top of page

အမည်မသိသောဘုရားသခင်က သေခြင်းမှထမြောက်စေခဲ့ခြင်း

အမည်မသိသောဘုရားသခင်က သေခြင်းမှထမြောက်စေခဲ့ခြင်း

ဒီလာ(ခ်)က ဟိန္ဒူမိသားစုတွင် ကြီးပြင်းလာခဲ့ပါသည်။ သူနေထိုင်ခဲ့သောရွာသည် ဇာတ်မြင့်ဇာတ်မြင့်မျိုးရိုးများနှင့်ပြည့်နေပြီး ထိုနေရာတွင် ဘုရားကျောင်းများ မရှိပါ။ ကျွန်တော်တို့သူ့ကို နီပေါနိုင်ငံ၌တွေ့ဆုံခဲ့စဉ်တွင် သူကိုယ်တိုင်ပြောပြခဲ့သော ပုံမှန်မဟုတ်တဲ့ဇာတ်လမ်းကို ကျွန်တော်တို့မျှဝေမည် ဖြစ်ပါသည်။ “ကျွန်တော်ကတော့ဟိန္ဒူမိသားစုကနေမွေးဖွားလာပြီး ဟိန္ဒူဘာသာကိုလည်းအလွန်သက်ဝင်ယုံကြည်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်(၂၀) ခန့်က ကျွန်တော်ကျောင်းသွားနေခဲ့တုန်းက ဖျားခဲ့ပါတယ်။ ကျွန်တော်ရဲ့ခြေထောက်တစ်ဖက်ထူးထူးဆန်းဆန်းနာမကျန်းဖြစ်ပြီးတော့ အဲ့ဒါက(၆)လတောင်ကြာခဲ့ပါတယ်။ ကျွန်တော်တို့သိတဲ့ဟိန္ဒူဘုရားအားလုံးထံ ယဇ်ပူဇော်ပြီးဆုတောင်းခဲ့ပေမဲ့ အဲ့ဒီအရာတွေကနေအကူအညီမရခဲ့ပါဘူး။ ယဇ်ပူဇော်မှုအတွက်ပေးရတာက ကျွန်တော်တို့ပိုင်တဲ့မြေအချို့ရောင်းရတဲ့ထိအောင် ကျွန်တော်တို့အတွက် စျေးကြီးခဲ့ပါတယ်။

ဟိန္ဒူရဲ့အဓိက ပွဲတော်မတိုင်ခင် ညနေ၆နာရီလောက်မှာ အိမ်မှာ မိသားစုနှင့်အတူထိုင်ရင်း ကျွန်တော်နောက်ဆုံး သေဆုံးသွားခဲ့ပါတယ်။ ထုံးတမ်းအစဥ်လာကြောင့် မိသားစုဆွေမျိုးတစ်စုလုံး ကျွန်တော်ရဲ့အိမ်ကို ရောက်လာခဲ့ကြပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ရဲ့တူက ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက် ကျွန်တော်သေဆုံးခဲ့တာကို မိသားစုဆီအတည်ပြုခဲ့ပါတယ်။  
ဟိန္ဒူဘာသာဝင်များအတွက် လူတစ်ဦးသေဆုံးကြောင်းကြေညာပြီးသည့်နောက် အသုဘအခမ်းအနားကျင်းပတာက ပုံမှန်ဖြစ်ပါတယ်။ တခါတလေမှာ တစ်နာရီကြာပြီးနောက် အလောင်းကို မီးသဂြိုလ်တတ် ကြပါသည်။ ဒါပေမဲ့ ပွဲတော်ကြောင့် နောက်နေ့မတိုင်ခင်အထိ ကျွန်တော့်မိသားစုဟာ ဒီကိစ္စကို အပြီးမသတ်နိုင်ခဲ့ပါဘူး။” ဒီလာ(ခ်)က သူ့ရဲ့အကြောင်းကို အလွန်တိကျသေချာစွာပြောပြပါတယ်။ သူက အသေးစိတ်အချက်အလက်တွေကိုရယူဖို့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို မေးမြန်းခဲ့ပါတယ်။ သူ့ရဲ့ရုပ်ကလာဘ်နဲ့ သဂြိုလ်ချိန်မှာ ဝတ်ပေးရမဲ့ အဝတ်ဖြူတွေကို မီးရှို့မဲ့နေရာဆီ နောက်နေ့မှာယူလာဖို့ ချိန်းဆိုထားကြတယ်။
