top of page

အော်လီဗီယာ

အားလုံးပဲမင်္ဂလာပါ။ ကျွန်မနာမည်ကတော့ အော်လီဗီယာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျွန်မသန့်ရှင်းသောဝိညာဉ်တော်အကြောင်းနဲ့ပတ်သက်ပြီး သက်သေခံချင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ၊ ၂၀၂၃တုန်းက ကျွန်မ AsiaLink Conference ပွဲကိုတက်ရောက်ဖို့ အခွင့်ရေးရခဲ့ပါတယ်။ အဲ့မတိုင်ခင်မှာ ကျွန်မက ခရစ်ယာန်မိသားစုအသိုင်းအဝိုင်းကနေကြီးပြင်းလာခဲ့ပေမဲ့ သန့်ရှင်းသောဝိညာဥ်တော်နဲ့ နဖူးတွေ့ဒူးတွေ့ မကြုံခဲ့ဖူးပါဘူး။
ကျွန်မဒီသင်တန်းကနေ အထူးသဖြင့် သန့်ရှင်းသောဝိညာဥ်တော်အကြောင်းကို များစွာသင်ယူခဲ့ရပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်မအမှန်တကယ် သိရှိဖို့လိုအပ်တဲ့ အကြောင်းအရာလည်းဖြစ်ပါတယ်။ ကျွန်မသင်ယူလိုက်တဲ့အရာက သန့်ရှင်းသောဝိညာဉ်တော်နှင့်စကားပြောဖို့၊ လျှောက်လှမ်းဖို့ဆိုရင် ပထမဦးဆုံး ဘုရားသခင်ကိုအချိန်ပေးဖို့လိုအပ်ပါတယ်။
ကျွန်မအစားစားဖို့မမေ့သလို ဘုရားသခင်ကိုအချိန်ပေးဖို့လည်းမမေ့သင့်ပါဘူး။ ဘုရားသခင်နဲ့အချိန်ယူလာတဲ့အခါမှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မကိုစကားပြောလာမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အသံတော်ကြားဖို့ ဘုရားသခင်နဲ့ ပိုပိုပြီးအချိန်ယူရမယ်ဆိုတာ ကျွန်မသိလာရတယ်။ ပြီးတော့ ကျွန်မခွင့်လွှတ်ခြင်းအကြောင်းကို သင်ယူခဲ့ပါတယ်။
အဲ့ဒီအရာက ကျွန်မအမှန်တကယ်လိုအပ်နေတဲ့ အရာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအဖေသေဆုံးမှုနဲ့ပတ်သတ်ပြီး ကျွန်မခွင့်မလွှတ်နိုင်တဲ့အရာအချို့ ရှိနေခဲ့လို့ပါ။

အော်လီဗီယာ

လွန်ခဲ့တဲ့၂ နှစ်က ကျွန်မအဖေဟာ ကားမတော်တဆမှုတစ်ခုမှာ‌ ဆုံးပါးသွားခဲ့ပါတယ်။ အဲ့ဒီမတော်တဆမှုမှာ ကျွန်အဖေတစ်ယောက်တည်းပဲသေဆုံးခဲ့ပြီး ကျန်တဲ့သူတွေအသက်ရှင်ခဲ့ကြပါတယ်။ ယာဉ်မောင်းသူဟာ အရက်မူးနေခဲ့လို့ ကျွန်မအဖေဟာ သေဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့်ကျွန်မ ယာဉ်မောင်းကို ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ ကျွန်မဒါတွေကိုထုတ်မပြောခဲ့ပေမယ့် ဒီနာကြည်းမှုကြီးကို တစ်ချိန်လုံးဆုပ်ကိုင် သယ်ဆောင်ထားပါတယ်။ ပြီးတော့ ဒီခွင့်မလွှတ်ခြင်းက ကျွန်မနှလုံးသားကိုပူလောင်စေပါတယ်။ သင်တန်းမှာ ဘုရားသခင်ကကျွန်မကို ရှင်မဿဲ ၆း၁၂ ကတဆင့်စကားပြောခဲ့ပါတယ်။
(ရှင်မဿဲ ၆း ၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။)
ပြီးတော့ ခွင့်လွှတ်နိုင်ရန် ဘုရားဆီကခွန်အားရဖို့ ဘုရားသခင်ထံမှာ ကျွန်မအသက်တာကို ဆက်ကပ်အပ်နှံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မသူတို့ကိုလုံးဝခွင့်လွှတ်နိုင်ခဲ့ပြီး ငြိမ်သက်ခြင်းကိုရရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်မဟာ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် စိတ်ရောကိုယ်ပါ လုံးဝလွတ်မြောက်သွားပါပြီ။ ဒါ့ကြောင့် ကျွန်မတို့ဘဝထဲမှာ ဝိညာဉ်တော်ရဲ့တန်ခိုးကိုခံရဖို့ သန့်ရှင်းသောဝိညာဥ်တော်ကို ခေါ်ဖိတ်ဖို့လိုပါတယ်။
အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page