
ရိုဘီနာအင်ဒေးယာဂေါင်း
ကျွန်မကတော့ အသက် ၆၈နှစ်အရွယ် Robina Inday Yagao ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ Toril Davao မြို့မှာနေထိုင်ပါတယ်။ ကျွန်မက မုဆိုးမတစ်ယောက်ဖြစ်ပြီး ကလေးခြောက်ယောက်ထဲမှာ လေးယောက်ကျန်ခဲ့ပါတယ်။ ကျွန်မငယ်ငယ်တုန်းက ယေရှုခရစ်တော်နဲ့ ဆုံခဲ့ပြီး ငယ်ရွယ်တဲ့အချိန်မှာကတည်းက ဘုရားကျောင်းတက်ခဲ့တယ်။ ဒါပေမဲ့ ဒါဟာ အပေါ်ယံသက်သက်သာဖြစ်ခဲ့တယ်။
ကျွန်မ ကြီးပြင်းလာတဲ့ချိန်အထိ လောကီအရာတွေကိုပဲလုပ်နေတယ်။ကျွန်မမှာ ရိုးသားတဲ့ ယုံကြည်ချက်တွေ မရှိဘူး။ ပြီးတော့ ကျွန်မမိဘတွေလည်း ဘုရားကျောင်းကို မသွားကြဘူး။ ကျွန်မဘယ်လိုနှိမ့်ချရမှန်းလည်းမသိဘူး။ တစ်ယောက်ယောက်က ကျွန်မကို အနိုင်ကျင့်ရင် ပြန်လုပ်ပြီး တစ်သက်လုံး တစ်ယောက်ကို တစ်ယောက် မနှုတ်ဆက်ရင်တောင်မှ ကျွန်မအဲ့အခြေအနေကိုလက်ခံတယ်။ကျွန်မ ဆိုးတဲ့စကားတွေကိုပြောတယ်။
အသက် ၆၀ မှာကျွန်မဘုရားသခင်ဆီပြန်လာခဲ့တယ်။ ဘုရားကျောင်းကိုသွားရုံသွားပြီး သိပ်နက်နဲမှု မရှိသေးပါဘူး။ ဘုရားသခင်က ကျွန်မကို အခြားအသင်းတော်တစ်ခုဖြစ်တဲ့ နှစ်ခြင်းအသင်းတော်သို့ ခေါ်ဆောင်လာတဲ့အထိပေါ့။ သင်းအုပ်ဆရာ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အသင်းသားတွေနဲ့ ဧည့်သည်တွေကို ဆက်ဆံပုံတွေက ထူးခြားပြီး အံ့သြစရာကောင်းပါတယ်။ ကျွန်မဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ထပ်ပြီး ခံစားခဲ့ရတယ်။ အမှုတော်ဆောင်ချိန် သူတို့ပြသတဲ့ ဆက်ကပ်မှုကတကယ့်ကို အထင်ကြီးစရာကောင်းတယ်။ သူတို့မှာ ရက်ရောတဲ့နှလုံးသားများရှိပြီး လူအပေါ်မဟုတ်ဘဲ ဘုရားသခင်ရဲ့ပံ့ပိုးပေးမှုကို အမှန်တကယ်အားကိုးကြတယ်။ ကျွန်မတို့အသင်းတော်ရဲ့ လိုအပ်တဲ့အချိန်တွေမှာ အသင်းသားတွေက ငွေကြေးအချို့ကို လှူဒါန်းလိုတဲ့အချိန်တွေရှိပါတယ်။ ဒါပေမဲ့ Arakanမှာရှိတဲ့ ကျွန်မတို့ရဲ့ သင်းအုပ်ဆရာက အသင်းသားတွေမှာလည်းသူတို့ရဲ့ လိုအပ်ချက်တွေရှိတယ်ဆိုတာ သူသိတဲ့အတွက်ကြောင့် အလှူငွေမထည့်စေပါဘူး။
အဲ့ဒီအစား၊ ကျွန်မတို့ရဲ့သင်းအုပ်ဆရာက ကျွန်မတို့ကို ဆုတောင်းခြင်းမှာ ရင်းနှီးမြှုပ်နှံဖို့အားပေးပြီး ကျွန်မတို့ရဲ့ လာမယ့်ကျေးဇူးတော်ချီးမွမ်းခြင်းများအတွက် လိုအပ်ချက်များကို ဘုရားသခင်ဖြည့်ဆည်းပေးခွင့် ပြုစေတယ်။ အဲဒါကြောင့် သူတို့ရဲ့ယုံကြည်ခြင်းကို ကျွန်မပိုအံ့သြမိတယ်။ သူတို့က ယုံကြည်ခြင်းကို ဟောပြောရုံသာမက ကျင့်သုံးတဲ့အတွက် ကျွန်မရဲ့နှလုံးသားကို တို့ထိပါတယ်။ သူတို့က အသင်းဝင်များအတွက်လည်း စံနမူနာကောင်းများ ချမှတ်ပေးခဲ့တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပေမဲ့ တခြားသူတွေကို ကူညီပေးနိုင်တုန်းပါပဲ။ လူတွေမှာအားနည်းချက်တွေရှိတဲ့အတွက် လူတွေအပေါ်အာရုံမစိုက်ပဲ ဘုရားသခင်ကိုပဲ ယုံကြည်တဲ့အနေရာမှာ အာရုံစိုက်ဖို့ ကျွန်မတို့ကို အားပေးပါတယ်။

