top of page

NTKL Thang

ကျွန်တော့်နာမည်ကတော့ NTKL Thang ဖြစ်ပါတယ်။ ကျွန်တော်က ချင်းပြည်နယ်၊မတူပီမြို့ ခရစ်ယာန်မိသားစုမှ မွေးဖွားလာသူတစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်အခုအသက်၂၄နှစ်ရှိပြီဖြစ်ပြီး ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်နေ့မှာ ဒုတိယမွေးဖွားခြင်းခံခဲ့ရပါတယ်။
ကျွန်တော်ဟာကယ်တင်ခြင်းရပြီး၊ ထာဝရငရဲကနေလွှတ်မြောက်ပြီဆိုတဲ့စိတ်နဲ့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လိုက်လျှောက်နာခံခြင်းမရှိဘဲ မိမိစိတ်ကြိုက်လောကီရေးရာမှာမွေ့လျော်အသက်ရှင်နေထိုင်ခဲ့ပါတယ်။
သုတ္တံကျမ်း ၁၆း၂၅ နှုတ်ကပတ်တော်ထဲမှာ"လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်းအဆုံး၌သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ​၏။" ဆိုတဲ့အတိုင်းပဲ ကျွန်တော်ပြုလုပ်ခဲ့သမျှတိုင်းဟာနောက်ဆုံးမှာတော့ ပျက်စီးဆုံးရှုံးခြင်းနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
အဲ့ဒီလိုအချိန်မှာတောင်ကျွန်တော့်ရဲ့အပြစ်ကိုမမြင်ဘဲ ဘုရားသခင်ကိုပြစ်မှားပြီး အပြစ်တင်ပုံချခဲ့မိပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်လိုလူဆိုးလူမိုက်ကိုဗွေမယူဘဲ ကျေးဇူးတော်ကြောင့်မိမိအပြစ်ကိုပြန်လည်ဝန်ချတောင်းပန်နိုင်သော အခွင့်အရေးကိုကျွန်တော့်အတွက် ပြင်ဆင်ပေးပါတယ်။ ကျွန်တော့်အပြစ်ကိုခွင့်လွှတ်ပေးရုံသာမက ကျွန်တော့်ဝိညာဉ်ကိုလည်း ပြန်လည်ဆန်းသစ်အားဖြည့်ပေးပါတယ်။ ဘုရားသခင်ရဲ့ရှိခြင်းကိုလည်း အရင်ကထက်ပိုမိုပြီး သိမြင်ခံစားရပါတယ်။
ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာ ကျွန်တော့်အပေါ်မရေတွက်နိုင်လောက်အောင် ပြည့်လျှံလျက်ရှိပါတယ်။ တစ်ချို့သော ကယ်တင်ခြင်းရပြီးသားယုံကြည်သူတွေလည်း ကျွန်တော့်လိုဖြစ်တဲ့သူမျိုးရှိကောင်းရှိမယ်ထင်ပါတယ်။

NTKL Thang

တိမောသေသြဝါဒစာဒုတိယစာစောင် ၂း၂၀
"ကြီးစွားသောအိမ်၌ရွှေတန်ဆာ၊ငွေတန်ဆာရှိသည်မဟုတ်၊သစ်သားတန်ဆာ၊မြေတန်ဆာရှိ​၏။အသေရေရှိသောတန်ဆာ၊အသေရေမရှိသောတန်ဆာရှိ​၏။" ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ဗိမာန်တော်တွေဖြစ်တယ်။ ကျွန်တော်တို့ရဲ့အသက်တာဟာ အသရေမဟုတ်သောတန်ဆာ ဒါမှမဟုတ် အသရေမဲ့သောတန်ဆာကဲ့သို့ဖြစ်နေမလား? ပျောက်သောသားကဲ့သို့ မိမိအသက်တာကို
မဖြုန်းတီးတော့ဘဲ အချိန်မနှောင်းခင်ထာဝရဘုရားသခင်ဆီသို့ ပြန်လှည့်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
သခင်ယေရှုခရစ်​၏ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့နှင့်အတူအစဉ်အမြဲရှိပါစေ။
ဖတ်ရှုတဲ့သူအယောက်စီတိုင်းအပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page