top of page

ဝက်ဝံမုဆိုးရဲ့သက်သေခံချက်

ဝက်ဝံမုဆိုးရဲ့သက်သေခံချက်

ဒီသက်သေခံချက်က သင့်အားအံ့ဩစေပါလိမ့်မယ်။ကျွန်တော်ဝက်ဝံမုဆိုးနဲ့တွေ့တုန်းကလည်းဒီလိုပါပဲ။ဒါက တကယ်ဟုတ်မဟုတ် သိနိုင်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို စစ်ဆေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ဒါကိုတကယ်ဟုတ်မှန်ကြောင်းတွေ့ခဲ့ပါတယ်။ ကိုအောင်ဟာ သူ့ရဲ့မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့ပြီး ဗုံးတိုက်ခိုက်မှု သုံးကြိမ်ကြုံခဲ့ရပါတယ်။ဗုံးပေါက်ကွဲမှုများအတွင်း သူဟာ မျက်စိတစ်ဖက်အမြင်အာရုံဆုံးရှုံးခဲ့ပြီး နားတစ်ဖက်လည်းအကြားအာရုံဆုံးရှုံးခဲ့ပါတယ်။တစ်ကြိမ်မှာလည်းခြေထောက်ကိုသုံးကြိမ်တိုင်ပစ်ခံခဲ့ရပါသည်။ကျည်ဆန်အများကြီးကသူ့ရဲ့ကျောပိုးအိတ်ကိုထိမှန်ခဲ့ပေမဲ့ အထဲကသမ္မာကျမ်းစာအုပ်ကခံနေခဲ့ပါတယ်။ကိုအောင်က ထိုသမ္မာကျမ်းစာကို စိတ်ဝင်စားခြင်းမရှိပါဘူး ၊အကြောင်းပြချက်မဲ့ သူနှင့်အတူ ယူဆောင်သွားခဲ့ခြင်းသာဖြစ်တယ်။ တစ်ချိန်တုန်းက သူဟာအလွန်ချမ်းသာပေမဲ့ သူ့ပိုက်ဆံအားလုံးကို အရက်နှင့် လောင်းကစားအတွက် သုံးစွဲပစ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ မိတ်ဆွေ သာသနာပြုဆရာ Joshua သူနဲ့တွေ့တဲ့အချိန်မှာ သူဟာတောထဲမှာ မုဆိုးအဖြစ်နေခဲ့ပါတယ်။ Joshuaက ယေရှုနာမကိုခေါ်တဲ့အချိန်မှာ ကိုအောင်ကရယ်ပြီး သူ့လိုကြမ်းတမ်းခက်ထန်တဲ့သူကို ကူညီနိုင်တဲ့ဘယ်လိုတန်ခိုးမျိုး အဲ့ဒီနာမထဲမှာရှိလဲလို့မေးခဲ့တယ်။ ခက်ခဲတဲ့အခြေအနေမျိုးက လူများစွာကို ယေရှုကကူညီခဲ့ကြောင်း Joshua ကပြောပြခဲ့သည်။ တကယ်က ကိုအောင်ကိုယ်တိုင်မကြာခင်ကြုံတွေ့ရတော့မှာဖြစ်တယ်။ကိုအောင်က အထူးအမဲလိုက်နည်းကိုအသုံးပြုခဲ့တယ်။သူသည်ကြီးမားသောအကောင်များနှင့် အကောင်ငယ်များကိုဖမ်းရန်ကြိုးထောက်ချောက်များကိုအသုံးပြုခဲ့ပါတယ်။သူဟာ ဆင်၊ကျား၊ဝက်ဝံ၊သမင်နှင့် တောဝက် စတာတွေကို ဖမ်းမိခဲ့ပါတယ်။ကိုအောင် ထောင်ချောက်ဆီသွားကြည့်တဲ့အခါ တကယ်စိန်ခေါ်မှုကိုကြုံခဲ့ရတယ်။ အဲ့တာကတော့ မိထားတဲ့တိရစ္ဆာန်တွေ အသက်ရှင်နေသေးတာကြောင့်ဖြစ်တယ်။သူက သေနတ်ကိုအသုံးမပြုတဲ့အတွက် တခြားနည်းနဲ့တိရစ္ဆာန်များကိုတိုက်ခိုက်ရပါတယ်။ရလဒ်တွေက အမြဲကောင်းမနေပါဘူး။ တစ်ချိန်မှာ အမြင့် ၂မီတာနှင့် ၁၂၀ မှ ၁၅၀ ကီလိုအလေးချိန်ရှိတဲ့ ဝက်ဝံတစ်ကောင်ကို ထောင်ချောက်ထဲဖမ်းမိခဲ့တယ်။

