top of page

မိုနီကာရဲ့ဘဝဇာတ်ကြောင်း

မိုနီကာရဲ့ဘဝဇာတ်ကြောင်း

မိုနီကာအသက် ၁၃နှစ်အရွယ်တွင် သူမ၏ဖခင်သည် ဦးနှောက်အကျိတ်ရောဂါ ဖြင့်ဆုံးပါးခဲ့ပါတယ်။ သူမသည်မွေးချင်း လေးယောက်၊ ယောကျာ်းလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်ထဲတွင် အကြီးဆုံးဖြစ်ပါတယ်။ သူမတို့ဖခင်ဆုံးပါးခဲ့ချိန်တွင် အငယ်ဆုံးမောင်လေးဟာ အသက်နှစ် နှစ်သာရှိပါသေးတယ်။ မိုနီကာကြီးပြင်းလာသည့်ထိ များသောအားဖြင့် အဘွား၏အိမ်တွင် သူမ၏ဦးလေးမိသားစုနဲ့အတူ နေထိုင်ခဲ့တယ်။ သူမ၏မိဘအိမ်နှင့် သိပ်မဝေးပါဘူး။
ဖိလစ်ပိုင်နိုင်ငံမှာ မိဘနှစ်ပါးလုံး အလုပ်လုပ်မှသာ ပုံမှန်အခြေအနေတွင် လည်ပတ်နိုင်တာဖြစ်တယ်။ သူမအဖေဆုံးပြီးနှစ်ဝက်အကြာတွင် သူမမိခင်က အလုပ်ရှာဖို့ မနီလာသို့ ထွက်သွားခဲ့ပါတယ်။ အဲ့တာက မိုနီကာအတွက် သူမမိခင်ဆီမှ နောက်ဆုံးမှတ်မိသောအရာဖြစ်တယ်။ ထို့နောက် သူမမိခင်ဟာ မနီလာမြို့တွင် မိသားစုအသစ်ရပြီဖြစ်ကြောင်း ကြားသိခဲ့ရပြီး မိုနီကာအနေနှင့် အဲ့အကြောင်းကို သေသေချာချာမသိခဲ့ရပါဘူး။

ထိုအချိန်မှစပြီး သူမရဲ့ဦးလေး (သေဆုံးသွားသောသူမဖခင်၏အစ်ကို) က မိုနီကာ၏ကျောင်းစရိတ်ကို ထောက်ပံ့ပေးခဲ့သူဖြစ်ပါတယ်။ ထို့ကြောင့် သူမ၏မောင်နှမများအတွက်တော့ ပိုက်ဆံမရှိခဲ့ပါဘူး။ သူမတစ်ယောက်တည်းသာ ကျောင်းတက်ခဲ့ရတယ်။ သို့သော် သူမ၏ဦးလေးအိမ်တွင် ကြီးပြင်းလာရခြင်းက မလွယ်ကူခဲ့ပါဘူး။ သူက မကြာခဏ အရက်သောက်ပြီး သောင်းကျန်းမှုတွေ လုပ်ခဲ့ပါတယ်။ မိုနီကာက သူမနှင့်သူမရဲ့မောင်လေးများကို ရိုက်နှက်မှုနှင့်ခြိမ်းခြောက်မှုအကြောင်းများကို ပြောပြပါတယ်။ ဒီအရာကိုရှောင်ဖို့အတွက် သူမ မနက်စောစောကျောင်းသွားခဲ့ပြီး ညဖက် နောက်ကျမှပဲအိမ်ပြန်လာခဲ့ပါတယ်။

သူမရဲ့မောင်လေး‌တွေဒုက္ခရောက်နေတာကို ကြည့်မနေနိုင်ခဲ့ပါဘူး။ သူမခေါင်းထဲမှာ သူတို့အတွက် စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေပြီး နောက်ထပ်ဒုက္ခတွေ ခံစားရမယ့်ရက်တွေကို ရှောင်ရှားဖို့ ဒီအရာအားလုံးကို ရပ်တန့်စေချင်ခဲ့ပါတယ်။ တစ်ညမှာတော့ မိုနီကာအိမ်ပြန်လာတဲ့ချိန်မှာ သူမရဲ့ဦးလေးက ဆူးပါတဲ့သစ်သားချောင်းကိုတွေ့ခဲ့ပြီး ကလေးများကိုထိုအရာနှင့် စတင်ရိုက်နှက်ပါတယ်။ သူတို့အားလုံးဟာရိုက်နှက်ခံခဲ့ရပြီး သွေးတွေစီးကျနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိုနီကာဟာ သူမရဲ့ပစ္စည်းဘာတစ်ခုမှမပါဘဲ ခြေဗလာဖြင့် အဲ့ဒီအိမ်မှထွက်ပြေးလာခဲ့ပါတယ်။သူမမော်တော်ဆိုင်ကယ်ပေါ် အမြန်ခုန်တက်ပြီး ယာဉ်မောင်းကို “မောင်း!” လို့ ပြောခဲ့ပါတယ်။

