
အချိန်မီလေးပါပဲ

အိန္ဒိယမှ သင်းအုပ်ဆရာ Silas က “ဧဝံဂေလိတရားဝေငှဖို့ ဖေဖေါ်ဝါရီလမှာ ကျွန်တော်တို့ထွက်လာခဲ့တယ်” လို့ကျွန်တော်တို့ကိုပြောပြပါတယ်။ “လယ်ကွင်းပြင်ကြီးထဲမှာ တဲသေးသေးလေးထဲ နေထိုင်တဲ့လူတစ်ယောက်ကိုကျွန်တော်တို့တွေ့ခဲ့ပါတယ်။
တဲအိမ်ဟာ နှစ်စတုရန်းမီတာအကျယ်နှင့် အမြင့်တစ်မီတာခန့်ရှိပါတယ်။ ဒီလူဟာ လွန်ခဲ့သောသုံးနှစ်လုံး ဒီနေရာမှာနေထိုင်ခဲ့ပြီးတော့ သူဟာ နူနာစွဲနေပုံပေါ်ပါတယ်။ သူ့ရဲ့ရင်ဘတ်မှာလည်းသွေးထွက်ဒဏ်ရာရှိနေပြီး ဒဏ်ရာနက်ထဲကနေ ရေတချို့ထွက်နေခဲ့တယ်။
သူ့တစ်ကိုယ်လုံးအဝတ်ဗလာဖြစ်နေပြီး အုတ်ခဲအချို့နဲ့ အိပ်ယာကုတင်ပြုလုပ်ထားခဲ့တယ်။ သူဟာ သူ့ရဲ့အစားသောက်များကို တဲအပြင်မှာချက်ခဲ့ပါတယ်။ တစ်ခါတရံမှာ လူတစ်ချို့ရောက်လာပြီးတော့ သူ့ကို အစားသောက်အနည်းငယ် ပေးခဲ့သလို တစ်ခါတလေ မြို့ထဲသွားပြီးအစားအသောက်အနည်းငယ်ဝယ်လေ့ရှိတယ်။
ဒါပေမဲ့ ယခုအခါမှာ သူအတော်လေးနေမကောင်းဖြစ်လာသောကြောင့် တစ်စုံတစ်ဦး၏အကူအညီကို လုံးဝမှီခိုနေရပါတယ်။ ကျွန်တော်တို့ထိုင်ပြီး ဒီလူကို ဘုရားရဲ့ချစ်ခြင်းမေတ္တာအကြောင်း ပြောပြပြီး ဧဝံဂေလိတရားကို ဝေမျှခဲ့တယ်။ ယေရှုကို ကယ်တင်ရှင်အဖြစ် သူချက်ချင်းလက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို အစားစာနှင့် အဝတ်အစားအချို့ လည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဌာနကို ခေါ်ဆောင်ဖို့ စဉ်းစားခဲ့သော်လည်း သူ့အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ထိုနေရာရှိ အခြားသက်ကြီးရွယ်အိုများအတွက် ပြဿနာရှိလာနိုင်ပါတယ်။အဲ့ဒီအစား ဆရာဝန်ဆီခေါ်သွားဖို့ ကျွန်တော်တို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို ကားနှင့် ဆေးခန်းကိုခေါ်ဆောင်သွားခဲ့တယ်။ ကံမကောင်းစွာဖြင့် ဆရာဝန် မရှိခဲ့ဘူး။ သူနာပြုတစ်ဦးက ဒါဟာ နူနာရောဂါမဟုတ်ပဲ အခြားရောဂါအချို့ကြောင့်ဆိုပြီး ပြောပါတယ်။ သူတို့က နောက်တစ်နေ့ ဆရာဝန်ရှိမှ ပြန်လာဖို့ ကျွန်တော်တို့ကိုပြောခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို သူ့ရဲ့တဲဆီ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး သူ့အတွက် အိမ်သေးသေးလေးတစ်လုံးဆောက်ပေးဖို့ အစီစဉ်ဆွဲခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့သူငယ်ချင်းအချို့က သူ့ကို ထမင်းကျွေးဖို့ သွားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို အဲ့ဒီလူသေနေပြီလို့ပြောခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန်မှာကျွန်တော်တို့ သူ့ကိုတွေ့ခဲ့ပြီးတော့ သူမသေခင်လေးမှာ ဘုရားသခင်ကသူ့ကို ရှာတွေ့ခဲ့တယ်။”