ကိုအောင်က ထောက်ချောက်ထဲရှိ ဝက်ဝံကိုသတ်ဖြတ်နိုင်ခဲ့ပေမဲ့ သူ့နောက်မှာ နောက်ထပ်ဝက်ဝံနှစ်ကောင်ရှိမှန်းမသိခဲ့ပါဘူး။နှစ်ကောင်လုံးကသူ့ကိုတိုက်ခိုက်ခဲ့ပြီး သူရဲ့ခေါင်းကွဲတဲ့အထိကိုက်ခဲ့ကြပါတယ်။သူ့ရဲ့နားနှစ်ဖက်နှင့်ဦးရေပြားပါ ဆုတ်ပြတ်သွားခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခံရ၊ကုတ်ခြစ်ခံရပြီး သတိလစ်ပြီးလဲကျမတတ်ဖြစ်သွားခဲ့ပါတယ်။သူသည်ဝက်ဝံတွေကိုနောက်ဆုံးထိုးနှက်ရတော့မဲ့အခါမှာတော့ သူ့မှာကျန်နေတဲ့အားနဲ့ ယေရှုရဲ့နာမတော်ကိုဟစ်ကြွေးခဲ့ပါတယ်။ ရလဒ်ကတော့ဝက်ဝံများအဝေးသို့ထွက်ပြေးသွားခဲ့ပါတယ်။ကိုအောင်လည်းအံ့အားသင့်မှင်သက်သွားခဲ့တယ်။ သူ့ရဲ့ ကျန်နေတဲ့အားအနည်းငယ်ကိုသုံးပြီး တောထဲကနေ တွားသွားပြီးထွက်လာခဲ့ပါတယ်။ လူတချို့က သူ့အား ဆေးရုံပို့ပေးခဲ့ကြတယ်။ဦးရေပြားနဲ့ နားရွက်ကို ပြန်ချုပ်ဖို့ ကြိုးစားကြမှာဖြစ်ပေမဲ့ အလုပ်ဖြစ်မယ်လို့ ယုံကြည်မှုမရှိကြောင်း ဆရာဝန်ကသူ့ကိုပြောပြခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာ ခွဲစိတ်ဖို့စောင့်ရင်း အားလုံးကိုခေတ္တချုပ်ထားခဲ့ပါတယ်။ဒါပေမဲ့ နောက်တစ်နေ့မနက်မှာ ဦးရေပြားနဲ့နားရွက်ခွဲစိတ်ဖို့ ဆရာဝန်တွေရောက်လာတဲ့အခါ၊ ဖြစ်သင့်တဲ့အတိုင်း အားလုံးဟာ နေရာတကျဖြစ်နေပြီဆိုတာ သူတို့ တွေ့ရှိခဲ့ပါတယ်။ကိုအောင် အသက်ရှင်လွတ်မြောက်လာတာဟာ အံ့သြဖွယ်ပဲလို့ ဆရာဝန်ကပြောခဲ့တယ်။ သူဆေးရုံမှာရက်သတ္တပတ်ကြာနေရတုန်းပါပဲ။ ဒါကြောင့် Joshua သူ့ဆီလာပြီး ဧဝံဂေလိဟောပြောခဲ့တယ်။ ဒါပေမဲ့ ကိုအောင်ဟာ အရင်အတိုင်း အေးစက်ပြီးမာကြောဆဲဖြစ်တယ်တစ်နှစ်ကြာသွားတဲ့အခါ ကိုအောင် ထပ်ပြီးအမဲလိုက်ထွက်ခဲ့ပါတယ်။ သူဟာထောင်ချောက်တစ်ခုကိုပြင်ဆင်နေခဲ့ချိန်မှာ သူ့အနီးနားကလှုပ်ရှားမှုတစ်ခုကိုသတိထားမိခဲ့ပါတယ်။၂မီတာလောက် ရှည်လျားတဲ့မြွေဟောက်ကြီးတစ်ကောင်ဟာ ကိုက်ဖို့အဆင်သင့်အနေအထားနဲ့ အားအပြည့်နဲ့ ရပ်နေခဲ့တာဖြစ်တယ်။အဲ့မြွေကြီးဟာ သစ်ပင်လုံးပတ်လောက်ကြီးပြီး အမျက်ထွက်နေခဲ့တယ်။

ကိုအောင်ဆီမှာ ဘာလက်နက်မှ မရှိခဲ့ပေမဲ့ သစ်ပင်နှစ်ပင်အနောက်ကို အမြန်ခုန်နိုင်ခဲ့တယ်။ သူက သစ်ကိုင်းနှစ်ကိုင်းကို ဒိုင်းကာအဖြစ် ပူးကိုင်ပြီး မြွေမကိုက်အောင်ကာကွယ်ခဲ့ပေမဲ့ အဲ့သစ်ကိုင်းတွေက သူ့ကို ကြာကြာမကာကွယ်နိုင်ပါဘူး။ ဒါဟာ ကိုအောင်အသက်ရှင်နိုင်ချေအလွန်နည်းပါးတဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်။မြွေက ထပ်ပေါက်ဖို့အသင့်ဖြစ်နေတဲ့အခါမှာတော့ ကိုအောင်ဟာ ယေရှုနာမကို ဒုတိယအကြိမ်အော်ခေါ်ခဲ့ပါတယ်။မြွေကအဝေးထွက်ပြေးသွားတယ်။ ပြီးတော့ ဒါဟာကိုအောင်အတွက်ပါပဲ။ အခုတော့သူရေနှစ်ခြင်းခံယူတော့မယ်။ ယေရှုရဲ့နာမက သူ့ကိုနှစ်ကြိမ်တိုင် ကယ်ခဲ့တယ်။ ကိုအောင်ဟာ သူ့ရဲ့ဘဝကို ယေရှုဆီပေးဖို့ဖြစ်လာပါတော့တယ်။ရွာကနေပြန်ထွက်သွားပြီဖြစ်တဲ့ Joshua ကို သူရှာခဲ့တယ်။ ဒါပေမဲ့ ကိုအောင်က သူ့ကိုလိုက်မီခဲ့ပြီး "အခုရေနှစ်ခြင်းခံယူမယ်" လို့ဆုံးဖြတ်ချက်ပြတ်သားစွာပြောခဲ့တယ်။ သူတို့သည်ရေကိုရှာပြီးတော့ ကိုအောင်ဟာ နှစ်ခြင်းမင်္ဂလာခံယူခဲ့ပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page