
တောင်ထိပ်၌ရှိသော ချစ်ခြင်းမေတ္တာ

ဒါရာဂွန် ဟာကမ္ဘာ့အချက်အချာနေရာမဟုတ်သလို၊ ခြေကျင်ခရီးနဲ့ သွားချင်စရာ နေရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့
အဲ့ဒီနေရာကို ယေရှု ကိုယ်တိုင်ရောက်ရှိနှင့်သလို၊ AsiaLink အဖွဲ့ဝင်တွေလည်း ရောက်အောင် သွားခဲ့ကြပါတယ်။
အစပိုင်းမှာ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့ တောင်တန်းတွေပေါ်က ဒီဝေးလံခေါင်သီတဲ့ရွာလေးဆီကို
ခရစ်တော်ရဲ့ သတင်းကောင်း ဘယ်လိုရောက်လာခဲ့သလဲဆိုတဲ့အကြောင်း သင်းအုပ်ဆရာ Premal Sherpa က ပြောပြပေးပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှတ်တမ်းတချို့ကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ကျွန်တော့်နာမည်ကတော့ ပရီမဲလ်ရှာပါ လို့ခေါ်ပါတယ်။ ကျွန်တော်က ဒါဂျီလင် က လန်ဂါဒန်း ဆိုတဲ့နေရာကနေ လာတာပါ။ကျွန်တော် ဒီဒေသမှာရှိတဲ့ ဒါရာဂွန်ရွာမှာ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ဘုရားသခင်ကို အစေခံနေတာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို ဘယ်လို စခဲ့လဲဆိုတာ မျှဝေပေးချင်ပါတယ်။ဒါရာဂွန် မှာ ဘုရားအမှုတော်ဆောင်တဲ့သူ ဒါမှမဟုတ် ဘုရားနဲ့ မိတ်သဟာယဖွဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒါကြောင့် သူနဲ့ အဲ့ဒီနေရာက သူ့လူတွေကို အမှုတော်ဆောင်ဖို့ ဘုရားသခင်က ကျွန်တော့်ကို ခေါ်ခဲ့တာဖြစ်ပါတယ်။ အစတုန်းကတော့ ဘုရားသခင်က ကျွန်တော့်ကို မိသားစု သုံးစု ပေးခဲ့ပါတယ်။ အဲဒီမိသားစုတွေနဲ့ မိတ်သဟာယကို ဆက်ပြီးတော့ တည်ဆောက်ခဲ့ပါတယ်။
ဒီ ၁၇ နှစ်အတွင်းမှာ ဘုရားသခင်က အသင်းတော်အသစ် နှစ်ခု ထပ်ပြီး တည်ထောင်ခွင့် ပေးခဲ့ပါတယ်။ ကျွန်တော်က အဲဒီအသင်းတော်နှစ်ခုရဲ့ သင်းအုပ်လည်း ဖြစ်ပါတယ်။ဒီဒေသမှာ ခရစ်ယာန်တွေ လုံးဝမရှိပါဘူး။ ဗုဒ္ဓဘာသာ ဝင်တွေနဲ့ တိုင်းရင်းသားလူမျိုးအစုံ ပဲ ရှိတာပါ။ ကျွန်တော် ဒီရွာမှာ ဘုရားသခင်ကို အမှုဆောင်ရင်း လူမျိုးစုအစုံကို ဧဝံဂေလိတရား ဝေမျှခွင့် ရခဲ့ပါတယ်။ ဘုရားသခင်က မိသားစုတွေ နဲ့ ဝိညာဉ်တွေများစွာ ပေးခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် ဘုရားသခင် စိတ်ချအပ်နှံထားတဲ့ မိသားစု (၄၀) ကျော် ရှိနေပါပြီ။
အသင်းတော်အသစ်တွေထဲက တစ်ခုကို ရယ်လင်း (Relling) လို့ ခေါ်ပြီးတော့ အဲဒီမှာ မိသားစုတွေ အများကြီးရှိပါတယ်။ နောက်တစ်ခုကတော့ ဘန်ဂေ ဘာဇာ (Bangey Bazar) ဆိုတဲ့ နေရာမှာပါ။ ကျွန်တော် ဒီအသင်းတော် သုံးခု စလုံးမှာ ဘုရားသခင်ကို အစေခံနေပါတယ်။

