
သက်သေခံသောဘီးများ

ခူရှီက ဟိန္ဒူမိသားစုကနေ ကြီးပြင်လာသူဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ခရစ်တော်ကို ယုံကြည်လက်ခံခဲ့တယ်။ အဲဒီအချိန်ကစပြီး ခူရှီဟာ သူ့ရဲ့ဒေသခံနယ်မှာ တက်ကြွရဲရင့်တဲ့ယုံကြည်သူ၊ ယေရှုအတွက် သက်သေခံကောင်းတစ်ယောက် ဖြစ်လာတယ်။ သူ့မိသားစုမှာတော့ ခူရှီတစ်ယောက်တည်းကပဲ ယေရှုကို လက်ခံယုံကြည်သူဖြစ်ပါတယ်။ ခူရှီဟာ ထူးခြားတဲ့ယုံကြည်သက်ဝင်မှုရှိသူနဲ့ ဇွဲလုံ့လကြီးတဲ့ အမှုတော်ဆောင်အဖြစ် အသင်းတော်ဦးဆောင်သူတွေက သက်သေခံကြတယ်။ ခူရှီက မွေးရာပါ ခြေတစ်ဖက် မသန်သူ ဖြစ်လို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ သူ့ခြေထောက်တစ်ဖက် အစားထိုးအဖြစ် ချိုင်းထောက်ကို အသုံးရတယ်။ ပြီးတော့ လက်နဲ့ မောင်းနှင်နိုင်အောင် အထူးပြုလုပ်ထားတဲ့ သုံးဘီးပါစက်ဘီးကို သွားလာဖို့ အသုံးပြုရတယ်။
အခုတော့ ခူရှီအတွက် ဘဝအခန်းကဏ္ဍအသစ် စတင်နေပါပြီ။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှာ Kinglove အဖွဲ့သား/သူတွေဟာ နီပေါအနောက်ဘက်ပိုင်းမှာရှိတဲ့ ကိုင်လာလီ (Kailali) ကို သွားပြီး၊ ခူရှီအတွက်အထူးပြုလုပ်ထားတဲ့ Tuktuk အသစ်စက်စက်လေးကို လက်ဆောင်သွားပေးခဲ့ကြပါတယ်။
ခူရှီ တအားပျော်ရွှင်တာကို မြင်ရတာက ကျေနပ်ဖို့ သိပ်ကောင်းလှပါတယ်။ ခူရှီအတွက် ထပ်တူပျော်ရွှင်နေကြတဲ့ ဒေသခံအသင်းတော်ကလူတွေကို မြင်ရတာ သိပ်ကောင်းမြတ်လွန်းတယ်။ လက်ဆောင်ပေးပြီး နောက်တစ်ရက်မှာတော့ ကျမ်းစာလေ့လာခြင်းနဲ့အတူတကွဝတ်ပြုကိုးကွယ်ခြင်းကို ကိုင်လာလီမှာ ပြုလုပ်ခဲ့ကြပြီး အသစ်စက်စက် Tuktuk ရဲ့ ခေါင်းခန်းမှာထိုင်နေတဲ့ခူရှီကို လူတွေအများကြီး မြင်တွေ့ကြတယ်။ ခူရှီအတွက် လူတိုင်းစိတ်အားတက်ကြွနေကြတယ်ဆိုတာကို ကျွန်တော်တို့ သိကြခဲ့တယ်။ ဘုရားရှင် သိပ်ကောင်းမြတ်တယ်။
Tuktuk က လျှပ်စစ်သုံးယာဉ်ဖြစ်ပြီး အနောက်ခန်းက လူအနည်းငယ်ထိုင်လို့ရအောင် ကျယ်တယ်။ လိုအပ်လာရင် လူ ၇-၈ ယောက်လောက်တောင် စီးလို့ရလောက်တယ်။ ဘုရားကျောင်းလာဖို့ အခက်အခဲရှိနေသူတွေကို သူ့ရဲ့ tuktuk နဲ့ လိုက်ပို့တယ်ဆိုတဲ့သတင်းလည်း ကျွန်တော်တို့ ကြားသိရတယ်။

နီပေါမှာ ခရီးသည်ယာဉ်မောင်းစားဖို့ လိုင်စင်မလိုတာကြောင့် ခူရှီက သူ့ရဲ့ Tuktuk ကို တက္ကစီအဖြစ်မောင်းပြီး သူနဲ့သူ့မိသားစုတွေအတွက် ဝင်ငွေရှာလာနိုင်တယ်။ တက္ကစီ စီးတဲ့အချိန်မျိုးမှာ စကားစမြည်ပြောတာအပြင် သင် ဘာတွေ လုပ်ဖြစ်လဲ။ ခူရှီကတော့ အခွင့်ရရင် ခရီးသည်တွေဆီမှာကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှနေမယ်ဆိုတာ အသေအချာပါပဲ။
ဒီလို အကူညီမျိုးက တစ်ချက်ခုတ် သုံးလေးချက်ပြတ်တဲ့ အကူအညီဖြစ်ပါတယ်။ ခူရှီရဲ့မသန်စွမ်းမှုကို သက်သာအောင်ကူညီပေးတယ်။ သူ့ရဲ့ သုံးဘီးကို ကိုင်လာလီမှာရှိနေတုန်း ကျွန်တော် ကိုယ်တိုင် စီးကြည့်ဖူးတယ်။ သုံးဘီကို လက်နဲ့နင်းပြီး မောင်းရတာက အင်မတန်ပင်ပန်းပါတယ်။ အခုတော့ ခူရှီအတွက် Tuktuk ဝယ်ယူပေးပြီး လိုအပ်တဲ့ အထောက်အပံ့အကုန်လည်း ပေးထားပြီးဖြစ်ပါတယ်။ ပါဝင်လှူဒါန်းဖို့အသုံးတော်ခံတဲ့ အလှူရှင်ယုံကြည်သူတွေကို ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

