top of page

ဆေးလိပ်ပြတ်ခြင်းနိမိတ်လက္ခဏာ

ဆေးလိပ်ပြတ်ခြင်းနိမိတ်လက္ခဏာ

သူ့နာမည်က မီ (Mee) ပါ။ သူဟာ သူ့အမေရဲ့ အကောင်းဆုံးသားတစ်ယောက်မဟုတ်ခဲ့ဘဲ နောက်ဆုံးတော့ ထောင်ကျသွားခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာ နှစ်အတော်ကြာ ပြစ်ဒဏ်ကျခံနေရစဉ်မှာ လူတစ်ဦးက သူ့ကို ဘုရားသခင်ကို ယုံကြည် ဖို့ အကြံပေးခဲ့ပါတယ်။ မီဟာ အဲဒီကိစ္စကို သိပ်စိတ်မဝင်စားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူက "ကောင်းပြီ၊ ဒီဘုရားသခင်ကို ငါစမ်းသပ်ကြည့်မယ်။ တစ်ကြိမ်အခွင့်အရေးပေးမယ်။ သူက ငါ့ကို ဆေးလိပ်ဖြတ်ဖို့ ကူညီနိုင်ရင် ငါသူ့ကို ယုံကြည်မယ်" လို့ ပြောခဲ့ပါတယ်။

အဲဒီနေ့မှာပဲ မီဟာ ပုံမှန်အတိုင်း ဆေးလိပ်ကို ပါးစပ်ထဲထည့်လိုက်တဲ့အခါ ဘာဖြစ်နေမှန်း သူသဘောမပေါက်ခဲ့ပါဘူး။ အရသာက အရမ်းဆိုးရွားလွန်းလို့ သူဆေးလိပ်ကို မီးခိုးငွေ့တစ်ချက်မှ မရှူနိုင်ခဲ့ပါဘူး။ မးက သူဟာ တစ်ပတ်လုံးလုံး ဆေးလိပ်ပြန်သောက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ လုံးဝမရဘူးလို့ ပြောပါတယ်။ အဲဒီဆေးလိပ်ရဲ့ အနံ့နဲ့ အရသာက သူ့ကို ပျို့အန်ချင်စိတ် ဖြစ်စေခဲ့ပြီး သူဆက်မလုပ်နိုင်ခဲ့ပါဘူး။

ဒီကနေ့မှာတော့ မီဟာ ယေရှုခရစ်ကို ယုံကြည်သူ တစ်ဦးဖြစ်နေပါပြီ။ သူဟာ ဘန်ကောက်မြို့က First Love ဘုရားကျောင်းမှာ တက်ကြွတဲ့ အသင်းသားတစ်ဦးဖြစ်ပါတယ်။ မီမှာ သံသယလုံးဝမရှိပါဘူး- မီစိန်ခေါ်ခဲ့တဲ့အတိုင်း ဘုရားသခင်ဟာ နိမိတ်လက္ခဏာတစ်ခုကို ပြုလုပ်ခဲ့တာပါ။ ဆေးလိပ်ပြတ်ခြင်းနိမိတ်လက္ခဏာပေါ့။

Hjerte til nettside.png
  • Facebook
bottom of page