
Nagaland တွင် အံ့ဩဖွယ်နိမိတ်လက္ခဏာများ

Seksim သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ Nagaland မှလာသော်လည်း နေရာအကြောင်းထက် ထိုဒေသရှိ Nagalim လူမျိုးစုအကြောင်းပြောခြင်းကို နှစ်သက်ပါသည်။နာဂလူမျိုးများသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကြီးမားသောနိုးထမှု နှစ်ခုရှိခဲ့သည်။တစ်ခုသည် ၁၈၅၀ ခုနှစ်ဝန်းကျင်က စတင်ခဲ့ကာ ဒုတိယတစ်ခုသည် ၁၉၆၀ခုနှစ် တွင်စတင်ခဲ့ပြီး နှစ်ပေါင်း၈၀ ကြာဆက်လက်ဖြစ်ပွါးခဲ့သည်။ယင်းသည် နာဂလူမျိုးတစ်ခုလုံးကို အကျိုးသက်ရောက်စေသည့် ပြနနိုးထမှုတစ်ခုဖြစ်ပြီး စာရင်းဇယားများအရ ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့၏ ၈၆.၅ ရာခိုင်နှုန်း၊ လူဦးရေ ၉၀၀,၀၀၀ နီးပါးသည် ခရစ်ယာန်များဖြစ်သည်ဟု ယူဆကြသည်။ ဤရလဒ်ကြောင့် လူ့အသိုက်အဝန်းများစွာ ရင်ဆိုင်ကြုံတွေ့နေရသော ရုန်းကန်မှုများမှ လွတ်ကင်းခဲ့ရပြီး၊နာဂလူမျိုးများသည် အမှန်တကယ် ကောင်းကြီးခံစားခဲ့ကြသည်။Seksim နဲ့အတူ ကျွန်တော်တို့၏ဆွေးနွေးချက်ကိုပြန်သွားပါမည်။သူသည်ဘုရားသခင်၏အမှုတော်မြတ်ကို နှစ်သုံးဆယ်ကျော်ကြာအစေခံခဲ့ပြီ သူသည် ခရစ်တော်နှင့်အတူ မယုံဖွယ်နိုင်သောအရာများကို တွေ့ကြုံခံစားခဲ့ရပါသည်
။ သူကြုံတွေ့ခဲ့ရသောနိမိလက္ခဏာတစ်ချို့ကို သက်သေခံထားပါသည်။ ဘုရားသခင်၏ လူတစ်ဦးချင်းစီအပေါ်နိမိလက္ခဏာများ၊-
Seksim နှင့် သူ၏လုပ်ဖော်ကိုင်ဖက်အချို့သည် လူနှစ်ဦး အလွန်ဖျားနာနေသည့် ရွာတစ်ရွာသို့ ရောက်လာကြသည်။ သူတို့တွေထဲမှ တစ်ယောက်သည် ကိုမာဝင်(ဉီးနှောက်သေ)နေပြီး ကျန်တစ်ယောက်သည် သူတို့၏မေးခွန်းများကို တုံ့ပြန်ရန် မျက်လုံးမှိတ်ပြရုံသာလုပ်နိုင်သည်။သူတို့နှစ်ဉီးစလုံးသည် တစ်ခန်းထဲတွင် တူတူလဲလျောင်းနေကြပါသည်။ဧဝံဂေလိဆရာများသည် ဖျားနာသောသူများအတွက် စတင်ဆုတောင်းပေးခဲ့ပါသည်။မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ဘုရားသခင်၏တန်ခိုးတော်သည် ရောက်လာ၍ သူတို့ထဲက တယောက်ရဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားပါသည်။သူသည်မတ်တပ်ရပ်လိုက်ပြီးတော့ ချက်ခြင်းပင်ခွန်အားပြန်ရခဲ့ပါသည်။ဉီးနှောက်သေနေသော တစ်ခြားတစ်ယောက်ကတော့ မလှုပ်မရှားလဲလျောင်းနေဆဲဖြစ်ပါသည်။သူတို့သည် ဆက်ဆုတောင်းပေးကြပြီး ၃၆ နာရီအကြာတွင် သူသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အိပ်ယာမှထကာ လုံးဝကျန်းမာသွားခဲ့သည်။လူအုပ်စုအပေါ်ဘုရားသခင်၏နိမိလက္ခဏာ၊_
တစ်ခါက Seksim သည် စစ်သား အယောက် ၄၅၀ ဖျားနေသည့် စခန်းသို့ လာရောက်ရန် တောင်းဆိုခံခဲ့ရသည်။ခေါင်းဆောင်များသည် ပယောဂဆရာများထံမှ အကူအညီရယူရန် ကြိုးစားခဲ့သော်လည်း ဘာမှမထူးခြားခဲ့ပေ။ တခြားခရစ်ယာန်တွေကို အကူအညီတောင်းဖို့လည်း ကြိုးစားခဲ့ကြပေမဲ့ထိုဒေသရှိ ပယောဂဆရာများကြောင့် ခရစ်ယာန်များသည် ထိုနေရာသို့မသွားချင်ကြပါ။ Seksim ရောက်လာသောအခါတွင်၊ သူသည် အားလုံးကို အစည်းအဝေးတစ်ခု