
အငယ်ဆုံးသောသူတွေအ တွက် သင်လုပ်ပေးခဲ့တာက....

“ဆွံ့အ နားမကြား၊ ထုံထိုင်းပြီး ဆိုးရွားတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။ ထိုအမျိုးသမီးဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတစ်နေရာမှာ နေထိုင်တယ်။ သူမဟာ မုဒိန်းကျင့်ခံရပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ ဒီအရာကြောင့် လူတိုင်းက သူမကိုမုန်းတီးလာကြတယ်။ သူမရဲ့ဦးလေးတစ်ယောက်က သူနှင့်အတူနေထိုင်ခွင့်ပြုပေးခဲ့ပေမဲ့ မီးဖွားခါနီးအချိန်မှာ မြို့မှလူတွေက သူ့ဦးလေးအိမ်ကိုလာပြီး သူမကိုအဝေးသို့ပို့ခိုင်းခဲ့ကြတယ်။ သူမလို အမျိုးသမီးမျိုးကို မြို့မှာနေဖို့ သူတို့ ခွင့်မပြုပါဘူး။ ဒါကြောင့် သူမကို တိရစ္ဆာန်တွေကျက်စားတဲ့ ဘင်္ဂါလီမြစ်ကို ပို့လိုက်ကြတယ်။ သူမကို တဲငယ်လေးတစ်ခုမှာ ထားခဲ့ပြီး အဲ့ဒီနေရာမှာပဲ ကလေးလေးကို မွေးဖွားခဲ့တယ်။
ကလေးလေးဟာ လမစေ့ပဲမွေးလာတာဖြစ်တယ်။
သူမကို သူမအမေဘေးမှာ အဝတ်ဗလာနှင့် ထားထားတယ်။ မိခင်ဟာလည်း အာဟာရ ချို့တဲ့မှုကြောင့် ဖျားနာနေခဲ့ပါတယ်။ကလေးလေးဟာ အလွန်သေးငယ်ပြီး သနားစရာကောင်းလွန်းလှပါတယ်၊ ဒီအကြောင်းအရာကို Arem သိချိန်မှာ သူတို့ နှစ်ယောက် ဒီအတိုင်းနေတာ တစ်ရက် နှစ်ရက်လောက် ရှိနေပြီ။ Arem က အဲ့ရွာက အမျိုးသမီးတွေကို သင်ကြားပေးဖို့ တနင်္ဂနွေနေ့တိုင်း အဲ့ရွာသို့ သွားပါတယ်။ ထိုသနားစရာ သားအမိနှစ်ယောက် နေထိုင်တဲ့နေရာကို သူမ တန်းတန်းမတ်မတ်သွားခဲ့တယ်။ ကြောက်စရာကောင်းတဲ့ ဒီအခြေနေမှာ သူတို့ကို Arem တွေ့ခဲ့ရတာဖြစ်တယ်။Arem နှင့် သူငယ်ချင်းတစ်ယောက်က အမျိုးသမီးနှင့် သူမရဲ့ကလေးအတွက် ဆုတောင်းပေးခဲ့ကြပြီး သူတို့ကို Siliguri ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ သူတို့ကို အထူးကြပ်မတ်ကုသရေးဌာနမှာ တစ်ပတ်ကျော်ကြာ ကုသပေးခဲ့ကြတယ်။ အမေဖြစ်သူက သွေးတွေအများကြီးဆုံးရှုံးထားခဲ့တယ်။ ကလေးကအလွန်သေးငယ်ပြီး အသက်မရှင်နိုင်ဘူးလို့ ဆရာဝန်က ပြောပေမဲ့ သူအကောင်းဆုံးကြိုးစားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် သူတို့နှစ်ယောက်လုံးကျော်လွှားနိုင်ခဲ့တယ်”လို့ Silas ကပြောခဲ့ပါတယ်။ သူတို့ဆေးရုံမှာ သုံးပတ်လောက်နေခဲ့ရတယ်။ အဲ့နောက်မှာတော့ Silas နှင့် Arem သည် သူတို့ကို သူတို့အိမ်သို့ခေါ်သွားခဲ့ြပီး
သူတို့လုံးဝပြန်ကောင်းလာသည်အထိ အဲ့ဒီမှာပဲနေခဲ့ပါတယ်။
“ကျွန်တော်တို့တွေက သူတို့ရဲ့ရွာကိုပြန်ပို့ပေးချင်ခဲ့ပေမဲ့ အမျိုးသမီးရဲ့ ဆွေမျိုးတချို့က အမျိုးသမီးဟာသူ့ရင်သွေးကို စောင့်ရှောက်နိုင်မှာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့်ပဲ ကလေးမလေးက ယခု ကျွန်တော်တို့မိဘမဲ့ဂေဟာမှာ နေထိုင်နေပါတယ်။
မိခင်ဖြစ်သူကတော့ အဒေါ်နှင့် ဦးလေးတို့နှင့်အတူနေထိုင်ပြီး သူမကရေသယ်ပြီး တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရတဲ့အလုပ်ကိုလုပ်ကိုင်ပါတယ်။ အဲ့ဒီအရာကပင်ပန်းပေမဲ့ တစ်ခါတလေ သူမမှာ အချိန်နဲ့အားအင် ရှိတဲ့အခါ မိဘမဲ့ဂေဟာမှာရှိတဲ့ သူမရဲ့သမီးလေးဆီသို့ လာလည်ပါတယ်။”