အဲဒါကြောင့် ဘုရားသခင်က သူတို့ကို ပြောင်းလဲပေးခဲ့သလို ကျွန်မရဲ့ဘဝကိုလည်း ကျွန်မပြောင်းလဲချင်တယ်။ ဘုရားသခင် သူတို့အပေါ်ပြုမူခဲ့သလိုမျိုးပေါ့၊ ကျွန်မလည်းစိတ်ရှည်တတ်ချင်တယ်။ ကျွန်မဘုရားသခင်ကို အပြည့်အဝသိချင်ပြီး ဘုရားသခင်က ကျွန်မကို ပြောင်းလဲစေချင်ပါတယ်။ အဲဒီမှာ ရှင်းပြလို့မရတဲ့ ကျွန်မနှလုံးသားထဲမှာ စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားရတယ်။ ယေရှုခရစ်ရဲ့ ကယ်တင်ခြင်းကို ကျွန်မရရှိခဲ့ပါတယ်။ သူ့ရဲ့ကရုဏာတော်၊ ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာ။ စုံစမ်းမှုတွေများလာတဲ့အခါမှာတောင် နှစ်သိမ့်မှုတွေရှိနေတုန်းပါပဲ။ ကျွန်မချစ်ခြင်းမေတ္တာကို များစွာခံစားရတယ်။
ကျွန်မဘဝမှာ အချိန်နဲ့ အခွင့်အလမ်းတွေ ဘယ်လောက် ဖြုန်းတီးခဲ့လဲဆိုတာ ဒီအရွယ်ရောက်မှ သိလာတယ်။ ရေတိုပျော်ရွှင်မှုကိုသာ ပေးစွမ်းတဲ့ လောကအရာများစွာမှာ အသုံးပြုခဲ့မိတယ်။ "ကျွန်မဘာလို့အခုမှ သဘောပေါက်ရတာလဲ"ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ ဘုရားသခင်နဲ့ နေရတာ အလွန်ပျော်ဖို့ကောင်းပါတယ်။ သူ့ရဲ့ပျော်ရွှင်မှုက ထူးခြားပြီး ဒီကမ္ဘာမှာ ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် ကျွန်မယေရှုနောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘုရားသခင်ရဲ့အကူအညီနဲ့ သူနဲ့အတူ တကယ်နေဖို့ ဆုံးဖြတ်ခဲ့တယ်။
ထိုအချိန်မှစ၍ ယခုအချိန်အထိ ဘုရားသခင်ကို ဝတ်ပြုခွင့်ရရှိခဲ့ပါတယ်။ ကျွန်မ Arakan North Cotabato မှ Toril Davao City အထိ၊ ဘယ်ကိုသွားနေပါစေ သူကကျွန်မကိုဆက်ပြီးအသုံးပြုပါတယ်။ ကျွန်မတို့ရဲ့ အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုရခြင်းက ဝမ်းမြောက်စရာပင်ဖြစ်ပါတယ်။ ကျွန်မရဲ့ဆုတောင်းချက်က၊ အဆုံးတိုင်အောင် ကျွန်မမိသားစုနှင့်အတူ ဘုရားသခင်ကို ချီးမွမ်းဖို့ဖြစ်တယ်။ အခုမှာတော့ ကျွန်မက မြေယာအေးဂျင့်အဖြစ် အိမ်ခြံမြေနှင့် ချိတ်ဆက်ထားပါတယ်။ ကျွန်မသည် အသက်ကြီးပြီး မုဆိုးမဖြစ်ခဲ့တာ အချိန်ကြာသော်လည်း ဘုရားသခင်က ကျွန်မတို့ကို စွန့်ပစ်တော်မမူပါဘူး။ သမ္မာကျမ်းစာထဲက သူရဲ့နှုတ်ကပတ်တော်ကို အမြဲစွဲကိုင်ထားပါတယ်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁ “တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။” ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြရအောင်။ ကျွန်မတို့ရဲ့ကျေးဇူးတော်ဖြစ်တဲ့ ဘုရားသခင်ရဲ့တစ်ပါးတည်းသောသားတော် ယေရှုခရစ်အားဖြင့် ချစ်ခြင်းမေတ္တာကို အမြဲမျှဝေနိုင်မှာဖြစ်ပါတယ်။ ချီးမြှောက်ခြင်းအားလုံးက ဘုရားသခင်နဲ့သက်ဆိုင်ပါတယ်။ ဘုရားသခင်ဘုန်းကြီးပါစေသော်။