top of page

မောင်ဗန်လုံမိန်ထန်

အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်နာမည်ကတော့မောင်ဗန်လုံမိန်ထန်ဖြစ်ပါတယ်။
ကျွန်တော်လည်းဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို သက်သေခံလိုပါတယ်။ကျွန်တော့်ရဲ့ဘဝဟာမကောင်းသောအမှုအရာများ၌သာ ပျော်မွေ့ခဲ့ပြီးကျင်လည်နေခဲ့ပါတယ်။ ကျွန်တော်နေ့တိုင်းကျမ်းစာဖတ်ပြီးအပတ်တိုင်းဘုရားကျောင်းတက် သော်လည်း ကျွန်တော့်ရဲ့နှလုံးသား၌ဘုရားနဲ့ဝေးကွာခဲ့ပြီး ကျွန်တော့်ဘဝရှေ့ရေးတွက်မသေချာမရေရာလမ်းပျောက်နေခဲ့ပါတယ်။ ဒါပေမဲ့ မိဘအရိပ်အောက်မှာနေသည့်အတွက်ကျွန်တော့်ဘဝဟာ စိုးရိမ်မှုမရှိခဲ့သလိုပူပန်မှုလည်းမရှိခဲ့ပါဘူး။ ဘဝကိုဖြစ်သလိုနေထိုင်ရင်း ၃နှစ်တာကာလအချိန်ဖြုန်းနေခဲ့မိပါတယ်။ ၂၀၂၂ခုနှစ် သင်္ကြန်သင်တန်းမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကို ကျွန်တော်နားလည်သဘောပေါက်ခဲ့ပါတယ်။ခရစ်ယာန်မိသားစုဝင်ဖြစ်တဲ့အလျောက် ကယ်တင်ခြင်းဆိုတဲ့အရာဟာ ကျွန်တော့်အတွက်မစိမ်းလှတဲ့အရာဖြစ်ပါတယ်။ကျွန်တော်ကယ်တင်ခြင်းသင်တန်းပေါင်းများစွာကိုနားထောင်ဖူးပါတယ်။ မိမိကိုယ်ကိုလက်ခံယုံကြည်တယ်လို့ထင်ထားသော်လည်း သြတပစိတ် မှာတော့စိတ်မချနိုင်ခဲ့ဘူး။ အသက်တာအပိုင်းမှာလည်း ထူးခြားမှုမရှိခဲ့ရုံသာမက ဘုရားရှေ့လူရှေ့မှာလည်း ဝန်မခံရဲခဲ့ပါဘူး။ ကျွန်တော့်ရဲ့ဘဝအသက်တာမှာ ဘုရားဆုံးမမှုများစွာရှိသော်လည်း ဘုရား ဆုံးမလို့ဆုံးမမှန်းမသိအောင်ကိုမိုက်မဲခဲ့ပါတယ်။

မောင်ဗန်လုံမိန်ထန်

ကျွန်တော်ကယ်တင်ခြင်းရပြီလို့ခံယူထားတဲ့အချိန်မှာ မပြောင်းလဲတဲ့အသက်တာနဲ့ မခံယူနိုင်တဲ့နှုတ်ကပတ်တော်တွေကြောင့် စိတ်မချနိုင်ဖြစ်ခဲ့ပါတယ်။ ဘုရားသခင်ပေးတဲ့ကျေးဇူးတော်ကယ်တင်ခြင်းဆိုတာ ယခုတွက်ရော နက်ဖန်တွက်ရော အနာဂါတ်တွက်ရော ပြုလုပ်ပြီးခဲ့သောအ ပြစ်များအားတွက်ပါ ကယ်တင်ခံရကြောင်းကျွန်တော်ရှင်းလင်းစွာနားလည် သဘောပေါက်ခဲ့ပါတယ် ။
ကယ်တင်ခြင်းရပြီးနောက်မှာ ကျွန်တော့်ရဲ့မသေချာမရေရာတဲ့အနာဂါတ်ကို ဘုရားသခင်ကလမ်းပြခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း မသေချာတဲ့အနာဂါတ်၊ မနက်ဖြန်နေ့ရက်များကိုဘုရားသခင်ရဲ့လက်ထဲအပ်နှံလိုက်ပါတယ်။ ဒါနဲ့ကျွန်တော်ကျမ်းစာကျောင်းတက်ဖို့ကိုရွေးချယ်ခဲ့ပါတယ်။ဘုရားနဲ့အနီးဆုံးနေရာဖြစ်သည့်အလျောက် စေတန်ကလည်း အနှောက်ယှက်ဆုံးနေရာတခုဖြစ်နေပါတယ်။ဒါကြောင့်ဖတ်ရှုသူယုံကြည်သူ မိဘညီအကို မောင်နှမအပေါင်းတို့ ကျွန်တော့်ကိုဆုတောင်းခြင်းဖြင့်ကူညီကြပါလို့ မေတ္တာရပ်ခံရင်အဆုံးသတ်ပါရစေ။
အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page