
ဇိုးလွှပွီးအီး
ကျွန်မနာမည်က ဇိုးလွှပွီးအီး ဖြစ်ပါတယ်။အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းအကြောင်းကိုအနည်းငယ်သက်သေခံချင်ပါတယ်။
ဆာလံ ၃၄:၈
“ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ကိုယ်တော်ကိုခ ိုလှုံသောသူသည် မင်္ဂလာရှိ၏။”
ဒီနှုတ်ကပတ်တော်အတိုင်း ဘုရားကိုမြည်းစမ်းသောသူတိုင်းက ဘုရားဘယ်လောက်ကောင်းမြတ်သလဲ ဆိုတာကို ခံစားရကြမယ်လိုယုံကြည်ပါတယ်။
ကျွန်မအသက်တာထဲမှာ ဘုရားရဲ့သနားခြင်း၊ကျေးဇူးပြုခြင်း၊ဆုတောင်းချက်တွေအဖြေရရှိတဲ့ အရာတွေကိုလက်တွေ့ ခံစားရတဲ့အခါမှာ ဘုရားကိုပိုပြီးမြည်းစမ်းချင်လာတယ်။ လိုအပ်တဲ့အရာတိုင်းအသေးအမွှားကအစ ဘုရားကိုဘဲတောင်းမယ်ဆိုတဲ့နှလုံးသား၊ဘုရားကိုမိဘလိုမျိုး ရင်းနှီးစွာစကားပြောချင်တဲ့ နှလုံးသားရှိလာပါတယ်။မကြာသေးခင်က တစ်ရက်မှာ ဘုရားနဲ့အချိန်ယူဆုတောင်းတဲ့အခါမှာ (၂)နှစ်နီးပါး အဆက်သွယ်မရှိတော့တဲ့ အခင်ရဆုံးသူငယ်ချင်းတွက်ဆုတောင်းပေးဖို့ခံစားရတယ်။
ဆုတောင်းပေးတဲ့အခါမှာ သူ့အတွက်ဘုရားက ဖွင့်ပြပေးတယ်လိုခံစားရတဲ့အရာလေးကို မှတ်စုလေးထဲမှာ မှတ်ထားပြီး ကိုယ်တော်အခွင့်ရှိရင် ကိုယ်တော်ဖွင့်ပြပေးတဲ့အရာကို သူငယ်ချင်းကိုပြန်ပြီး သက်သေခံရသောအခွင့်ပေးပါလိုဆုတောင်းခဲ့တယ်။
ကျွန်မစဥ်းစားထားတာက သူငယ်ချင်းနဲ့အဆက်အသွယ်ပြန်ရဖိုအရမ်းကြာမယ်လိုဘဲ စဥ်းစားထားပါတယ်။ ဒါပေမယ့်(၂)ပတ်လောက်ကြာတဲ့အခါမှာ သူငယ်ချင်းကရန်ကုန်ရောက်လာပြီးသူနဲ့စကားပြောခွင့်ရခဲ့တယ်။ဘုရားပြုတဲ့အမှုကို ကျွန်မလက်တွေ့မြင်ရတဲ့အခါမှာ မျက်ရည်ကျပြီးသူငယ်ချင်းကိုသက်သေခံခွင့်ရခဲ့တယ်။ဘုရားကအံသြဘွယ်ဘုရားဖြစ်တယ်ဆိုတာကိုတကယ်ခံစားခဲ့ရတယ်။ဘုရားက သူ့ကိုရှာသောသူတိုင်းကိုအမြဲတမ်း အတွေ့ခံတဲ့ဘုရားဖြစ်ပါတယ်။ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတွေထဲက ဒီအရာလေးအားဖြင့် အနည်းငယ်သက်သေခံခြင်း ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဘုရားရှင်ကောင်းကြီးပေးပါစေ။