သူတို့ဘယ်ကိုသွားနေလဲ၊ နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ မိုနီကာမသိပေမဲ့ အတန်းဖော်တစ်ယောက်က “မိုနီကာမင်းဒုက္ခရောက်နေရင်၊ ဘုရားသခင်ဆီ ဆုတောင်းပါ” လို့ ပြောဖူးတာကို သူမရဲ့စိတ်ထဲမှာပေါ်လာပါတယ်။ မိုနီကာကမော်တော်ဆိုင်ကယ်ပေါ်မှာထိုင်နေစဉ် “သင်သာဘုရားသခင်အစစ်မှန်ဆိုရင် ကျွန်မကိုသနားပြီးကူညီပါ” ဆိုပြီးအော်ခဲ့ပါတယ်။ ရုတ်တရက် အိမ်တစ်အိမ်ရဲ့ အပြင်ဘက်မှာ မော်တော်ဆိုင်ကယ် ရပ်ခဲ့ပြီး သူမကိုမော်တော်ဆိုင်ကယ်ပေါ်ကနေဆင်းဖို့ ပြောခဲ့ပါတယ်။ ငွေမတောင်းပဲနဲ့ ဆိုင်ကယ်သမားက မိုနီကာကို အိမ်ရှေ့မှာချပေးခဲ့ပါတယ်။ သူမတံခါးကို ခေါက်ခဲ့ပါတယ်။ သူမဒီနေရာကိုတစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။
အမျိုးသမီးတစ်ယောက်ဟာ သူမကိုတံခါးဖွင့်ပေးပြီး အထဲဝင်ခွင့်ပြုခဲ့ပါတယ်။ သူမကို ကောင်းမွန်စွာပြောဆိုကုသပေးပြီး သွေးတွေကိုဆေးကြောပေးခဲ့ပါတယ်။ ပြီးတော့ တင်းကြပ်စွာဖက်ပေးထားခဲ့ပါတယ်။

မိုနီကာက တံခါးဖွင့်ပေးတဲ့ အမျိုးသမီးဟာ သူမအတန်းထဲမှာ သူမဒုက္ခရောက်တဲ့ချိန်မှာ ဆုတောင်းရန်ပြောခဲ့တဲ့ Issac ရဲ့အမေ ဟယ်လန်ဖြစ်ကြောင်း ရုတ်တရက်သတိထားမိခဲ့ပါတယ်။ Issac မိဘတွေက မိုနီကာကို ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး သူမရဲ့ဦးလေးဖြစ်သူအကြောင်း သတင်းပို့ခဲ့ပါတယ်။ ထို့နောက်သူမအား ညှင်းပန်းနှိပ်စက်ခံကလေးတွေကို ကူညီပေးတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။
Ozamiz ရှိ အခြားဘုရားကျောင်းက ဤဂေဟာကို တာဝန်ယူထားတာဖြစ်ပါတယ်။ သူမဒီမှာရှိနေချိန်အတွင်းမှာ သူမတစ်ယောက်တည်းမဟုတ်တာကို ခံစားရပါတယ်။ ဒီဂေဟာရှိကလေးတော်တော်များများဟာ မိုနီကာထက်ငယ်ကြပါတယ်။ ဒါကြောင့် ညနေခင်းမှာ သူတို့ရဲ့ဆုတောင်းသံကိုသူမ ကြားရပြီး သူတို့ ဖြတ်သန်းခဲ့ရတာတွေကြားကနေ ပျော်ရွှင်မှုကို မြင်တွေ့ခဲ့ရတဲ့အခါ အလွန်အံ့ဩသွားခဲ့ပါတယ်။ နောက်ရက်တွေမှာ သူမဟာကျမ်းစာသင်တန်းတွင်ပါဝင်ခဲ့ပြီး သူမအတန်းဖော် Isaac လည်း သူမဆီလာလည်ပါတယ်။ မိုနီကာသည် ကလေး ၁၀ ဦးနေထိုင်ပြီးဖြစ်သော ကျောင်းရုံးခန်း၏တည်နေရာသို့ ပြောင်းရွှေ့ရန် ကမ်းလှမ်းခံခဲ့ရသည်။ အဲ့ဒီမှာ သူမ အိမ်အသစ်နှင့်မိသားစုအသစ် ရရှိခဲ့ပါသည်။

မိုနီကာ၏အခုရှိနေတဲ့ ပညာအရည်အချင်းဖြင့် Ozamiz မြို့ထဲမှာ အချိန်ပြည့်အလုပ်လုပ်ရန် အခွင့်အရေးကောင်းရခဲ့ပါတယ်။ သူမရဲ့အကြီးမားဆုံးပန်းတိုင်က သူမရဲ့မောင်လေးတွေကိုကူညီဖို့ရန်ဖြစ်ပါတယ်။ သူမရဲ့ဦးလေးကိုခွင့်လွှတ်ပြီး သူ့ကိုထောက်ပံ့ဖို့ရန်အတွက်လည်း သူမဆန္ဒရှိခဲ့ပါတယ်။ သူမသည်အခြားအရာများထက် ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်လိုကြောင်းပြောသောအခါ တောက်ပနေသောသူမ မျက်လုံးများကို တွေ့ခဲ့ရပါတယ်။ ဘုရားသခင်ကသူမကိုကူညီခဲ့ပြီး သူမအားဆင်းရဲဒုက္ခတွင်းမှကူညီခဲ့ပါတယ်။ သူမကို လုံးဝအသစ်သောဘဝ၊ အနာဂတ်နှင့် အံ့သြဖွယ်မျှော်လင့်ချက်တစ်ခုကို ပေးခဲ့တာဖြစ်ပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page