top of page

ယေရှုကအရာအားလုံးကိုပြောင်းလဲပေးတယ်။

ယေရှုကအရာအားလုံးကိုပြောင်းလဲပေးတယ်။

အာရှနိုင်ငံတော်တော်များများမှာ ဧဝံဂေလိတရားများပြန့်ပွားလာပါတယ်။ကျွန်တော်တို့ဟာ အကြောင်းရင်းကိုခန့်မှန်းနိုင်ပြီး ရှင်းလင်းချက်များစွာကိုတွေ့ရှိနိုင်ပါတယ်။သိသာထင်ရှားတဲ့နိမိလက္ခဏာတွေက ပုံမှန်အတိုင်းဖြစ်ပွားနေပါတယ်။ ဗီယက်နမ်က ညီမလေး Thamက ဧပြီလမှာသေဆုံးသွားတဲ့ ဘုရားကျောင်းလူငယ်ခေါင်းဆောင်အကြောင်း ကျွန်တော်တို့ကိုပြောပြပါတယ်။သူ့ရဲ့မိသားစုနှင့် အသင်းသူအသင်းသားတွေက သူ့ကိုဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမဲ့ သေဆုံးပြီးသူကို ဆေးရုံခေါ်လာတာကို ဆရာဝန်က အံ့သြခဲ့ပါတယ်။ သူတို့ဆေးရုံမှာစောင့်နေတုန်း သေသွားပြီဖြစ်တဲ့ ထိုသူကမျက်လုံးပွင့်လာပြီးတော့ "ငါဘယ်ရောက်နေတာလဲဆိုပြီး”မေးခဲ့တယ်။ သူက အလင်းရောင်အများကြီးရှိတဲ့ အခန်းမှာ တစ်ခါမှမနေခဲ့ဖူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလျှပ်စစ်မီးမရှိတဲ့ တောင်တန်းဒေသတစ်ခုမှာ နေခဲ့လို့ဖြစ်ပါတယ်။သူ့သူငယ်ချင်းတွေက သူသေသွားတဲ့အတွက် အဲဒီကို ခေါ်လာခဲ့ကြတာပါလို့ ပြန်ပြောခဲ့တယ်။

သူသည်ရုတ်တရက် မှတ်မိလာခဲ့ပြီးတော့ “ဟုတ်တာပေါ့” လို့ပြန်ဖြေခဲ့ပါတယ်။ကျွန်တော်သေခဲ့ပြီး ကောင်းကင်ရောက်ခဲ့တယ်။ ဒါပေမဲ့ “မင်းဒီကိုလာလို့မရသေးဘူး။ မင်းရဲ့အသင်းတော်ဟာအားနည်းနေတယ်။ မင်းပြန်သွားပြီးတော့သူတို့တွေကိုကူညီပေးရမယ်။” လို့ပြောတဲ့ ကောင်းကင်တမန်နှစ်ပါးနဲ့ ဆုံခဲ့တယ်။“ပြီးတော့ကောင်းကင်တမန်က အသက်ပင်ကဖြစ်နိုင်တဲ့ သစ်ရွက်တစ်မျိုးကို ကျွန်တော့်ပါးစပ်ထဲထည့်ပေးပြီးတော့ ဒီတောက်ပလွန်းတဲ့အခန်းထဲမှာ ကျွန်တော့်မျက်လုံးတွေပွင့်လာတာဖြစ်တယ်။”ယခုအချိန်တွင် ထို Pastorက အမှုတော်လုပ်ငန်းမှာ ပြန်လည်ရောက်ရှိပြီး သူ့ရဲ့အသင်းတော်ကို ဉီးဆောင်လျက်ရှိပါတယ်။ ဒီလိုအတွေ့ကြုံတွေက သိသာထင်ရှားတဲ့ အံသြဖွယ်တစ်ခုပါ။

