top of page

မောင်မီရှင်လုံရိုးနှင်

ရှေးဦးစွာအခွင့်အခါကောင်းကိုပြင်ဆင်ပေးသော ဘုရားသခင်နာမတော်မြတ် သာ၍ဘုန်းကြီးခြင်းရှိပါစေ။ကျွန်တော့်နာမည်ကတော့ မောင်မီရှင်လုံရိုးနှင်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဇာတိကတော့ ချင်းပြည်နယ်၊မတူမြို့ဖြစ်ပါတယ်။ကျွန်တော်ကတော့ ခရစ်ယာန်မိသားစုကနေမွေးဖွားလာတဲ့သူဖြစ်သည့်အားလျော်စွာ ခရစ်တော်အကြောင်းကိုငယ်စဉ်ကတည်းက သိရှိသော်လည်း အသက်(၁၄)နှစ်ရောက်မှ ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင် အဖြစ်လက်ခံယုံကြည်ခဲ့ပါတယ်။
ကျွန်တော်ဆယ်တန်းအောင်ပြီးနောက် ကျွန်တော့်အဖေက အမှုတော်အတွက်ဆပ်ကပ်ဖို့တိုက်တွန်းခဲ့သော်လည်း ငြင်းဆန်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာကျောင်းတက်ခဲ့ပေမဲ့ မူးယစ်ဆေးဝါးနွံထဲနစ်နေခဲ့ကာ ကျောင်းဆက်မတက်နိုင်ခဲ့ပါဘူး။ထပ်ပြီးတော့ ကျွန်တော့်အဖေက ဓမ္မကျောင်းတက်ဖို့ တိုက်တွန်းခဲ့ပြန်တယ်။ကျွန်တော်လည်း ထပ်ပြီးငြင်းဆန်ခဲ့ကာ နောက်ဆုံးမှာတော့ အဖေရဲ့တိုက်တွန်းခြင်းကိုကျွန်တော်ထပ်ပြီးမငြင်းနိုင်တော့ဘဲ India ဘက်မှာဓမ္မကျောင်းကိုတက်ရောက်ခဲ့ပါတယ်။တစ်ကျောင်းပြီးတစ်ကျောင်း ဆက်ခဲ့သော်လည်းပြီးမြောက်သည်အထိကောင်းမွန်စွာမတက်ရောက်နိုင်ခဲ့ပါဘူး။ဘုရားရဲ့အလိုတော်ကို မသိခဲ့ပဲ မကောင်းမှု ဒုစရိုက်တွေလုပ်တိုင်း ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ကျွန်တော်အရက်သောက်တိုင်းလည်း ရန်ဖြစ်ပြီးရဲစခန်းရောက်၊ဆိုင်ကယ်မောင်းလည်းမှောက်၊ပတ်ဝန်းကျင်မှာလည်း အရှက်ကွဲခြင်းမြောက်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ဒါနဲ့ ကျွန်တော့်အနာဂတ်က မှေးမှိန်လာပြီး ကျွန်တော့်မိဘတွေလည်းလက်မြောက်အရှုံးပေးခဲ့ရပါတယ်။ဒါပေမဲ့ ဘုရားကကျွန်တော့်ကိုမစွန့်ပစ်ခဲ့ဘဲ သူ့ရဲ့အလိုတော်ကို သိမြင်ခွင့်ပေးခဲ့ပါတယ်။

မောင်မီရှင်လုံရိုးနှင်

(ယာ ၂:၂၂ ၊ ၂၄၊၂၆) (မဿဲ ၂၈:၁၉-၂၀) ဤကျမ်းချက်တွေကကျွန်တော့်ရဲ့ အကျင့်ဆိုးတွေကိုပြင်ပြီး ဘုရားကောင်းမြတ်ခြင်းကြောင်းကို လူမျိုးတကာဆီဟောဖို့ ကျွန်တော့်ကိုတွန်းအားပေးခဲ့ပါတယ်။
ကျွန်တော်ဒီလောက်ထိဆိုးနေပေမဲ့လည်း ဒီကနေ့ထိကွယ်ကာပေးပြီး အသက်ရှင်ခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းသိလာတဲ့အခါမှာ အလိုတော်အတိုင်း လိုက်လျှောက်ပြီး သူ့ရဲ့အမှုတော်မြတ်မှာပါဝင်ဆပ်ကပ်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့် ကျွန်တော့်ရဲ့အဖေကိုတောင်းပန်ပြီး ကျမ်းစာကျောင်းဆက်တက်နိုင်ရန်အတွက် အခွင့်ရေးပေးဖို့တောင်းဆိုတဲ့အခါမှာ လက်ခံပေးခဲ့ပါတယ်။ဒါနဲ့ ကျွန်တော့်ရဲ့အသက်တာပိုင်းကိုပြင်ဆင်ကာ ကျမ်းစာကျောင်းကို မိမိရဲ့ဆန္ဒနဲ့ တက်ရောက်ခဲ့ပြီး (B.Th) ဘွဲ့ကိုရရုံသာမက နှုတ်ကပတ်တော်ကိုပိုမိုနားလည်ရန်အတွက် ယခုအချိန်မှာ (M.Div) တက်ရောက်နိုင်ဖို့လည်း ဘုရားသခင်ကလမ်းဖွင့်ပေးခဲ့ပါတယ်။ဘုရားသခင်ကနောင်တနဲ့ သူထံကိုလာတဲ့သူမည်သူမဆို လက်ခံကာ ကောင်းကြီးပေးကြောင်းကို ကျွန်တော်ကိုယ်တိုင်သိရှိခံစားကာ ကျွန်တော့်ရဲ့သက်သေခံချက်ကိုဖတ်ရူနေတဲ့ဓမ္မမိတ်ဆွေတွေထဲမှာလည်း အလိုတော်နဲ့ ဆန့်ကျင်တဲ့သူရှိရင် အမြန်ဆုံးနောင်တရားနဲ့ ဘုရားရဲ့မျက်မှောက်တော်ထဲသို့တိုးဝင်ချဉ်းကပ်ဖို့ ခွန်အားပေးရင်း ကျွန်တော့်ရဲ့သက်သေခံချက်ကိုနိဂုံးချုပ်ပါတယ်။
ဖတ်ရူသူအယောက်စီတိုင်းပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပါစေ။



Hjerte til nettside.png
  • Facebook
bottom of page