင်ကျောင်းတက်ခဲ့ပါတယ်။ဒါပေမဲ့ အဲ့တာက သူ့ဘဝကိုပိုကောင်းမွန်အောင် မပြောင်းလဲပေးနိုင်ခဲ့ပါဘူး။အသက်၁၇နှစ် ရောက်တော့ သူဟာတကယ့်ဂိုဏ်းစတားနယ်ပယ်ထဲဝင်ခဲ့ပြီး ကူချင်းမြို့မှာရှိတဲ့ အရေးကြီး ဂိုဏ်းအဖွဲ့ဝင်အားလုံးကို သူသိခဲ့ပါတယ်။

တိုက်ခိုက်ခြင်း၊ လူမှောင်ခိုကူးခြင်း၊ ရဲအဖွဲ့များနှင့်ထိပ်တိုက်တွေ့ခြင်းတွေက Roy ရဲ့ဘဝဖြစ်ခဲ့ပါတယ်။အတော်အကြာမှာ Roy က ဒီဘဝကနေ ရုန်းထွက်ချင်တာကြောင့် ၁၉၉၂ ခုနှစ်မှာ စင်္ကာပူကို ထွက်သွားခဲ့ပါတယ်။သူ့ရဲ့ မိဘတွေကဘာမှမသိခဲ့ပါဘူး။
သူတို့နဲ့ သူ့ရဲ့ဆက်ဆံရေးက ကြွားလုံးထုတ်စရာသိပ်မရှိသလို သူတို့ရဲ့ထင်မြင်ချက်တွေကိုလည်း သူ ဂရုမစိုက်ဘဲ ဖီဆန်နေတာကြောင့် သူထွက်လာခဲ့တာဖြစ်ပါတယ်။Roy ဟာကူချင်းမြို့ကို မပြန်ခင် စင်္ကာပူမှာ နှစ်နှစ်နေခဲ့တယ်။သူက မလေးရှားစစ်တပ်တွင် ရာထူးတစ်ခုအတွက် လျှောက်ထားခဲ့ပြီး ဝင်ခွင့်ရရှိခဲ့ပါတယ်။၁၉၉၅ခုနှစ်ကစပြီး ထိုင်းနယ်စပ်အနီးရှိ မလေးရှားနိုင်ငံ အနောက်ပိုင်း Kedahမြို့ တပ်စခန်းတွင် စစ်သားတယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ စစ်စခန်းမှာ Roy က သူ့ရဲ့အားသာချက်ကဘာလဲဆိုတာသိဖို့ လက်ဝှေ့ထိုးခြင်းနှင့် တခြားလှုပ်ရှားမှုများစွာကို စလုပ်ခဲ့တယ်။သူက စိတ်အားထက်သန်ပြီး ကျွမ်းကျင်တာကြောင့် လက်ဝှေ့ချန်ပီယံပြိုင်ပွဲမှာ ထိပ်ဆုံးရောက်ခဲ့တယ်။

ယနေ့အထိ သူဟာ လူငယ်များစွာကို လက်ဝှေ့ထိုးလေ့ကျင့်ပေးနေပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကနဲ့ အခုချိန်ကြား အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပါတယ်။ “စစ်တပ်ထဲမှာ ကောင်းတဲ့အလုပ်တစ်ခု ရခဲ့ပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့နေထိုင်မှုပုံစံကိုလုံးဝ ပြောင်းလဲစေမှာမဟုတ်ဘူး။” လို့ Roy က ဆက်ပြောပါတယ်။ “ကျွန်တော် အရက်တွေအများကြီး သောက်ခဲ့တယ်။ကျွန်တော့်ရဲ့ဘဝဟာ အမှောင်ထဲမှာရှိနေပြီး ဘာကိုမှမခံစားနိုင်ပါ။ကျွန်တော့်ကို တက်ဖို့အကြိမ်ကြိမ်ဖိတ်ကြားခဲ့ပေမဲ့ ဒီလိုကိစ္စတွေအတွက် အချိန်မရှိခဲ့ပါဘူး။ကျွန်တော့်ငယ်ဘဝမှာ တနင်္ဂနွေနေ့တွေအပါ တစ်ချိန်လုံးကြားနာခဲ့ရပြီး လေ့ကျင့်သင်ကြားခံခဲ့ရတဲ့ ယေရှုအ‌ကြောင်းဟာ ပျောက်ကွယ်သွားခဲ့တယ်။”၂၀၀၆ ခုနှစ်မှာ Roy သည် သူ့ရဲ့ယခင်မွေးရပ်မြေဖြစ်တဲ့ အရှေ့မလေးရှားရှိ ကူချင်းမြို့သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။သူ့ရဲ့အကျင့်တွေကိုဆက်လုပ်နေခဲ့ပြီး သူ့ရဲ့ဘဝပုံစံက မပြောင်းလဲခဲ့ပါဘူး။ ဒါမှမဟုတ် တကယ်တမ်း ပိုဆိုးသွားအောင် ပြောင်းလဲခဲ့တယ်။

