
ဒီဘဟာဒူ

ဒီဘဟာဒူဆိုတာ ကတ်မန်ဒူမြို့က ကျမ်းစာကျောင်းတစ်ခုမှာတက်ရောက်ခဲ့တဲ့ သင်းအုပ်ဆရာရဲ့နာမည်ဖြစ်ပါတယ်။အဲ့ဒီကျောင်းကြီးဟာ နီပေါနိုင်ငံတစ်ဝှမ်းမှ ဧဝံဂေလိဆရာများနှင့်ခေါင်းဆောင်များကိုနှစ်ပေါင်းများစွာလေ့ကျင့်ပေးနေပါတယ်။အလုပ်သမားရာပေါင်းများစွာကဘုရားရဲ့ခေါ်ခြင်းကိုခံရပြီးဒီနေရာမှာလာရောက်သင်ယူကြပါတယ်။ဘဟာဒူကသူ့ရဲ့လေ့ကျင့်ရေးသင်တန်းပြီးဆုံးသွားတဲ့အခါမွေးရပ်မြေကိုပြန်သွားပြီး သူရဲ့မိသားစုနှင့်ဆွေမျိုးတွေကိုတရားဟောခဲ့ပါတယ်။နိမိတ်လက္ခာများစွာနှင့်အံ့ဘွယ်သောအမှုများစွာပြုခဲ့ပြီး အထူးသဖြင့် ဖျားနာသူများကိုအနာငြိမ်းစေခြင်းဖြင့် လူများစွာက သူ့တို့ရဲ့အသက်တာများကို ဘုရားသခင်ထံအပ်နှံလာကြတယ်။ ၂၀၀၇ခုနှစ်မှာ ဘဟာဒူဟာ သူဘယ်တော့မှမမေ့နိုင်မဲ့အရာတစ်ခုကို ကြုံတွေ့ခဲ့ပါတယ်။အမျိုးသားတစ်ယောက်ဟာ ကလေးငယ်တစ်ယောက်ကိုချီထားရင်းသူနေထိုင်ရာအိမ်ထဲသို့ဝင်လာပါတယ်။ကလေးကတစ်နှစ်သားအရွယ်ဖြစ်ပြီး အေးစက်ပြီး ဖြူရော်နေပါတယ်။
ဖခင်ဖြစ်သူက ကလေးဟာ ရက်အတော်ကြာနေမကောင်းဖြစ်ကာမိခင်နို့ကိုမသောက်တာတစ်ပတ်ကျော်ကြာ ပြီးနောက်မနေ့ညကသေဆုံးခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူ့ရဲ့မိသားစုဝင်အားလုံးကဟိန္ဒူဘာသာဝင်တွေဖြစ်ပြီး ထုံးတမ်းစဉ်လာအရ နောက်တစ်နေ့မှာ တစ်မိသားစုလုံးကို ဈာပနကျင်းပဖို့အတွက် စုစည်းခေါ်ခဲ့ကြပါတယ်။ မိသားစုတွေစုစည်းကြပြီး ကလေးကိုနှုတ်ဆက်ဖို့အဆင်သင့်ဖြစ်နေခဲ့ကြပါပြီ။ မိသားစုဝင်များက ကလေးကို ဟိန္ဒူရိုးရာနည်းအတိုင်း သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေချိန်မှာတော့ သူ့အဖေက ရုတ်တရက် ထရပ်ပြီး “ငါ့သားကို မသင်္ဂြိုဟ်ရဘူး၊ ငါဟိန္ဒူဘုရားတွေနဲ့ မပတ်သက်ချင်တော့ဘူး၊ ငါ့သားအတွက် ဆုတောင်းပေးဖို့ ခရစ်ယာန်တချို့ကို ငါရှာမယ်။ သူပြန်အသက်ရှင်လိမ့်မယ်" လို့ပြောခဲ့ပါတယ်။
ကလေးရဲ့အဘိုးဖြစ်သူက သူ့သားနဲ့စကားပြောဖို့ကြိုးစားခဲ့ပြီး ဒါဟာအရူးထတာလို့ ငိုပြီးပြောခဲ့ပါတယ်။မိသားစုဝင်အားလုံးက သေဆုံးသွားခဲ့တဲ့ကလေးငယ်ရဲ့ဖခင်စိတ်ကို ပြောင်းလဲသွားအောင်ကြိုးစားခဲ့ပေမဲ့သူ့စိတ်ဆုံးဖြတ်ချက်ကပြတ်သားခဲ့ပါတယ်။သူကကလေးကိုသယ်ဆောင်ပြီးဘဟာဒူနေထိုင်တဲ့မြို့ကိုဉီးတည်ကာစတင်လမ်းလျှောက်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာဘုရားကျောင်းရှိတာကိုသူသိနေခဲ့လို့ပါ။နာရီအတော်ကြာလမ်းလျှောက်ပြီးနောက်သူနှင့်သူ့ဇနီးမြို့ထဲရောက်လာပြီးခရစ်ယာန်ဘာသာဝင်အချို့ကို ဘယ်မှာ ရှာတွေ့နိုင်သလဲလို့လူတွေကိုစတင်မေးမြန်းခဲ့ပါတယ်။တစ်စုံတစ်ယောက်က သူတို့ကို ဘဟာဒူရဲ့ အိမ်သို့ခေါ်လာခဲ့တယ်။ ဒါ့ကြောင့် သူမမျှော်လင့်ထားတဲ့ လည်ပတ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
