top of page

ယေရှုကိုငါဘယ်တော့မှငြင်းပယ်မှာမဟုတ်ဘူး

ယေရှုကိုငါဘယ်တော့မှငြင်းပယ်မှာမဟုတ်ဘူး

တရုတ်လူမျိုး ဟာနသည် အကြိမ်ပေါင်းများစွာ ထောင်ကျဖူးပါသည်။ သူမသည်သုံးကြိမ်တိုင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော်လည်း ရဲများထပ်မံပေါ်ထွက်လာမည်ကို သူမကြောက်ရွံ့ပါ။ “ကျွန်မ အားနည်းနေချိန်မှာ ဘုရားကကျွန်မကို ခွန်အားပေးတာကို ကိုယ်တိုင်ကြုံခဲ့တဲ့အတွက် ကျွန်မမကြောက်ပါဘူး” ဟု သူမပြောပြပါသည်။လွန်ခဲ့သော ၇ နှစ်က သူမပထမဆုံးအကြိမ် အဖမ်းခံခဲ့ရခြင်းအကြောင်းကိုပြောပြသည့်အခါ ဟာနသည် မျက်ရည်မကျအောင် ထိန်းနေရသည်။ ရဲက သူမရဲ့ယုံကြည်ခြင်းကို အတင်းအကျပ်ငြင်းဆန်စေစဉ်တွင် ဟာန၏ကလေးများက သူမအား ဖက်တွယ်ငိုယိုနေခဲ့ကြသည်။ ရဲရောက်လာရတဲ့အကြောင်းရင်းကို ဟာနရှင်းပြနေချိန်မှာတော့ သူမမျက်ရည်တွေကြားမှ ပြုံးပြသည်။ အသင်းတော်မှ အဖွဲ့တစ်ဖွဲ့သည် ဆေးရုံတစ်ခုအတွက် ဆုတောင်းလာခဲ့သည်မှာ ၂လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သိပ်မကြာခင်တွင်ပင် ထိုဆေးရုံတွင် နှိုးထမှုဖြစ်လာခဲ့သည်။

လူမြောက်များစွာ အနာငြိမ်းပြီး ကယ်တင်ခြင်းရရှိခဲ့ကြသည်။ ဆေးရုံအုပ်ချုပ်ရေးတွေက ဘာတွေဖြစ်နေလဲဆိုတာ မသိကြတဲ့အတွက် လုံခြုံရေးရဲတွေကို ခေါ်ခဲ့ကြသည်။ ဒါကြောင့် အဲ့ဒီည ဝတ်ပြုကိုးကွယ်နေချိန်မှာပဲ အသင်း‌တော်ကို ရဲတွေက ဝိုင်းလိုက်တယ်။ ရဲတွေရောက်လာပြီး ခရစ်ယာန်ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်းကြေငြာချက် စာချုပ်မှာ လက်မှတ်ထိုးတဲ့သူတွေ ထွက်သွားလို့ရကြောင်းပြောတယ်။ “နိုင်ငံခြားဘာသာကိုးကွယ်မှုကို နင်တို့လေးလေးနက်နက်ယုံကြည်လို့မရဘူး” လို့သူတို့က ဖိအားပေးပြောဆိုခဲ့တယ်။ တစ်ယောက်ပြီးတစ်ယောက် လက်မှတ်ထိုးခဲ့ကြတယ်။ လူပေါင်း (၁၇၀)စုဝေး ဝတ်ပြုကြပေမဲ့ ၈ယောက်ကပဲ လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ကြတယ်။ အများစုက ပြောင်းလဲကာစ ယုံကြည်သူများဖြစ်ကြတယ်။ သူတို့က ယုံကြည်ခြင်းမှာ အခြေမခိုင်ကြသေးတဲ့အပြင် ရဲကိုလည်းကြောက်ကြတယ်။ သူတို့ဘာလုပ်ခဲ့ကြမှန်း သူတို့ကိုယ်တိုင်မသိကြဘူး။ ဟာနကိုယ်တိုင်တောင် ဖိအားများစွာခံရပြီး ဒါကို မခံနိုင်လုနီးပါးဖြစ်ခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမယောကျ်ားဆုံးပါးပြီးနောက်မှာ ဟာနက သူမတစ်ယောက်တည်း ကလေး(၂)ယောက်နဲ့ ရပ်တည်နေရတာဖြစ်တယ်။ သူမထောင်ကျသွားရင် ကလေးတွေ ဘယ်လိုဖြစ်သွားမလဲ? အနာဂတ်မှာရော ကလေးတွေကို သူမဘယ်လို ပြုစုရမလဲ? တကယ်လို့ သူမ သခင်ယေရှုကို မငြင်းပယ်ဘူးဆိုရင် သူမရဲ့ အလုပ်ဆုံးရှုံးရလိမ့်မယ်လို့လည်း ရဲကပြောထားတယ်။ ရွေးချယ်ဖို့ကတော့ လွယ်လွယ်လေးပါပဲ။ သူမယုံကြည်ကိုးကွယ်တဲ့ ဘုရားဟာ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ကြောင်း သူမသေချာသိနေတဲ့အတွက် သူမ လက်မှတ်မထိုးနိုင်ခဲ့ပါဘူး။ ဘုရားက သူမကိုကူညီမယ်ဆိုတာကိုလည်း သူမယုံကြည်စိတ်ချနေတယ်။ သူမကို သံတိုင်တွေထဲ ခေါ်ဆောင်သွားချိန်မှာ ကလေးတွေကို သူတို့အဖွားဆီပို့ပေးဖို့ သူမအိမ်နီးချင်းတွေကို အကူညီတောင်းခဲ့တယ်။

