
မွတ်စလင်များ ယေရှုနှင့် ဆုံတွေ့ခြင်း

ကျွန်တော်တို့ရဲ့ အစည်းဝေးတစ်ခုမှာကျွန်တော်တို့ အနာရောဂါငြိမ်းခြင်းအတွက် အထူးဆုတောင်းခြင်း အချိန်ရှိခဲ့ပါတယ်။ ဖျားနာသူအားလုံးကို ဆုတောင်းခံရန် အခွင့်အရေးပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆုတောင်းနေစဉ်မှာ အမျိုးသမီးတစ်ဦးဟာ မတ်တတ်ထရပ်ပြီး သူမသက်သေခံနေတုန်းမှာပဲ မွတ်စလင်အမျိုးသမီးတစ်ဦး လျှောက်လာခဲ့တယ်။သူမဟာအပြင်မှာရပ်ပြီးတော့ နားထောင်ခဲ့တယ်။ ခဏအကြာမှာတော့ သူမ စူးစမ်းချင်စိတ်ပြင်းပြလာပြီး ကျွန်တော်တို့စုဝေးတဲ့ စတိုးဆိုင်ထဲ ဝင်လာခဲ့ပါတယ်။ ခဏအကြာတွင် သူမက “ကျွန်မအတွက်ရော ဆုတောင်းပေးနိုင်မလား။ ကျွန်မလည်း နေမကောင်းဖြစ်နေပြီး နေပြန်ကောင်းချင်တယ်"ဆိုပြီးပြောခဲ့ပါတယ်။လူတိုင်းကလန့်သွားခဲ့တယ်။ ဘာလို့လဲဆိုရင် ခရစ်ယာန်တွေဆီမှာ ဆုတောင်းပေးဖို့ တောင်းဆိုတဲ့ မွတ်စလင်တစ်ဦးကို ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်လို့ပါပဲ။ သူတို့သည် အလွန်စိတ်လှုပ်ရှားခဲ့ကြပြီး သူမအတွက် ဝမ်းမြောက်ဝမ်းသာ ဆုတောင်းပေးခဲ့ကြတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ မွတ်စလင်များက သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကို ပြောဆိုကြပြီး တရုတ်စကားကို ကောင်းကောင်းမတတ်ကြလို့ သူတို့သည်ဖြည်းညှင်းစွာ ဆုတောင်းပေးခဲ့ရပါတယ်။သူမအတွက် ဆုတောင်းနေကြတုန်းမှာပဲ ညီအစ်ကိုတစ်ယောက်က “ယေရှုကို ယုံချင်ပါသလား” လို့မေးတဲ့အခါ သူမက ခေါင်းညိတ်ပြီး သခင်ယေရှုအားသူမအသက်ကိုပေးခဲ့ပါတယ်။ အဲ့အချိန်ကစပြီး သူမနေပိုကောင်းလာပါတယ်။ သူမအိမ်ပြန်ရောက်တဲ့အခါ သူမခင်ပွန်းက အံ့သြသွားခဲ့တယ်။ သူတို့ဟာ အလွန်ဆင်းရဲတဲ့မိသားစုဖြစ်ပြီးတော့ သူတို့ရဲ့ပိုက်ဆံတွေကို ဆရာဝန်ပြဖို့၊ ဆေးဝယ်ဖို့ အကုန်သုံးခဲ့ကြတာဖြစ်တယ်။ အဲ့အမျိုးသမီးအသက်ရှင်ဖို့ လအနည်းငယ်ပဲကျန်တော့တယ်လို့ ဆရာဝန်က သူတို့ကို ပြောထားခဲ့တာဖြစ်တယ်။သူတို့ပိုက်ဆံပြတ်လပ်သွားပြီး လုံးဝအကူညီမဲ့နေခဲ့ကြတာဖြစ်တယ်။