ဒီလာ(ခ်)၏တူဖြစ်တဲ့ ဒေါက်တာ ဒန်နီရမ်က သေဆုံးသူ ဦးလေးအား မီးသဂြိုလ်ခြင်းမပြုခင် တစ်ကြိမ် ထပ်တွေ့ချင်တာကြောင့် အလုပ်မသွားခင် နံနက် ၆ နာရီမှာတွင် သူတို့ရဲ့အိမ်ကိုဝင်လာခဲ့ပါတယ်။ သူ့ရဲ့ဦးလေးကိုကြည့်နေစဥ်မှာ တစ်ခုခုဖြစ်နေသလိုထူခြားတဲ့ခံစားချက်တခု သူခံစားလာခဲ့ပါတယ်။ ဝိညာဉ်ဟာ ရုပ်ကလာဘ်ထဲ ပြန်ရောက်လာကြောင်း သူတနည်းနည်းနဲ့ သဘောပေါက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ဆရာဝန်နှင့် ဒီလာ(ခ်)ရဲ့မိသားစုက သူ့ရဲ့ခန္ဓာကိုယ်ဟာ အေးခဲနေပြီးသွား များမဲနေပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူတို့က အဝတ်တွေကိုရေနွေးထဲနှစ်ပြီး သူ့ခန္ဓာပူနွေးလာဖို့ ပတ်ပတ်လည်မှာထားခဲ့ကြတယ်။ ဖြည်းဖြည်းချင်းခန္ဓာကိုယ်ဟာ ပြန်ပြီးအသက်ဝင်လာပါတယ်။
အဲ့အဖြစ်ပျက်ကြောင့်မိသားစုကထိတ်လန့်သွားကာ ပျော်ရွှင်မှုတွေပြည့် လာခဲ့ကြပါတယ်။ မနက် ၉နာရီ ၁၀နာရီအထိ ဒီလာ(ခ်)ကိုယ်တိုင်က သူပြန်ပြီးအသက်ရှင်လာတာကို သတိမရသေးပါဘူး။ ဒါပေမဲ့သူခန္ဓာကိုယ်ထဲကထွက်သွားတုန်းက တွေ့ကြုံခဲ့ရတာကို ကောင်းကောင်းမှတ်မိနေပါတယ်။“ညနေခြောက်နာရီလောက်မှာ ကျွန်တော့်ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့အခါမှာ ကျွန်တော်တောင်တက်သလို ခံစားရပါတယ်။ ဒါပေမဲ့ ဒါက ကမ္ဘာပေါ်မှာရှိတဲ့ သာမန်တောင်တော့မဟုတ်ပါဘူး။ မသေခင်မှာဝတ်ထားတဲ့ကျောင်းဝတ်စုံကိုပဲဝတ်ထားတာကို ကျွန်တော်မှတ်မိတယ်။ ပြီးတော့ ကျွန်တော် အလွန်မတ်စောက်ပြီးကွေးကောက်နေ‌တဲ့ လမ်းတစ်လျှောက်ကို တက်နေခဲ့တယ်။ ကျွန်တော်လမ်းတစ်လျှောက်လုံးမှာဒုက္ခိတများစွာကိုတွေ့ခဲ့ပါတယ်။ ‌ခြေထောက်မရှိသူတွေ အခြားခြေလက်အင်္ဂါ မရှိတဲ့သူတွေမှအများကြီးပဲ။ ဒါပေမဲ့ကျွန်တော့်ကို သူတို့တွေကမမြင်ကြပါဘူး။ ကျွန်တော်လမ်းလျှောက်နေတာကိုတစ်ယောက်မှသတိမထားမိပါဘူး။ ကျွန်တော်လမ်းဆက်လျှောက်ခဲ့ပြီးတော့ နောက်ဆုံးတောင်ထိပ်ကိုရောက်သွားခဲ့ပါတယ်။
