top of page

Jeremiah ၏သက်သေခံချက် (အပိုင်း ၂)
"ငါတောင်းပန်ပါတယ် - အရာအားလုံးကို ပြောင်းလဲစေခဲ့သော စကားတစ်ခွန်း"

Jeremiah ၏သက်သေခံချက် (အပိုင်း ၂)
"ငါတောင်းပန်ပါတယ် - အရာအားလုံ��းကို ပြောင်းလဲစေခဲ့သော စကားတစ်ခွန်း"

ကျွန်တော့်အဖေဟာ အရက်သမားတစ်ယောက်ဖြစ်ပြီး အမေ့ကို ရိုက်နှက်နေတာကို ကျွန်တော် ခဏခဏ မြင်ခဲ့ရပါတယ်။ ဒါတွေက ကျွန်တော့်စိတ်ထဲမှာ နာကျည်းမှုနဲ့ ဒေါသတွေကို ဖြစ်စေခဲ့တယ်။ အဖေ့အကြောင်း တွေးလိုက်တိုင်း အမေ့ရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကိုပဲ ပြေးမြင်မိပါတယ်။ ကျွန်တော်တို့အားလုံးကို အမြဲတမ်း နှိပ်စက်ခဲ့တဲ့ အဖေ့ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခဲ့ပါတယ်။ အဖေ့ရန်ကြောင့် တောထဲမှာ သွားအိပ်ခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းပါဘူး။

ကျွန်တော့်အဖေ အသက် ၄၆ နှစ်မှာ ကင်ဆာရောဂါ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ညီအစ်ကို သုံးယောက်လုံးက အဖေ့ဆီ သွားကြည့်ချင်ကြပေမယ့် ကျွန်တော်ကတော့ မသွားချင်ခဲ့ပါဘူး၊ ကျွန်တော်တို့ သားအဖတွေဟာ တစ်ခါမှ စကားမပြောဖြစ်ခဲ့ကြဘူးလေ။ အဖေ့ရဲ့ ကျန်းမာရေးအခြေအနေက အရမ်းဆိုးလာတဲ့အချိန်မှာပဲ နော်ဝေးနိုင်ငံက အဲ့ဒီပါစတာ နီပေါကို တစ်ခေါက် ထပ်ရောက်လာပြန်ပါတယ်။ သူက "ခွင့်လွှတ်ခြင်း" အကြောင်း တရားဒေသနာကို ဝေမျှခဲ့ပါတယ်။ ကျောင်းသားတော်တော်များများဟာ ငိုကြွေးပြီး ခွင့်လွှတ်ခဲ့ကြပေမယ့် ကျွန်တော်ကတော့ "ဒါမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး" လို့ ကိုယ့်ဘာသာကိုယ် ပြောနေမိပါတယ်။
ကျွန်တော်က အဲ့ဒီပါစတာနဲ့ ဝေးဝေးမှာပဲ နေခဲ့ပေမယ့်သင်တန်းတာဝန်ရှိသူတစ်ယောက်က ဆုတောင်းခြင်းခံယူဖို့ ကျွန်တော့်ကို သူ့ဆီ လွှတ်လိုက်ပါတယ်။ သူက ကျွန်တော့်ကို ထပ်ပြီး ဖက်လိုက်တဲ့အခါ ပထမဆုံးပြောလိုက်တဲ့ စကားက "သား... ငါ မင်းကို ချစ်တယ်၊ တောင်းပန်ပါတယ်" တဲ့။ ဒီစကားက ကျွန်တော့်နှလုံးသားကို အပြင်းအထန် ရိုက်ခတ်သွားပြီး ကျွန်တော် ငိုချလိုက်မိပါတယ်။ သူဖက်ထားတဲ့အချိန်မှာပဲ အဖေ့ရဲ့မျက်နှာကို ပြေးမြင်ယောင်လာပါတယ်။ အဲဒီအချိန်မှာပဲ အဖေ့ကို ခွင့်လွှတ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။