ခေါ်ခဲ့သည်။ဤအရာနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းရမည်ဆိုတာကို လွန်ခဲ့တဲ့တစ်ပတ်တွင် အိပ်မက်အားဖြင့် ဘုရားကသူ့အားပြခဲ့ပါသည်။ အစည်းအဝေးမတက်မီတစ်ညတွင် Seksim သည် တစ်ညလုံး နိုးနေခဲ့ပြီး ဆုတောင်းခဲ့သည်။တပ်သားများအားလုံးစည်းဝေးကြစဉ်တွင် သူသည် နာရီဝက်ကြာဆုတောင်းခဲ့ပါသည်။ထို့နောက် သခင်ယေရှုကို သူတို့ရဲ့ကယ်တင်ရှင်အဖြစ်လက်ခံရန် သူတို့ကိုစိန်မခေါ်ခင်မှာ သူသည် တရားဒေသနာအနည်းငယ်ဝေငှခဲ့ပါသည်။ လူတိုင်းက လက်ခံခဲ့ကြသည်။ ထို့နောက် လူတိုင်းအား လက်တစ်ဖက်ကို မြင့်မြင့်မြှောက်ခိုင်းခဲ့သည်။ထိုသို့ပြုလုပ်ကြစဉ်တွင် Seksim သည် ဖျားနာသောသူအားလုံးအတွက်ဆုတောင်းပေးခဲ့ပြီ ဖျားနာသော ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်၌ လက်ကိုတင်ကြဖို့ ညွှန်ကြားခဲ့ပါသည်။သူသည် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေခြင်းငှာ ရိုးရှင်းသောဆုတောင်းချက်တစ်ခုကို တောင်းဆိုခဲ့ပြီးတော့ အစည်းဝေးကိုအဆုံးသတ်ခဲ့ပါသည်။သူတို့သည် နောက်တစ်ပတ်တွင် အစည်းဝေးအသစ်တစ်ခုလုပ်ကြရန် သဘောတူခဲ့ကြသည်။သူသည်ပြန်လာပြီးတော့ အဖွဲ့ကို ပြန်တွေ့တဲ့အခါ သူတို့ထဲက ခုနစ်ယောက်ကလွဲလို့ အားလုံး ကျန်းမာသွားခဲ့သည်။ ဤနောက်ဆုံးခုနစ်ဦးသည် ပြီးခဲ့သောအပတ်ကအစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။ သို့သော် Seksim သည်သူတို့အတွက်ပါ ဆုတောင်းပေးခဲ့ပြီး သူတို့သည် ချက်ချင်းကျန်းမာလာခဲ့သည်။ဘုရားသခင်သည် နိမတ်လက္ခဏာများဖန်တီးနေသည်။Seksim ကျွန်တော်တို့ကို ပြောပြခဲ့တဲ့ နောက်ဆုံးအဖြစ်အပျက်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပါ။တစ်နေ့မှာ ခရစ်ယာန်ညီအစ်မတစ်ဦးသည် လူတို့အား အနာရောဂါငြိမ်းစေမည့် သစ်ပင်တစ်ပင်မှ အရွက်တစ်ရွက်ကို ဘုရားသခင်ပြတော်မူသည့် ရူပါရုံတစ်ခုရှိခဲ့သည်။သူမသည် ထိုအရာကိုထူးဆန်းကြောင်းသိသည်။ သို့သော် နောက်ပိုင်းတွင် အရွက်များသည် လူတို့ကို အနာရောဂါငြိမ်းစေသည့် ဗျာဒိတ်ကျမ်းရှိ အသက်ပင်ကို စဉ်းစားမိလာခဲ့သည်။ဤအမျိုးသမီးသည် Seksim နှင့်အတူ ရွာတစ်ရွာသို့ သွားခဲ့ရာ အကူအညီတောင်းနေကြသည့် နူနာသည်အုပ်စုတစ်စုကိုတွေ့ခဲ့သည်။သူမသည် ထိုရူပါရုံကို ချက်ခြင်းသတိရ၍ ဘုရားသခင်ပြတော်မူသော အရွက်ကိုရှာဖို့သွားပါသည်။သူမသည် ထိုအရွက်တစ်ချို့ကိုခူးယူလိုက်ပြီးတော့ အလုံးတစ်ခုလုပ်ကာ နူနာစွဲနေသော ခန္ဓာကိုယ်များပေါ်သို့ ပွတ်ပေးခဲ့ပါသည်။
အဖွဲ့ထဲက တခြားသူတွေက သူမလက်အိတ်လိုချင်လားလို့ မေးပေမဲ့မလိုအပ်ဘူးလို့ ပြောခဲ့ပါသည်။ ၎င်းသည်ဘုရားသခင်ပြတော်မူသော ရူပါရုံ၏ အစိတ်အပိုင်းမဟုတ်ပေ။နူနာရောဂါ ထွက်သွားရုံသာမက ဘုရားသခင်သည် လက်ချောင်းများနှင့် လက်သည်းများကို ရက်အနည်းငယ်အတွင်း ပြန်ပေါက်စေခဲ့သည်။ခြေဆွံ့သူအများအပြား သက်သာပျောက်ကင်းခဲ့ပြီး ၎င်းတို့အနက် Kaita ဟုခေါ်သောအမျိုးသမီးတစ်ဦးသည် ၂၁ နှစ်ကြာမသန်စွမ်းဖြစ်နေခဲ့သူဖြစ်သည်။