အဲ့ဒီနေရာမှာ Iban မျိုးနွယ်စုများစွာရှိတာကို သူသိပြီး ပါတီပွဲတွေလုပ်ဖို့ သူငယ်ချင်းတွေပိုရခဲ့တယ်။ သူ့ရဲ့ အရက်သောက်တဲ့ပြဿနာတွေလည်း ပိုဆိုးလာခဲ့တယ်။ ၂၀၀၇ ခုနှစ် အဆုံးပိုင်း ခရစ်စမတ်အပြီးတွင် Roy ဖျားခဲ့ပါတယ်။ အကြီးအကျယ်ဖျားခဲ့တယ်။သူ့ကိုဆေးရုံမှာစစ်ဆေးခဲ့ပြီးတော့ Roy ရဲ့နှလုံးကြံ့ခိုင်မှုက ၂၀% သာကျန်ကြောင်း ဆရာဝန်ကပြောခဲ့ပါတယ်။နှစ်လရှည်ကြာစွာ လက်ဝှေ့ထိုးခြင်းနှင့် ပြင်းထန်စွာ အရက်သောက်ခြင်းက အဖိုးအခပြန်ယူပါပြီ။သူ့ရဲ့အခြေနေဟာ မြန်မြန်ဆန်ဆန်နှင့် သိသိသာသာဆိုးလာခဲ့ပါတယ်။နှစ်ပတ်အတွင်း သူ့ရဲ့ကိုယ်အလေးချိန်ရဲ့ ၅၀% ကျော် ၊၃၁ကီလိုဂရမ်အထိ ကျသွားခဲ့တယ်။ ဆရာဝန်က သူ့ကို အသက်ဆက်ရှင်ဖို့ နည်းလမ်းမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

အချိန်တိုအတွင်းကိုယ်အလေးချိန်လျော့ကျခြင်းသည် Royရဲ့ဘဝ အဆုံးသတ်သွားပြီဆိုတာကို ပြညွှန်နေပါတယ်။ ဇနီးနှင့် ကလေးသုံးယောက်ရှိတဲ့ ဒီလူငယ်လေးဟာ အိမ်ပြန်ပြီး သေဖို့ စောင့်ဆိုင်းရန်ကလွဲလို့ ရွေးချယ်စရာမရှိတော့ပါဘူး။၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရောက်လာချိန်မှာတော့ Roy ဟာလုံးဝအကူညီမဲ့သွားခဲ့တယ်။ နွမ်းလျပြီး မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဟာ နာကျင်မှုနှင့် အဖျားများပြည့်နေခဲ့ပါတယ်။ဒီလိုနဲ့ တစ်ညမှာတော့ Roy အိမ်မက်မက်ခဲ့ပါတယ်။ဆရာဝန်က သူ့ကို အိမ်ပြန်ပြီး သေဖို့စောင့်ခိုင်းထားတာကို သူ့ရဲ့အိမ်မက်ထဲမှာ သတိရသွားခဲ့ပါတယ်။ဒါပေမယ့် ဒီအိပ်မက်ထဲမှာတော့ အဖြူရောင်ဝတ်စုံနဲ့လူနှစ်ယောက် သူ့အိမ်ကို လာပြီး သူနာမည်ကို ခေါ်ခဲ့ကြတယ်။Roy ကချက်ချင်းပဲ “ဟုတ်ကဲ့။ ကျွန်တော် ဒီမှာရှိပါတယ်။” လို့တုန့်ပြန်လိုက်တယ်။

အဝတ်ဖြူနဲ့လူနှစ်ယောက်က ကျမ်းစာအုပ်ကိုင်ထားပြီး သူတို့ သူ့အတွက် ဆုတောင်းပေးလို့ရနိုင်မလားလို့ Roy ကိုမေးခဲ့တယ်။သူက “ဟုတ်ကဲ့။” လို့ပြန်ဖြေခဲ့တဲ့အတွက် အဲ့ဒီလူနှစ်ယောက်က သူ့အတွက်ဆုတောင်းပေးပြီး ပြန်ထွက်သွားခဲ့ကြတယ်။ဒီအရာအားလုံးက သူ့ရဲ့အိမ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ မနက်မိုးလင်းလာတော့ Roy နိုးလာတဲ့အခါ သူသက်သာသွားပြီဆိုတာ ချက်ချင်းသဘောပေါက်သွားသည်။သူဘယ်လောက်ထိအခြေအနေဆိုးခဲ့လဲဆိုတာကို သူ့ဇနီးသည်ကသိခဲ့တာဖြစ်ပြီး အခုချက်ချင်းဆိုသလို သူ့အဖျားနဲ့ နာကျင်မှုတွေ ပျောက်သွားခဲ့တော့ သူ့ရဲ့ဇနီးသည်က သူမရဲ့မျက်လုံးတွေတောင် မယုံနိုင်အောင်ဖြစ်သွားခဲ့ပါသည်။သူ့နှလုံးက အားနည်းနေသေးပေမဲ့ Roy ဟာ သူ့အိမ်မက်ထဲမှာရောဂါပျောက်ကင်းသွားတယ်ဆိုတာ သံသယမရှိခဲ့ပါဘူး။အိပ်မက်နှင့် သူခံစားခဲ့ရတဲ့ အပြောင်းအလဲက Royကိုသူအရင်က မလုပ်ဖူးတဲ့ ပုံစံနဲ့ သမ္မာကျမ်းစာကို ဖတ်ဖြစ်စေခဲ့တယ်။