ဒီအရာကြောင့် သူတို့ဟာ မျှော်လင့်ချက်တစ်ဖန် ပြန်ရှိလာတယ်။ မိသားစုတစ်ခုလုံးက အဲ့ဒီအိမ်အသင်းတော်ရဲ့ ဝတ်ပြုခြင်းတွေမှာ စတင်ပါဝင်လာကြပြီး အချိန်တိုလေးတွင်းမှာ သူတို့အားလုံး ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ကြတယ်။ ဘုရားကျောင်းကလူတွေလည်း သူတို့အိမ်ကို မကြာခဏလာလည်ကြပါတယ်။တစ်ဖက်မှာတော့ အဲ့ဒီဒေသမှာရှိတဲ့ မွတ်စလင်ခေါင်းဆောင်တွေက သိပ်စိတ်မလှုပ်ရှားကြပါဘူး။သူတို့မွတ်စလင်အုပ်စုတစ်စုက လက်ထဲမှာလက်နက်တွေကိုင်ဆောင်ထားပြီး ထိုမိသားစုနေအိမ်ကို ဝိုင်းရံခဲ့ကြတယ်။ “မင်းတို့ ဒီခရစ်ယာန်ဘာသာကို ငြင်းပယ်ပြီး မင်းတို့ဟာမွတ်စလင်ကောင်းတွေဖြစ်ကြောင်းဝန်ခံရင် မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်။ မဟုတ်ရင် သတ်ပစ်မယ်” ဆိုပြီး မိသားစုကို အော်ပြောခဲ့ကြတယ်။ အိမ်ထဲမှာရှိတဲ့လူကို လွယ်လွယ်နဲ့ ခြိမ်းခြောက်လို့မရခဲ့ပါဘူး။ “ကျွန်တော်တို့ စားပွဲပေါ်မှာ စားစရာမရှိလောက်အောင် ဆင်းရဲတုန်းက ကျွန်တော်တို့ကို ကူညီဖို့ ခင်ဗျားတို့ထဲက ဘယ်သူလာဖူးသလဲ။ ကျွန်တော့်မိန်းမ အသက်ရှင်ဖို့လအနည်းငယ်ပဲကျန်ပြီး ဆေးကုသဖို့ကျွန်တော်တို့ မတတ်နိုင်တော့တဲ့အချိန်မှာ ဒီကို ဘယ်သူလာဖူးလဲ” ဆိုပြီး သူပြန်အော်ခဲ့ပါတယ်။ “ခရစ်ယာန်တွေကပဲ ကျွန်တော်တို့ကို ကူညီဖို့လာခဲ့တယ်။ သူတို့ကပဲ ဂရုဏာတရားကိုပြတဲ့သူတွေဖြစ်တယ်။

ခင်ဗျားတို့ဟာ ကျွန်တော့်ရဲ့အိမ်နီးချင်းတွေဖြစ်ကြပေမဲ့ ကျွန်တော်တို့ကို တစ်ယောက်မှ ဂရုမစိုက်ကြဘူး။မွတ်စလင်ကောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ဗလီကိုသွားခဲ့ပေမဲ့ ကျွန်တော်ဘာအကူညီမရခဲ့ဘူး။ ကျွန်တော်တို့မိသားစုလိုအပ်တဲ့အခါမှာ ယေရှုကပဲ ကျွန်တော်တို့မိသားစုကိုကူညီခဲ့တယ်။ယေရှုကပဲ ကျွန်တော့်ဇနီးသည် သေဆုံးခါနီးအချိန်မှာ ကုသပေးခဲ့တယ်။” လို့သူက ပြန်အော်ပြောခဲ့တယ်။မွတ်စလင်တွေကိုဒီလိုမျိုးတစ်ခါမှဘယ်သူကမှမပြောခဲ့ကြပါဘူး။ သူတို့ဆီ ကြောက်ရွံ့မှုတွေဝင်လာပြီး မိသားစုတွေကိုနာကျင်အောင်လုပ်ဖို့ သူတို့ကြွက်သားတစ်ခုမျှ မလှုပ်ရှားခဲ့ပါဘူး။တစ်ယောက်ပြီးတစ်ယောက် သူတို့ထွက်သွားတယ်။ သူတို့မှာရွေးချယ်စရာမရှိခဲ့ပါဘူး။ယနေ့ မှာတော့ ဒီမိသားစုဟာ အဲ့ဒီမွတ်စလင်မြို့လယ်ရှိ အိမ်အသင်းတော်ရဲ့ အိမ်ရှင်တွေဖြစ်လာပါတယ်။