အဲ့ဒီမှာ ကျွန်တော်မြင်ဖူးသမျှနဲ့ မယဥ်နိုင်တဲ့ ကျယ်ပြန့်ပြီးအဆုံးမရှိတဲ့ပင်လယ်ကိုတွေ့ခဲ့ပါတယ်။ ပင်လယ်ပေါ်မှာလမ်းလျှောက်နေရင်း မြင်းဖြူနဲ့တူတဲ့သတ္တဝါတစ်ကောင်ရေထဲမှာ ဆော့နေတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒီသတ္တဝါကကျွန်တော့်ကိုမြင်ပြီးအနီးကိုလာသောကြောင့် ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်ခဲ့ပါတယ်။ အဲ့ဒီအရာကမြင်းတစ်ကောင်ဖြစ်နေခဲ့ပါတယ်။ “မြင်းပေါ် တက်ပြီးစီးပါ”ဆိုတဲ့ အသံတစ်သံကိုကျွန်တော်ကြားခဲ့ပါတယ်။ မြင်ကွင်းကြောင့်ကျွန်တော်ကြောက်ရွံ့နေပေမဲ့ ကျွန်တော်မြင်းပေါ်ကိုတက်ခဲ့ပါတယ်။ အဲ့ဒီမြင်းဟာ အလွန်ပျော်ရွှင်သကဲ့သို့ ပင်လယ်ပြင်ပေါ်မှာ အရှိန်
ပြင်းပြင်းပြေးနေခဲ့ပါသည်။ ရုတ်တရက် ပင်လယ်ဟာမြစ်အဖြစ်ပြောင်းလဲသွားပြီးတော့ အဲ့ဒီမြစ်က ကျွန်တော်တို့အိမ်ဆီသို့ တိုက်ရိုက်ဦးတည်နေခဲ့ပါတယ်။
ကျွန်တော်တို့အိမ်နဲ့ ၁၅မိနစ်လောက်ကြာအကွာမှာ မြင်းကရပ်လိုက်ပါတယ်။ မြင်းပေါ်ကနေဆင်းဖို့ တူညီတဲ့အသံက ကျွန်တော့်ကိုပြောတာကို ကြားခဲ့ရပါတယ်။ ကျွန်တော်မြင်းပေါ်ကနေဆင်းပြီး ကျွန်တော်ရဲ့ညာခြေထောက်ကို မြေကြီးပေါ်ချခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ နို့လိုမျိုးဖြူစင်တဲ့အရာတွေ ကျွန်တော်ရဲ့‌ခြေဖဝါးကနေထွက်လာတယ်။ အဲ့ဒါက ကျွန်တော့်အိမ်ကိုလမ်းလျှောက်လာရင်း ၁၀မိနစ်လောက်ကြာခဲ့ပါတယ်။ ကျွန်တော်အိမ်မရောက်ခင် ၅မိနစ်အကြာမှာ ‌ခြေထောက်ကနေဆင်းနေတဲ့ အရာတွေရပ်သွားခဲ့ပါတယ်။ အဲ့ဒီအရာက ကျွန်တော်နောက်နေ့မနိုးခင် နောက်ဆုံးမှတ်မိတဲ့အရာဖြစ်ပါတယ်။
ဒီထူးခြားတဲ့အရာတွေက မိသားစုဝင်တစ်ခုလုံးဟိန္ဒူဖြစ်နေချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ဒါပေမဲ့ ‌ခြေထောက်ကတော့မကောင်းသေးပါဘူး။” သူသတိပြန်ရပြီးနောက် သူခြေထောက်ဖောရောင်နေတာကိုသတိထားမိခဲ့ပါသည်။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်သူ့အားဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ ကြီးကြီးမားမားကုသမှုခံယူပြီး အဆုံးတွင်သူကျန်းမာလာခဲ့သည်။ သေဆုံးပြီးနောက်ဘဝကိုကြုံတွေ့လိုက်ရခြင်းက ဒီလာ(ခ်)အား ဤဘဝအလွန်တွင် ဝိညာဥ်နှင့်ဆိုင်သောဘဝရှိခြင်းကို အတော်သေချာသွားစေခဲ့သည်။ တစ်ချိန်ကသူသိခဲ့သောဟိန္ဒူဘုရားများထဲက တစ်ဆူမှမဟုတ်ပဲ စစ်မှန်သောဘုရားသခင်ရှိကြောင်းကိုလည်း သူသေချာစွာသိသွားခဲ့ပါသည်။ ထို့ကြောင့် ဒီလာ(ခ်)က ထိုစစ်မှန်သောဘုရားသခင်ကို စတင်ရှာဖွေခဲ့ပါသည်။