မကြာခင်မှာပဲ ကျွန်တော် အိမ်ပြန်သွားခဲ့တယ်။ အဖေကတော့ ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ တစ်နေ့ထက်တစ်နေ့ အခြေအနေ ပိုဆိုးလာပြီး သေမင်းကို စောင့်နေတဲ့သူလို အိမ်မှာ လဲလျောင်းနေပါတယ်။ တစ်ချိန်မှာတော့ ကျွန်တော် အဖေ့ဆီသွားပြီး သူ့ကို ဖက်လိုက်ရမယ်လို့ ခံစားလိုက်ရပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် မနက် ၇ နာရီမှာ ကျွန်တော်တို့ ညီအစ်ကို ၄ ယောက်လုံးဟာ ဇနီးမယားတွေ၊ သားသမီးတွေနဲ့အတူ အဖေ့ရဲ့ ကုတင်ဘေးမှာ ထိုင်နေကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အဖေ့ကို စကားပြောလိုက်တယ် - "ကျွန်တော် တောင်းပန်ပါတယ် အဖေ၊ ကျွန်တော်တို့အားလုံး တောင်းပန်ပါတယ်" လို့။
ချက်ချင်းဆိုသလိုပဲ အဖေ့ရဲ့ ဘယ်ဘက်မျက်ဝန်းကနေ မျက်ရည်တစ်စ ကျလာပါတယ်။ ကျွန်တော်က ဆက်ပြောခဲ့တယ် - "အဖေ ကျွန်တော်တို့ကို အကြိမ်ကြိမ် ရိုက်ခဲ့တယ်၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခဲ့တယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ အဖေလုပ်ခဲ့သမျှ အားလုံးကို ကျွန်တော် ခွင့်လွှတ်လိုက်ပါပြီ၊ ခံစားခဲ့ရတဲ့ နာကျင်မှုတွေအားလုံးကိုလည်း ကျွန်တော် နှုတ်ဆက်လိုက်ပါပြီ" လို့ပေါ့။

အဲဒီအခါမှာ ပထမဆုံးအကြိမ်အဖြစ် အဖေက "ငါလည်း တောင်းပန်ပါတယ်၊ ငါ့ကို ခွင့်လွှတ်နိုင်မလား" လို့ ပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အငယ်ဆုံးညီက "အဖေ သခင်ယေရှုကို ယုံကြည်ချင်သလား" လို့ မေးတဲ့အခါ အဖေက စကားမပြောနိုင်တော့ပေမယ့် ခေါင်းငြိမ့်ပြခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေရာမှာပဲ အဖေ့ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်တော်တို့ ဆုတောင်းပေးခဲ့ကြပါတယ်။
ခြောက်ရက်အကြာမှာတော့ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာကို အိမ်ကိုဖိတ်ကြားခဲ့ပါတယ်။ အဖေ့ကို သခင်ယေရှုခရစ်ကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်မလားလို့ ထပ်မေးတဲ့အခါမှာတော့ အဖေက အားလုံးကြားအောင် အသံကျယ်ကျယ်နဲ့ "ငါ ခရစ်ယာန်တစ်ယောက် ဖြစ်ချင်တယ်" လို့ ဖြေခဲ့ပါတယ်။ နှစ်ပတ်အကြာမှာတော့ အဖေဟာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီး ကောင်းကင်နိုင်ငံရောက်ရှိသွားခဲ့ပါတယ်။

အဖေကွယ်လွန်ပြီး တစ်လအကြာမှာတော့ အသက် ၉၀ အရွယ် ကျွန်တော့်ရဲ့ အဘွားက သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပါတယ်။ အဘွားဟာ အသက် ၉၁ နှစ်အရွယ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်မှာ ဗတ္တိဇံ မင်္ဂလာကို ခံယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဘွားရဲ့အိမ်ကို လာသမျှ လူတိုင်းဟာ သခင်ယေရှုရဲ့ သက်သေခံချက်ကို မကြားရဘဲ မပြန်ရတော့ပါဘူး။

Hjerte til nettside.png
  • Facebook
bottom of page