ကလေးရဲ့ဖခင်က ကလေးဘာဖြစ်ခဲ့လဲဆိုတာကို သင်းအုပ်ဆရာဆီမှာပြောပြခဲ့တယ်။သူ့ရဲ့ဇနီးသည်ဟာကိုယ်ဝန်ပျက်ကျပြီးကလေးများစွာဆုံးရှုံးခဲ့ရကြောင်း ဒါကြောင့် ဒီကလေးဟာသူတို့ရဲ့ပထမဆုံးကလေးဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။သူသည်အိန္ဒိယနိုင်ငံမှာရွှေ့ပြောင်းအလုပ်သမားအဖြစ်လုပ်ကိုင်ခဲ့ ဖူးကြောင်း ပြောပြခဲ့တယ်။အဲ့ဒီမှာ အိန္ဒိယမှာနေထိုင်စဉ်အတွင်း၊ သေခြင်းမှ ထမြောက်ပြီး အနာရောဂါကိုအုပ်စိုးတဲ့ယေရှုလို့ခေါ်တဲ့ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကိုတစ်စုံတစ်ယောက်က ပြောပြခဲ့ဖူးပါတယ်။အဲ့အချိန်တုန်းက သူ သခင်ယေရှုကို လက်မခံခဲ့ပေမဲ့ သူ့သား သေဆုံးသွားတဲ့အခါ အဲ့ဒီသက်သေခံချက်က သူ့စိတ်ထဲပေါ်လာခဲ့တယ်။သူက ကလေးအတွက်ဆုတောင်းပေးဖို့ သင်းအုပ်ဆရာဘဟာဒူ ကိုတောင်းဆိုခဲ့ပါတယ်။
သင်းအုပ်ဆရာက စတင်ပြီးဆုတောင်းပေးခဲ့တယ်။အတိုချုံးဆုတောင်းရုံသာမက သေဆုံးသွားသောကောင်လေးအပေါ် ကျမ်းချက်တွေကို ဝန်ခံခဲ့တယ်။ ခဏအကြာမှာ ကလေးရဲ့အဖွား ရောက်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့မြေးလေးကို ဘယ်နေရာမှာမြှုပ်မလဲဆိုတာကိုသူမသိချင်တဲ့အတွက်ကြောင့်ပါ။သူမရောက်လာခဲ့တဲ့အချိန်မှာကောင်လေးကမျက်လုံးဖွင့်ခဲ့ပြီးသူ့အမေဆီကနို့သောက်ချင်လို့စတင်ပြီးငိုခဲ့ကြောင်း အဖွားဟာမျက်မြင်သက်သေဖြစ်လာခဲ့ပါတယ်။ကလေးရဲ့အဘွားဖြစ်သူသည်သူမရဲ့ ဘဝကို ယေရှုထံ ချက်ခြင်းပေးအပ်ခဲ့ပါတယ်။သူမက ကလေးရဲ့ လက်နှင့် ခြေဖဝါးမှ ကြိုးအချို့ကိုလည်း ဖယ်ရှားခဲ့ပါတယ်။ဒီကြိုးတွေကကောင်လေးကို နတ်ဆိုးတွေရန်ကနေ ကာကွယ်ဖို့ နတ်ဆရာတချို့က ကောင်လေးကို ပေးခဲ့တာဖြစ်ပါတယ်။
သူတို့တွေဟာ သင်းအုပ်ဆရာ ဘဟာဒူနှင့်အတူ လေးရက်နေခဲ့ပါတယ်။ အသက်ရှင်တဲ့ သားငယ်နှင့်အတူ သူတို့ရွာကို ပြန်လာတဲ့အခါ မိသားစုတစ်စုလုံးက ယေရှုထံ သူတို့ရဲ့အသက်တာတွေကို ပေးအပ်ခဲ့ကြပါတယ်။ကလေးကဒီနေ့အထိအသက်ရှင်၊ ကျန်းမာပြီးတော့သူဟာယုံကြည်ခြင်းနှင့်ပြည့်ဝတဲ့သူဖြစ်လာပါတယ်။ ဘုရားသခင်ကိုချီးမွမ်းပါတယ်။