သူက မတူညီသောဘာသာတရားများကို သူစတင်လေ့လာခဲ့သည်။ ရှေးဦးစွာ ဟိန္ဒူကျမ်းဂန်များကို နှစ်အတော်ကြာရှာဖွေခဲ့ပေမဲ့လည်း သူရှာဖွေချင်နေတဲ့ဘုရားသခင်ကိုမတွေ့ခဲ့သလို သူစိတ်နှလုံးငြိမ်သက်ခြင်းကိုမရခဲ့ပါဘူး။ ထို့နောက် သူသည် ကုရ်အာန်ကို စတင်လေ့လာခဲ့ပြီး မူကွဲများစွာကို ဖတ်ရှုခဲ့ပါသည်။ ထိုကျမ်းဂန်များအနက်မှ “မေရှိယ မရောက်မီ မည်သည့်အရာမှ ပြီးပြည့်စုံလိမ့်မည်မဟုတ်” ဟူသော စာကြောင်းကို သူတွေ့ရှိခဲ့ပါသည်။ ဒါပေမဲ့ ကုရ်အာန်အားဖြင့် သူမကျေနပ်သေးပါ။ ဒါပေမဲ့အထဲမှာ ဖော်ပြထားတဲ့အဲ့ဒီစကားလုံးတွေက သူ့စိတ်ထဲမှာစွဲနေခဲ့ပါတယ်။ ယခုမှာတော့ ဒီလာ(ခ်)သည် အခြားနီပေါနိုင်ငံသားများစွာ ကဲ့သို့ရွှေ့ပြောင်းအလုပ်သမားအဖြစ်လုပ်ကိုင်ရန် ကာတာမြို့သို့ သွားခဲ့ပါသည်။ အဲ့ဒီမှာသူကို ဧဝံဂလိတရားဝေမျှနေတဲ့ခရစ်ယာန် တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီလာ(ခ်)က ဒီလူနဲ့သူ့ရဲ့ဘာသာရေးအတွေးအမြင်တွေကို မျှဝေခဲ့ပြီး သူတို့ နှစ်ယောက်မကြာခဏစကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။
နောက်ဆုံးမှာ ထိုခရစ်ယာန်က ယေရှုသည် မင်းရှာဖွေနေတဲ့မေရှိယဖြစ်ကြောင်း ဒီလာ(ခ်)အားပြောပြခဲ့ပါသည်။ ဒီလာ(ခ်)သည် ကျမ်းစာအုပ်ကိုကိုင်ပြီးတော့ “ကျွန်တော် ဒီစာအုပ်ကိုဖတ်တဲ့အခါ တခြားဘာသာရေး ကျမ်းတွေမှာ မေရှိယအကြောင်းနဲ့ ကယ်တင်ခြင်းအကြောင်း ဖတ်ဖူးသမျှဟာ ယေရှုခရစ်အကြောင်းပါပဲ”ဆိုပြီး နားလည်ခဲ့ကြောင်းပြောပါတယ်။။ ကျွန်တော်ဘုရားသခင်ကိုလက်ခံခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ကာတာမြို့မှာ ရေနှစ်ခြင်းခံခဲ့ပါတယ်။ နှစ်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်ပိုင်းတွင် ကျွန်တော်ရှာဖွေနေတဲ့အရာကို နောက်ဆုံးမှာတော့တွေ့ခဲ့ပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page