ဒီလိုဖြစ်ပျက်ပြီးတစ်လအကြာတွင် ဒေသန္တရအသင်းတော်မှ အဖွဲ့တစ်ဖွဲ့သည် သူ့အိမ်ကိုရောက်လာကြပါတယ်။သူတို့က သူ့အတွက်ဆုတောင်းပေးခဲ့ပြီးတော့ Roy က ယေရှုကိုသူ့ရဲ့နှလုံးသားထဲမှာ လက်ခံခဲ့ပါတယ်။သို့သော် သူကိုယ်တိုင်က ဘုရားကျောင်းတက်ဖို့ တုံ့ဆိုင်းနေပါသေးတယ်။အချိန်တစ်ခုအကြာမှာ သူဆေးရုံသို့ပြန်သွားခဲ့ပြီးတော့ ဆရာဝန်က သူ့အခြေနေတိုးတက်မှုရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်။ထိုအချိန်မှစပြီး Roy ဟာ အနာရောဂါအတွက်ဆုတောင်းနိုင်ရန် ဘုရားကျောင်းပုံမှန်တက်ခဲ့ပါတယ်။နောက်ထပ်ဆေးစစ်ရာတွင် လူနာက အလျင်အမြန် သက်သာလာသည်ကို မြင်သောအခါ ဆရာဝန်ဟာ သူ့မျက်လုံးများကို မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ပုံမှန်အားဖြင့် နှလုံး‌ရောဂါသည်လူနာများအတွက် ပြန်လည်ကောင်းမွန်ဖို့ အလွန်ခက်ခဲသော်လည်း Roy ရဲ့နှလုံးစွမ်းရည်ကတော့ ၂၀% မှ ၈၀% အထိ တိုးတက်ကောင်းမွန်လာခဲ့တယ်။ဆရာဝန်က သူဘာဆေးသုံးလဲလို့မေးတော့ Roy က ဘာဆေးမှမသုံးခဲ့ပါဘူး၊ ဘုရားကျောင်းသွားခဲ့ပြီး လူတွေက သူ့အတွက် ဆုတောင်းပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ၊ ဖျားနာခွင့်တစ်နှစ်အကြာယူထားရာကနေ Roy အလုပ်ပြန်ဝင်ခဲ့ပါတယ်။သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူသေတာကြာပြီဆိုတဲ့ ကောလဟာလတွေကြားခဲ့တာကြောင့် အလွန်အံ့သြခဲ့ကြတယ်။Roy ကသူ့ဘဝကိုပြန်ရပြီး အခုဆိုရင် သူဘယ်သွားသွားဒီအရာကို သက်သေခံလျက်ရှိပါတယ်။ ယခုမှာတော့ သူ့ရဲ့ကိုယ်အလေးချိန်က ပုံမှန် ၈၀ kg ကိုပြန်ဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ ဒါအကုန်မဟုတ်သေးပါဘူး။ သူ့ရဲ့မိသားစုကလည်း ဘဝအသစ်တစ်ခုရရှိနေပြီဖြစ်ပါတယ်။သူ့ရဲ့အိမ်ထောင်ရေးဟာ အရက်သောက်ခြင်းကြောင့် ပြိုကွဲလုနီးပါးဖြစ်နေခဲ့ပြီး သူတို့နှစ်ယောက်မှာ အချစ်မရှိတော့ဘဲ ရန်ဖြစ်တာတွေပဲ ရှိပါတော့သည်။အခုတော့ အရာအားလုံး အသစ်ဖြစ်နေပါပြီ။သူ့ရဲ့ဇနီးသည်ကလည်းယေရှုကို မိမိကယ်တင်ရှင်အဖြစ် လက်ခံပြီး အိမ်ထောင်မိသားစုဟာ စည်းလုံးညီညွှတ်လာပါတယ်။"သူတို့က ဘုရားကျောင်းမှာ သစ္စာရှိရုံတင် မဟုတ်ဘူး။ လူကိုမျှားမဲ့ စိတ်ထက်သန်တဲ့တံငါသည်များလည်းဖြစ်တယ်” Pastor Greman က ပြောပါတယ်။“အကယ်၍ သင့်ဘဝအရင်အခြေအနေနဲ့ ယခု အခြေအနေနှိုင်းယှဉ် ကြည့်မယ်ဆိုရင် သင်ဘာပြောပြမလဲ။”“ဒါကို ဖော်ပြဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အပြောင်းအလဲကအရမ်းပြင်းထန်ပါတယ်။ အဆိုးဆုံးအခြေအနေကနေ ကျွန်တော့်ရဲ့ကျန်းမာရေး၊မိသားစု နှင့် အလုပ်တွေ ပြန်ရလာတယ်။အရာအားလုံးက အသစ်ဖြစ်လာတယ်။” လို့Royက ပြောခဲ့ပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page