top of page

မနီရှာရော်ကာမာဂါ

အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်။ ကျွန်မက မနီရှာရော်ကာမာဂါ ဖြစ်ပြီး နီပေါနိုင်ငံအနောက်ပိုင်း Kailali ပြည်နယ်၊ Kundi မြို့ကဖြစ်ပါတယ်။ ကျွန်မအသက် ၁၇ နှစ်ရှိပြီဖြစ်ပြီး မိသားစုဝင် ၆ ယောက်ရှိပါတယ်။ မိဘနှစ်ပါး၊ အိမ်ထောင်သည်အစ်ကိုကြီး၊ ညီမလေးနဲ့ ကျွန်မဖြစ်ပါတယ်။ ကျွန်မမိသားစုက ဟိန္ဒူဘာသာဝင်တွေဖြစ်ပြီး ကျွန်မတစ်ဦးတည်းက ခရစ်ယာန်ယုံကြည်သူဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မသခင်ယေရှုကိုဘယ်လိုသိခဲ့လဲဆိုတဲ့အကြောင်းကို သက်သေခံချင်ပါတယ်။
ခရစ်တော်ကိုမသိခင်တုန်းက နှလုံးနဲ့ပတ်သက်ပြီးပြင်းထန်စွာခံစားလေ့ရှိတဲ့ အဆုတ်နဲ့ပတ်သက်ပြီး ပြဿနာကြီးစွာ ကြုံခဲ့ဖူးတယ်။
ကျွန်မမိသားစုက ဆေးရုံအစုံခေါ်ဆောင်သွားပေမဲ့ ဆေးဝါးကုသမှုတွေက အလုပ်မဖြစ်ခဲ့ပါဘူး။ ကျွန်မအဖေက ပယောဂဆရာဆီခေါ်သွားပြီး ဟိန္ဒူဘုရားကျောင်းများစွာကို သွားခဲ့ပေမဲ့ ကျွန်မကျန်းမာရေးတိုးတက်လာခြင်းမရှိပါဘူး။ ပိုပိုပြီးတောင် ဆိုးရွားလာခဲ့ပါသေးတယ်။ ကျွန်မတို့အားလုံးပင်ပန်းလာပြီး မျှော်လင့်ချက်မဲ့လာပါတယ်။
တစ်နေ့မှာတော့ ခရစ်ယာန်ယုံကြည်သူဖြစ်တဲ့ ကျွန်မအဒေါ်တစ်ယောက်က ယေရှုအကြောင်းပြောပြခဲ့တယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကျွန်မတို့ဘဝမှာ ကြီးမားတဲ့အရာတွေကို သူလုပ်နိုင်ကြောင်း ပြောပြခဲ့တယ်။ ဒါက ကျွန်မဘဝမှာ ယေရှုအကြောင်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်တယ်။ သူမနဲ့အတူ ကျွန်မကို ဘုရားကျောင်းသွားခွင့်ပေးဖို့ ကျွန်မမိဘတွေကို တောင်းဆိုပေးတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကိုဆန့်ကျင်တဲ့ ကျွန်မမိဘတွေကတော့ ကျွန်မကိုမလွှတ်ချင်ခဲ့ကြပါဘူး။ သူတို့က ယေရှုနဲ့သူ့ရဲ့နောက်လိုက်တွေကို မုန်းတီးကြတယ်။ အကယ်၍ကျွန်မသာ သူတို့စကားကိုမနာခံပဲ ခရစ်ယာန်ဘာသာဝင်ခဲ့မယ်ဆိုရင် အဖေလို့မခေါ်တော့ဖို့ ကျွန်မအဖေက သတိပေးခဲ့ပါတယ်။

မနီရှာရော်ကာမာဂါ

ဒါဟာလုံးဝမလွယ်ကူခဲ့ပါဘူး။ ကျွန်မမိဘတွေဆူပူတဲ့ကြားကပဲ သူတို့ကိုပုန်းရှောင်ပြီး အဒေါ်နဲ့အတူဘုရားကျောင်းသွားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့တိုးတက် ကောင်းမွန်လာပါတယ်။ ဒါဟာ ကျွန်မဘဝမှာဖြစ်ပျက်ခဲ့တဲ့ ကြီးမားတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ကို ဆက်လက်ယုံကြည်ကိုးစားပြီး တစ်ပတ်အတွင်းမှာတော့ ကျွန်မပြဿနာတွေအားလုံးကနေ လုံးဝကျန်းမာခဲ့ပါတယ်။ ကျွန်မမိသားစုအတွက် ဆက်ပြီးဆုတောင်းပေးခဲ့ပါတယ်။ ကျွန်မကျန်းမာခြင်းရပြီးနောက်မှာတော့ ကျွန်မမိဘတွေက ခရစ်ယာန်ဘာသာနဲ့ပတ်သက်ပြီး အကောင်းမြင်လာတယ်။ တစ်နေ့မှာ ကျွန်မသင်းအုပ်ဆရာက ကျွန်မအိမ်ကိုလာလည်ပြီး မိသားစုအတွက် လာဆုတောင်းပေးခဲ့တယ်။ အဲ့နေ့ကစပြီး သူတို့ကျွန်မကို မဆူပူတော့ပါဘူး။အခုဆိုရင် သူတို့ဟာ ခရစ်တော်ကို လက်မခံသေးပေမဲ့ ကျွန်မကိုဆူပူခြင်းမရှိတော့ပဲ ဘုရားကျောင်းဝတ်ပြုခြင်းတွေသွားဖို့ ကျွန်မကို ခွင့်ပြုကြပါပြီ။ ဒါဟာ ကျွန်မရဲ့မိသားစုဝင်တွေရဲ့အသက်တာထဲကို ဘုရားသခင်ယူဆောင်လာပေးတဲ့ ကောင်းတဲ့ပြောင်းလဲခြင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ဘုရားဟာ သစ္စာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပြီး ကျွန်မရဲ့မိသားစုဝင်အားလုံးဟာ တစ်နေ့မှာ ခရစ်တော်ဆီကိုရောက်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါဟာ ကျွန်မရဲ့ ယုံကြည်ခြင်းဖြစ်ပါတယ်။ သက်သေခံချက်ကို အဆုံးမသတ်ခင်မှာ ဘုရားသခင်အပေါ်ထားတဲ့ သင့်ရဲ့ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းဖို့တိုက်တွန်းချင်ပါတယ်။ သူက ကျွန်မတို့ကို ဘယ်တော့မှာ ကျရှုံးခွင့်ပြုမှာမဟုတ်ပါဘူး။ သူဟာ သစ္စာနဲ့ပြည့်ပြီး တန်ခိုးကြီးတဲ့ နိမိတ်လက္ခဏာပြုသောဘုရားသခင်ဖြစ်ပါတယ်။ အယောက်စီတိုင်းအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page