
လီဒီယာရှာမား
အားလုံးပဲမင်္ဂလာပါ။ ကျွန်မနာမည် လီဒီယာရှာမားဖြစ်ပါတယ်။ ကျွန်မတို့မိသားစုဟာ အရင်က အိန္ဒိယနိုင်ငံမှာ နေခဲ့ကြပေမဲ့ အခုတော့ နီပေါနိုင်ငံ Ghorahi မြို့မှာ နေထိုင်ကြပါတယ်။
ဒီနေ့မှာတော့ ကျွန်မသခင်ယေရှုကို သိကျွမ်းလာပုံအကြောင်းဝေမျှချင်ပါတယ်။ သခင်ယေရှုနဲ့မတွေ့ခင်တုန်း ကျွန်မတို့မိသားစုဟာ များစွာသော ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရပါတယ်။ ကျွန်မတို့ သမီးတွေဟာ နတ်ဆိုးနှောင့်ယှက်တာကြောင့် မိသားစုထဲမှာငြိမ်းချမ်းတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်မငယ်ရွယ်စဉ်ကတည်းက ဘုရားကျောင်းတက်ခဲ့ပေမဲ့ ယုံကြည်ခြင်းမခိုင်မာခဲ့ပါဘူး။ ကျွန်မသားသမီးတွေ ဘယ်လိုပဲဖျားနာပါစေ၊ အခြေအနေတွေ ဘယ်လိုပဲရှိနေပါစေ၊ ဘုရားသခင်က ကျွန်မကို တစ်ယောက်တည်းပစ်မထားပဲ ကျွန်မလိုအပ်တဲ့အရာတိုင်းကို ကူညီမစပေးခဲ့ပါတယ်။ အစပိုင်းမှာ ကျွန်မတို့သမီးတို့သမီးတွေကို ကယ်ဖို့ လုပ်နိုင်သမျှအကုန်လုပ်ခဲ့ပေမဲ့ ဘယ်အရာကမှ သူတို့ကို မကုသပေးနိုင်ပါဘူး။ ကျွန်မတို့လုပ်နိုင်တာဘာမှမရှိတော့တဲ့အခါမှာတော့ ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲကို ကျွန်မတို့ဝင်လာကြတယ်။ ကျွန်မတို့ရဲ့ ပူဆွေးဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေနဲ့ ဒဏ်ရာတွေကို ဘုရားသခင်ဆီပေးပြီး သူ့ရဲ့မျက်မှောက်တော်ထဲကို တိုးဝင်လိုက်တဲ့အခါ ကျွန်မတို့တခါမှ မတွေးမိတဲ့အရာတွေကို ဘုရားသခင်က ကျွန်မတို့ ဘဝထဲမှာ အံ့ဩဖွယ်အလုပ်လုပ်ခဲ့ပါတယ်.

ပြီးတော့ ကျွန်မတို့မကျန်းမာမှုတွေ၊ နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်စေပြီး တစ်မိသားစုလုံး ဘုရားကိုယုံကြည်ကိုးစားလာကြပါတယ်။ ကျွန်မတို့မိသားစုတွေဝိညာဉ်ကယ်တင်ခြင်းရရှိတာက ကြီးမားတဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်။ ဘုရားသခင်က ကျွန်မတို့ကို များစွာကောင်းကြီးပေးပါတယ်။ ကျွန်မသမီးတွေ ဘုရားအမှုတော်ဆောင်ရွက်နေကြပြီး သူတို့တွေ ဘုရားမျက်မှောက်တော်ထဲကြီးပြင်းလာကြတာ ကျွန်မသိပ်ဝမ်းမြောက်ရပါတယ်။ အခုချိန်မှာတော့ ကျွန်မတို့ ဘုရားကိုတွေ့ရှိကြပြီဖြစ်တဲ့အတွက် ကျွန်မတို့ဘဝမှာဝမ်းမြောက်ပျော်ရွှင်မှုတွေ ပြည့်နေပါပြီ။ ဘယ်လိုအခြေနေပဲဖြစ်ပါစေ၊ ဘုရားလက်ထဲကိုပဲ အပ်နှံလိုက်ကြပြီး ဘုရားသခင်က ကျွန်မတို့ကို ကူညီပါတယ်။ ဘုရားသခင်ကဲ့သို့ ကျွန်မတို့ကို ကယ်တင်ပြီး လွတ်မြောက်စေနိုင်တဲ့သူတစ်ဦးမှ လောကကြီးမှာ မရှိဘူးဆိုတာ ကျွန်မသတိပြုမိပါပြီ။ သင်တို့အားလုံးကို ကျွန်မခွန်အားပေးချင်တာက မိတ်ဆွေအနေနဲ့ ထာဝရအသက်ကိုလိုချင်ရင်၊ သခင်ဘုရားဆီလာပါ။ သူက သင့်ကို ထာဝရအသက်ပေးမှာဖြစ်တယ်။ သူကအရာအားလုံးကိုဖန်ဆင်းတဲ့အရှင်ဖြစ်ပြီး အရာအားလုံးကလည်းသူ့လက်ထဲမှာ ရှိနေတာဖြစ်တယ်။ ဒါကြောင့်ဒါကို မသေဆုံးခင်လေးမှာ စဉ်းစားဖို့တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာလည်း တမလွန်ဘဝဆိုတာရှိပါတယ်။ သေဆုံးပြီးရင်ဘုရားသခင်နဲ့အတူရှိနေမဲဘဝပေါ့။ ဒါကြောင့် ဘုရားသခင်ဆီလျှောက်လှမ်းလာပြီး သင့်ဘဝကို သူနဲ့အတူဖြတ်သန်းပါ။ ကျွန်မရဲ့သက်သေခံချက်ကို ဖတ်ရှုသူတိုင်းအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။