“တကယ်လို့ ကျွန်မယုံကြည်ခြင်းကို မစွန့်လွှတ်ဘူးဆိုရင် သစ်သားတုတ်နဲ့ ကျွန်မကို သေတဲ့အထိရိုက်မယ်လို့ ရဲစခန်းမှာ ကျွန်မကို ခြိမ်းခြောက်ပါတယ်။ သစ်သားတုတ်ကို ကျွန်မကန်လိုက်တဲ့အခါမှာတော့ သူတို့သိပ်ဒေါသထွက်သွားခဲ့တယ်” လို့သူမက ပြောပြပါတယ်။ သူတို့ကျွန်မကို လက်နောက်ပစ်ချည်ပြီး သစ်ပင်တစ်ပင်မှာ ကျွန်မကို ချည်ခဲ့ကြတယ်။ ပြီးတော့ ကျွန်မခေါင်းကို ရိုက်ခဲ့ကြပြီး ကျမကို ဆူးပါတဲ့သစ်ကိုင်းခက်တွေနဲ့ ရိုက်နှက်ခဲ့ကြတယ်။ ဆူးတွေကြောင့် ကျွန်မအဝတ်တွေ စုတ်ပြဲသွားခဲ့တယ်။ အရမ်းနာကျင်ခဲ့ပေမဲ့ ထူးခြားတာတစ်ခု ဖြစ်သွားခဲ့တယ် လို့သူမကငြိမ်သက်စွာပြောပြတယ်။ ရဲအရာရှိ ကျွန်မကို ကြမ်းတမ်းစွာရိုက်ဖို့ အသုံးပြုနေခဲ့တဲ့ တုတ်ဟာ သူလက်ကနေလွတ်ထွက်ပြီး သစ်ပင်ပေါ်သူမမီနိုင်တဲ့နေရာမှာ သွားကပ်နေတယ်။ ဝါးတံမြက်စည်းနဲ့ ရိုက်ဖို့ကြိုးစားပြန်တော့လည်း ထက်ဝက်ကျိုးသွားခဲ့ပြန်တယ်။ ကျွန်မဘယ်တော့မှ ယေရှုကို ငြင်းပယ်မှာမဟုတ်ဘူး။ အလုပ်ပြုတ်ချင်ပြုတ်ပါစေ။ သေမှာကိုလည်းမကြောက်ဘူးလို့ ကျွန်မ ရဲအရာရှိကို ပြောခဲ့တယ်။ အဲ့ဒီချိန်မှာတော့ ရဲက ကျွန်မကို လွှတ်ပေးခဲ့တယ်။

ထောင်ထဲကနေ ကောင်းတာတစ်ခုခုဖြစ်လာဖို့အကြောင်းပါလို့ ဟာနကပြောပါတယ်။ တစ်ခါကလည်း ခရစ်ယာန်အဖွဲ့ကြီးတစ်ဖွဲ့နဲ့အတူ သူမအဖမ်းခံခဲ့ပါတယ်။ အဲ့ချိန်မှာ ဧဝံဂေလိသတင်းစကားကို ထောင်သူထောင်သားတွေစီ ဝေငှခဲ့ကြပါတယ်။ ထောင်သားအချို့က ဒီအခြေအနေကို လက်မခံနိုင်ပါဘူး။ လူသတ်မှုနဲ့ ထောင်ကျနေတဲ့သူတစ်ယောက်ဆိုရင် တရားဟောတာမရပ်ရင် သတ်ပစ်မယ်လို့ ကျွန်မကို ခြိမ်းခြောက်ခဲ့ပါတယ်။ သူ့အတွက်ဝေငှဖို့ ဘုရားသခင်က ကျွန်မကို စေလွှတ်ခြင်းဖြစ်ကြောင်း သူ့ကို ကျွန်မပြောတော့ သူစငိုပါတော့တယ်။ တခြားထောင်သားတွေက အဲ့ဒီလူသတ်သမားကို ရှောင်ကြတဲ့အချိန်မှာ ခရစ်ယာန်တွေက သူ့ကိုဂရုစိုက်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့ စားစရာ သောက်စရာတွေကို အချိန်အတော်ကြာသူ့ကို ပေးခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူနောင်တရချင်ပြီဖြစ်ကြောင်း ကျွန်မတို့ကို လာပြောခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သူယေရှုကို လက်ခံခဲ့တယ်။ နောက်ပိုင်းမှာတော့ ထောင်သားများစွာ ကယ်တင်ခြင်းရရှိခဲ့တယ်ဆိုပြီး ဟာနက အဲ့ဒီထူးခြားတဲ့ညအကြောင်း ပြောပြပါတယ်။ လေ့ကျင့်ရေးကွင်းထဲမှာ ခရစ်ယာန်အားလုံး စက်ဝိုင်းပုံ ရပ်နေခဲ့ကြတယ်။ အသစ်ပြောင်းလဲလာတဲ့သူတွေက အလယ်မှာရပ်နေကြပြီး သူတို့ကို ကျွန်မတို့ လက်ချင်းတွဲဝန်းရံပြီး ဘုရားဝတ်ပြုခဲ့ကြတယ်။ အစောင့်နှစ်ယောက်ဆိုရင် သူတို့ဘာလုပ်ရမယ်ဆိုတာကို မေ့လျော့သွားပြိး ဒီစက်ဝိုင်းမှာ လာပူးပေါင်းခဲ့ကြတယ်။ သူတို့နှစ်ဉီးဟာ လက်ခုပ်တွေတီးပြီး သိပ်စိတ်လှုပ်ရှားနေခဲ့ကြတယ်။ ကျွန်မတို့အပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လှုပ်ရှားပြီး ကမ္ဘာကြီးလှုပ်ခါတာကို ကျွန်မတို့ခံစားခဲ့ရတယ်လို့ ဟာနက ပြောပြပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page