top of page

ASuDaRai testimony

အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်။ ကျွန်မနာမည်က အာဆူဒါရိုင်ဖြစ်ပြီး နီပေါနိုင်ငံ၊ ဂျာပါပြည်နယ်၊ Udayapur ခရိုင်၊ Beltar မြို့ကဖြစ်ပါတယ်။ ကျွန်မက ၂၈နှစ်အရွယ် အိမ်ထောင်သည်တစ်ဦးဖြစ်တယ်။ ဒီနေ့ ကျွန်မ ခရစ်တော်ကို လက်ခံခဲ့ပုံကို အားလုံးကို ဝေမျှသက်သေခံချင်ပါတယ်။
ကျွန်မအိမ်ထောင်မကျခင်က ကျွန်မကလွဲပြီး မိသားစုအားလုံးက ယုံကြည်သူတွေဖြစ်ကြတယ်။ ကျွန်မဘုရားသခင်ကို မသိခဲ့ပေမဲ့ တစ်မိသားစုလုံးက ယုံကြည်သူတွေဖြစ်ကြတာကြောင့် ခရစ်ယောက်တစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ရက်တွေကုန်လွန်လာတာနဲ့ ကျွန်မလည်း အမည်ခံခရစ်ယာန်ဖြစ်လာပါတယ်။
ကျွန်မခရစ်ယာန်တစ်ယောက်ဖြစ်လာပေမဲ့ ဘုရားစကားကို မလိုက်နာခဲ့ပါဘူး။ ခရစ်တော်အထဲက ကျွန်မရဲ့ တကယ့်ဖြစ်ခြင်းကို မသိနားမလည်ခဲ့ပါဘူး။ ခရစ်တော်အထဲမှာ ကျွန်မဘယ်သူလဲဆိုတဲ့ ကျွန်မရဲ့ဖြစ်ခြင်းကို မသိခဲ့တဲ့အတွက် ကျွန်မဒုက္ခဆင်းရဲများစွာ ကြုံခဲ့ပါတယ်။ ကျွန်မနာကျင်ခြင်းများစွာခံစားရပေမဲ့ ဒီအရာတွေကို ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ပါဘူး။
နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှ ဒုက္ခပိုပိုရောက်ပြီး ငြိမ်သက်စွာမနေခဲ့ရပါဘူး။ ကျွန်မဘဝမှာ အရာအားလုံးပိုင်ဆိုင်ထားပါရက်နဲ့ ဘာကြောင့် လေးလံခက်ခဲနေရလဲဆိုတာ အံ့အားသင့်ခဲ့ရတယ်။ ကျွန်မအထဲမှာ အရာများစွာစတင်လှုပ်ရှားလာပါတယ်။ ဒီလိုထူးဆန်းတဲ့အခြေအနေတွေကို ဖြတ်သန်းနေချိန်မှာ၊ ကျွန်မတို့ရဲ့ကောင်းမြတ်တဲ့ဘုရားသခင်က ကျွန်မရဲ့နှလုံးသားထဲမှာ တစ်ခုခုလုပ်ခဲ့တယ်။ ဘုရားကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်ပြီး ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မ ဘုရားကျောင်းသွားကာ ဆုတောင်းပြီး သခင်ဘုရားကို စတင်ရှာပါတော့တယ်။ ကျွန်မဘဝမှာ ဘုရားရဲ့မျက်မှောက်တော်ကို စတင်ရှာဖွေခဲ့ပါတယ်။

ASuDaRai  testimony

တဖြည်းဖြည်းနဲ့ ဘုရားက ကျွန်မဘဝမှာ အလုပ်လုပ်လာတယ်။ အဲ့နောက်မှာတော့ အံဩဖွယ်ပြောင်းလဲမှုတွေ ကျွန်မဘဝမှာ ဖြစ်လာခဲ့တယ်။ ဘုရားက ကျွန်မကို ဝမ်းနည်းမှုတွေ၊ ဘဝရဲ့ရုန်းကန်မှုတွေကနေ လွတ်မြောက်ခြင်းပေးခဲ့တယ်။ အဲ့လိုပြောင်းလဲမှုတွေကနေ ကျွန်မရဲ့ ဝိညာဉ်ရေးရာမှာလည်း ဆက်လက်ပြောင်းလဲခဲ့တယ်။
နောက်ပိုင်းမှာတော့ ခရစ်တော်အထဲက ကျွန်မရဲ့ဖြစ်ခြင်းကို မသိပဲ ဘုရားစကားကို မနာခံဘူးဆိုရင် သူ့ရဲ့တည်ရှိခြင်းမျက်မှောက်တော်ကို မသိနိုင်ဘူးဆိုတာ ကျွန်မ သဘောပေါက်လာတယ်။
ဆုတောင်းခြင်းက မိတ်ဆွေရဲ့အချိန်ကိုဖြုန်းတီးတာမဟုတ်ပဲ၊ ဆုတောင်းခြင်းက မိတ်ဆွေရဲ့ အချိန်နဲ့ ဘဝကို ကယ်တင်တာဖြစ်တယ်။ ဒါကြောင့် ဆက်လက်ပြီး ဆုတောင်းကြရအောင်။
ဒီနေ့ မိတ်ဆွေရဲ့ ခရစ်တော်အထဲက ကြီးမြတ်တဲ့ဖြစ်ခြင်းကို သိဖို့လိုအပ်ကြောင်းခွန်အားပေးချင်ပါတယ်။ ပြီးတော့ ဆက်လက်ပြီးဆုတောင်းပါ။ ဆက်လက်ပြီး ဘုရားရဲ့မျက်မှောက်တော်ကို ရှာပါ။ အားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

Hjerte til nettside.png
  • Facebook
bottom of page