
၁၀နှစ်အကြာတွင် ကင်ဆာရောဂါပျောက်ကင်းခဲ့သည်။

ကင်း(မ်)ဟာ ၁၀နှစ်ကြာကင်ဆာရောဂါခံစားပြီး၊ ခွဲစိတ်မှုဒဏ်ကိုခံခဲ့ပြီး သူ့ရဲ့အခြေနေပိုဆိုးလာတာကြောင့် အစားတောင်မစားနိုင်ခဲ့ပါဘူး။ သူ့ရဲ့အိမ်နီးချင်းတွေက သူ့ကိုမျှော်လင့်ချက်မဲ့စွာ Siem Reap ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သူတို့ထဲကဘယ်သူမှ ယေရှုအကြောင်းကို မကြားဖူးကြပါဘူး။ ဆရာဝန်ကသူ့ကိုပြန်စစ်ဆေးကြည့်ပြီး ခွဲစိတ်ရနိုင်တယ်။ ဒါပေမဲ့ အစာအိမ်တော့ ရှိတော့မှာမဟုတ်ပဲ အသက်ရှည်ရှည် နေနိုင်တော့မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ သူ့ရဲ့ပိုက်ဆံတွေသာကုန်သွားပေမဲ့ စိတ်ပျက်ပြီးမျှော်လင့်စရာမရှိခဲ့ပါဘူး။ ဆေးရုံတွင်လုပ်သောဝန်ထမ်းကောင်လေးတစ်ယောက်က ကျွန်တော်တို့ Siem Reap ဘုရားကျောင်းမှာ နိမိလက္ခဏာကျန်းမာခြင်းတွေဖြစ်ခဲ့တယ်။ ဘုရားကျောင်းကို ခေါ်သွားပြီး ကျန်းမာသွားတဲ့သူတွေများကိုလည်း သိတဲ့အကြောင်းပြောပြခဲ့တယ်။ တစ်ယောက်ဆိုရင် သေပြီးမှခေါ်သွားခဲ့ပေမဲ့ ပြန်ရှင်လာခဲ့ပါတယ်။
ဝန်ထမ်းက ဒီဘုရားကျောင်းအကြောင်းကိုစိတ်ဝင်စားခဲ့ပေမဲ့ တစ်ယောက်တည်းသွားဖို့တော့ သတ္တိမရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာသူ့ရဲ့အခွင့်အရေးဖြစ်ပါတယ်။ သူအဲ့ဒီလူကို ဘုရားကျောင်းမှာဆုတောင်းခံဖို့ကမ်းလှမ်းခဲ့ပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ညနေစောင်းပြီးမှောင်ရီပျိုးစပြုနေပါပြီ။ သူတို့က ကင်း(မ်)ကိုဘုရားကျောင်းထဲသို့သယ်ဆောင်ခဲ့ပြီးတော့ သူ့ကိုကြမ်းပြင်ပေါ်မှာ လှဲချခဲ့ပါတယ်။ အသင်းတော် လက်ထောက် Pastor Selah ကအဲ့ဒီမှာရှိနေခဲ့ပါတယ်။သူက ၂၀၀၈ ခုနှစ်မှာ ယုံကြည်လာတဲ့သူဖြစ်တယ်။
သူ့ကိုဘုရားကျောင်းထဲသို့ရောက်အောင်ဆွဲဆောင်တဲ့အရာက ကျောင်းမှာတွေ့ဖူးတဲ့ သင်းအုပ်ဆရာရဲ့သမီးချောလေး Savany ဖြစ်ပါတယ်။ သူဟာသူမကိုတွေ့ဖို့သာ ဘုရားကျောင်းကိုလာခဲ့ပါတယ်။ နောက်ပိုင်း ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့ပါတယ်။ Savany ကသူနဲ့ပတ်သတ်လို့စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဘဝမှာလည်း ယေရှုခရစ်ဆိုတဲ့ အချစ်သစ်တစ်ခုရနေပါပြီ။ အသင်းတော်မှာ လူငယ်သင်းအုပ်ဆရာလုပ်ဖို့ သူ့ရဲ့မော်တော်ဆိုင်ကယ်နဲ့ သူ့ပစ္စည်းအားလုံး ကိုရောင်းခဲ့ပါတယ်။ အဲ့ဒီနေရာကိုသစ္စာရှိရှိပါဝင်ခဲ့ပြီးနောက် သူသည်လက်ထောက်သင်းအုပ်ဖြစ်လာပြီး Sav နဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ခုနှနှစ်က သူတို့အိမ်ထောင်ကျခဲ့ပြီး ယခုမှာတော့ သမီးနှစ်ယောက်ရှိပါတယ်။ ကင်း(မ်)ကကြမ်းပြင်ပေါ်မှာ လှဲနေစဉ် Sela ကသူတစ်ခါမှမမြင်ဖူးခဲ့သော လူနှစ်ယောက်ကို ယေရှုကိုသိသလားဆိုပြီးတော့ မေးခဲ့ပါတယ်။ သူတို့ကမသိဘူးလို့ပြောတော့ သူက ဘာလိုချင်သလဲဆိုပြီးမေးခဲ့ပါတယ်။ ဒီဘုရားကျောင်းကနေ အနာငြိမ်းခြင်းများစွာအကြောင်းကို ကြားသိရပြီး ကင်း(မ်) ကိုရောဂါပျောက်စေလိုကြောင်း သူတို့ကရှင်းပြခဲ့ပါတယ်။ ယေရှုက ခင်ဗျားတို့ကိုအနာရောဂါငြိမ်းစေနိုင်မယ်လို့ ယုံကြည်လျှင် ယေရှုကကုသပေးပါလိမ့်မယ်လို့ Pastor Sela ကရှင်းပြပေးခဲ့ပါတယ်။ သူတို့ကလည်း ယုံကြည်လိုကြောင်းတုံ့ပြန်ခဲ့တာကြောင့် Pastor Sela က သူတို့နှင့်အတူဆုတောင်းပြီး သူတို့ကခရစ်တော်ကိုလက်ခံခဲ့ပါတယ်။
အဲ့နောက် သင်းထောက်နှစ်ယောက် ဘုရားကျောင်းကို ရောက်ရှိလာခဲ့တာကြောင့် Pastor Sela နှင့် သင်းထောက်လူကြီးများက ကင်း(မ်) နှင့်အတူ ဆုတောင်းခဲ့ပါတယ်။ လတော်တော်ကြာလမ်းမလျှောက်ခဲ့ရတော့ သူ့ရဲ့ခြေထောက်တွေက အားနည်းနေခဲ့ပါတယ်။ Pastor Sela ကဆုတောင်းပေးတဲ့ချိန်မှာ ဘုရားသခင်က“သင်ထ၍လမ်းလျှောက်ပါလို့ အမိန့်ပေးပါ ” လို့ပြောတာကိုသူခံစားမိခဲ့ပါတယ်။ Sela ကဘုရားပြောတဲ့အတိုင်း စေခိုင်းလိုက်တာ ဒီလူကြီးက အလွန်အားနည်းတဲ့ ခြေထောက်တွေနဲ့ ထလာခဲ့ပေမဲ့ သူစတင်လမ်းလျှောက်တော့ ခွန်အားတွေတိုးလာခဲ့ပြီး မကြာခင်မှာပဲ သူရဲ့ကျန်းမာခြင်းကိုကြွေးကြော်ရင်း ဘုရားကျောင်းအနီး ပတ်ပတ်လည်မှာ ပြေးလွှားနေခဲ့ပါတယ်။
ဒီအရာက လွန်ခဲ့တဲ့လပေါင်းများစွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ယခု ကင်း(မ်)ဟာ အသင်းတော်ရဲ့ပုံမှန်အသင်းသားတစ်ဦးဖြစ်နေပါပြီ။ သူ့ရဲ့ကိုယ်အလေးချိန်လည်းနှစ်ဆတိုးလာပြီး သူ့ရဲ့ကျန်းမာရေးလည်း ကောင်းလာပါတယ်။ သူက ဓမ္မအမှုတော်ဆောင်ဖို့ရန်အတွက် အသင်းတော်မှာသင်ယူနေပါတယ်။