မကြာသေးခင်က ကျွန်တော့်ရဲ့ဇာတိမြို့မှာ ကျမ်းစာသင်တန်းတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက အေးရှလင့်ခ် (AsiaLink) က အွေစတိန်း အော်ဆင် (Øystein Åsen) လာပြီးတော့ သင်တန်းပေးသွားတာပါ။ သင်တန်းပြီးတော့ လူတွေ အိမ်ပြန်သွားကြတယ်။ ဒါပေမဲ့ နောက်ရက် နည်းနည်းကြာတဲ့ တနင်္ဂနွေ ဝတ်ပြုချိန်မှာတော့ ကျွန်တော်တို့ အသင်းသားတွေဆီက သက်သေခံချက်တွေ ကြားခဲ့ရပါတယ်။ သူတို့က ဖခင်မေတ္တာနဲ့ပတ်သက်တဲ့ သင်ခန်းစာကြောင့် အများကြီး ကောင်းချီးခံစားရတယ်လို့ပြောကြပါတယ်။ အသင်းတော်ထဲမှာတောင် ချစ်ခြင်းမေတ္တာ ပျောက်ဆုံးနေတဲ့နေရာတွေ အများကြီးရှိပါတယ်။ မိသားစုထဲမှာလည်း ဒီလိုပါပဲ။ ဒီ ချစ်ခြင်းမေတ္တာ ဆိုတဲ့ စကားလုံးက လူအများစုရဲ့ ဘဝထဲကနေ ပျောက်ကွယ်နေခဲ့တာပါ။
အခု ကျွန်တော့်အသင်းသားတွေက ဒီနှုတ်ကပတ်တော်ကြောင့် သူတို့တကယ်ပဲ ကောင်းကြီး ခံစားရတယ်၊ ဒါဟာ သူတို့ တကယ်လိုအပ်နေတဲ့၊ ရှာဖွေနေတဲ့ စကားပါပဲလို့ပြောပါတယ်။ လူတွေများစွာ အားတက် ပြီး စိတ်ဓာတ်ခွန်အား တွေ ရသွားပါတယ်။ အသင်းတော်တွေ အများကြီးကို တာဝန်ယူရတဲ့ သင်းအုပ်ဆရာတွေအနေနဲ့ ကျွန်တော်တို့မှာ အခက်အခဲတွေ၊ အနိမ့်အမြင့်တွေ အများကြီး ကြုံရပါတယ်။ ဒီနှုတ်ကပတ်တော်ကို နားထောင်ခွင့်ရတော့ ကျွန်တော်တို့ တကယ် ကောင်းကြီးခံစားခဲ့ရပါတယ်။ အွေစတိန်း နဲ့ သူ့အဖွဲ့ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်ပါတယ်။"
ပါစတာပရီမဲလ် ရဲ့သက်သေခံချက်အားဖြင့် မှတ်သားဖွယ်ရာအချက်တစ်ခုကို တွေ့ရပါတယ်။ အဲ့တာကတော့ သခင်ယေရှုဟာ ဘယ်နေရာပဲဖြစ်ဖြစ် လူတိုင်းဆီကို ရောက်နိုင်တယ် ဆိုတာပါပဲ။ နောက်ထပ် ဘာကို သတိရသင့်လဲဆိုတော့ လူတိုင်းဟာ ဘယ်လောက်ပဲ ဝေးလံတဲ့နေရာမှာ နေပါစေ၊ ဖခင်မေတ္တာကိုလိုအပ်ပါတယ်။ ခံစားရဖို့လည်းထိုက်တန်ပါတယ်။ ဒီမေတ္တာက ဘုရားသခင် လူသားတွေကိုပေးထားတဲ့အထဲ ကြီးမားတဲ့လက်ဆောင်လည်းဖြစ်ပါတယ်။ အဲ့ဒီမေတ္တာက အဝေးမှာရှိနေတာမဟုတ်ပါဘူး။ ရှာရလည်းမခက်ပါဘူး။ အခုတောင် မိတ်ဆွေကို စောင့်နေပါတယ်။ အဲဒီမေတ္တာတော်ကို အဖဘုရားသခင်ထံကနေ ရနိုင်ပါတယ်၊ ဒါဟာ မိတ်ဆွေအတွက်ပဲ ဆိုတာကို သတိရဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အရောက်တိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။