ဧဝံဂေလိတရားကျယ်ပြန့်ရသော နောက်ထပ်မြင်သာနိုင်မှုအပိုင်းတစ်ခုက စီးပွားရေးဖြစ်တယ်။ ဘာလို့လဲဆိုတော့ သမ္မာကျမ်းစာက သူ့ဉစ္စာမခိုးဖို့ ပြောထားတဲ့အတွက် ကျွန်တော်တို့ဟာ ရိုးသားတဲ့အလုပ်တစ်ခုလုပ်ကြလို့ဖြစ်တယ်။ သူတို့က ဂရုတစိုက်နဲ့ သူတို့တွေရဲ့ပိုက်ဆံတွေကို အရက်နှင့်မူးယစ်ဆေးတွေအတွက် မသုံးဖြုန်းကြတော့ပါဘူး။အဲ့ဒီအစား သူတို့တွေ အချင်းချင်းကူညီဖို့သင်ယူနေကြပြီး ကဲ့ရဲ့ရှုတ်ချခြင်းကို ဂရုဏာတရား နဲ့လဲလှယ်လိုက်ကြပါတယ်။မိဘမဲ့ဂေဟာတွေတည်ဆောက်ကြတယ်။ ကလေးတွေကျောင်းတက်ဖို့ရန် ထောက်ပံ့ပေးကြတယ်။ ပြီးတော့ ကျမ်းစာသွန်သင်ချက်အတိုင်း မိဘမဲ့တွေနဲ့မုဆိုးမတွေကိုကူညီတွေဟာ ဘယ်လောက်လှပ တယ်ဆိုတာကိုလူတိုင်းမြင်နိုင်ပါတယ်။တရုတ်၊ဗီယက်နမ်၊ကမ္ဘောဒီးယား ပြီးတော့ အခြားသောနေရာတော်တော်များများမှာရှိတဲ့ အသင်းတော်တွေ သိသာထင်ရှားစွာကြီးထွားလာစေတဲ့ အခြားအကြောင်းရင်းများစွာရှိနိုင်ပါတယ်။နောက်တစ်ချက်က လူတွေဘယ်တော့မှအပြည့်အဝမှ နားလည်မှာမဟုတ်တဲ့ ဘုရားသခင်ရဲ့အချိန်အခါ တစ်ခုရှိပါတယ်။

ဘာပဲဖြစ်ဖြစ် အာရှရှိ ကျွန်တော်တို့ ခရစ်ယာန်မိတ်ဆွေများရဲ့ ချစ်ခြင်းမေတ္တာနှင့် စိတ်အားထက်သန်မှုကိုကြည့်ရတာဟာ အံ့ဩစရာကောင်းပါတယ်။ ဝမ်းနည်းစွာနဲ့ ကျွန်တော်တို့တော်တော်များများတွေ့မြင်ရတဲ့ “အနောက်ပိုင်း ခရစ်ယာန်” တွေနဲ့ များစွာကွာခြားပါတယ်။ခရစ်ယာန်တန်ဖိုးတွေဟာလူတိုင်းအတွက်ဖြစ်ပါတယ်။ ၄င်းတို့ကို ကျွန်တော်တို့၏ယုံကြည်ခြင်းပေါ်အခြေခံထားတဲ့ ဘာသာစကားများစွာဖြင့်ဘာသာပြန်ထားတဲ့ သမ္မာကျမ်းစာထဲတွင်လေ့လာနိုင်ပါတယ်။အရေးကြီးတဲ့အရာတွေထဲက အချို့က ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ လွတ်လပ်မှု ၊ဖော်ရွေမှု၊ အမှန်တရား၊ ဂရုဏာ၊ မျှော်လင့်ချက် ၊နှစ်သိမ့်မှု၊ နူးညံ့မှု ၊ခွင့်လွှတ်မှုနှင့် ပြန်လည်သင့်မြတ်ရေးတို့ဖြစ်တယ်။ဒါတွေက ဘဝတည်ဆောက်ရာမှာ အရှုံးမရှိတဲ့တန်ဖိုးတွေဖြစ်ပါတယ်။

အာရှတိုက်အတွင်း ထိုသို့သောရွှင်လန်းမှုဖြင့် ဧဝံဂေလိတရားကို လက်ခံရသည့် အရေးကြီးဆုံးအကြောင်းရင်းတစ်ခုမှာ လူတွေအပေါ်မြင်သာသော အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်။နှုတ်ကပတ်တော်များက အသက်ဝင်လာပါတယ်။လူတွေက စိတ်နေသဘောထားအသစ်၊ အမူအကျင့်သစ်များရရှိကြပြီး မတူညီတဲ့နည်းလမ်းဖြင့် စတင်ပြောဆိုလာကြကာ တောက်ပမှုအသစ် ရရှိလာကြပါတယ်။ဘယ်လိုလဲ။ဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြင့် သူတို့ကိုယ်သူတို့ ပြုစုပျိုးထောင်ကြတယ်၊ သူတို့ နှုတ်ကပတ်တော် ကို ဆည်းကပ်တယ်၊ အပ်နှံတယ်၊ ဦးစားပေးကြလို့ဖြစ်ပါတယ်။သူတို့နေ့ရက်စဉ်တိုင်းကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချပါတယ်။ ပြီးတော့ ဒါကိုကျွန်တော်တို့လည်း လုပ်နိုင်ပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page