top of page

Pastor Bernard Lacia Paunda

အစည်းဝေးတစ်ခုမှာ အသက်၅၄ နှစ်အရွယ် Pastor Bernard Lacia Paunda နဲ့ကျွန်တော်တို့ ဆုံခဲ့ပါတယ်။ ဘုရားသခင်ကိုသစ္စာရှိရှိအစေခံမှုအကြောင်း သူ့ဘဝရဲ့သက်သေခံချက်တွေဟာ အခြား Pastorတွေကိုပါ ခွန်အားရစေပါတယ်။
သူဟာ ညီကိုမောင်နှမလေးယောက်ထဲမှာ ဒုတိယမြောက်သားဖြစ်ပြီး ၁၉၉၆ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဟာ Marilog ခရိုင် Barangay Gumitanမြို့က ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အမေက အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ သူတို့မိသားစုဟာ မွေးကတည်းက ခရစ်ယာန်မိသားစုတော့ မဟုတ်ခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံရဲ့ မျိုးနွယ်စုယုံကြည်မှုများစွာထဲက သဘာဝတရားတွေကို ယုံကြည်ကိုးကွယ်တဲ့ Ditawaကိုးကွယ်မှုလို့ခေါ်တဲ့ နတ်ကိုးကွယ်မှုတစ်ခုကို သူတို့မိသားစုက ကိုးကွယ်ခဲ့ကြတာပါ။
သူ့မိသားစုက Matigsaug မျိုးနွယ်စုဝင်ဖြစ်ပြီး ၁၉၇၅ တွင် သာသနာပြုတစ်ဦး ရောက်ရှိလာခဲ့တယ်။ သာသနာပြုဆရာက သူတို့အိမ်မှာသုံးနှစ်ကြာနေခဲ့ပြီး တစ်မိသားစုလုံးကို ယေရှုခရစ်၏အကြောင်းနှင့်ကယ်တင်ခြင်းအကြောင်းကို သင်ကြားပြီးပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အဲ့ချိန်မှာ သူ့ရဲ့ဖခင်က ရွာသူကြီးဖြစ်တဲ့အတွက် တစ်ရွာလုံးကလည်း ယေရှုခရစ်ကို လက်ခံခဲ့ကြပြီး သူတို့ရွာဟာ Marilog ခရိုင်မှာ ခရစ်တော်ယုံကြည်သော ပထမဆုံးသောရွာဖြစ်လာခဲ့ပါတယ်။ သူ့မိသားစုက ခရစ်တော်ဆီလာတဲ့သူတိုင်းကို ကူညီဖို့ဘယ်တော့မှမရပ်ခဲ့ပါဘူး။
တစ်မိသားစုလုံးခရစ်တော်ရဲ့ ကယ်တင်ခြင်းလက်ခံရရှိခဲ့ချိန်မှာ Bernard ဟာအသက်၁၃နှစ်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး Bernard ဟာဘုရားသခင်ကိုယုံကြည်ခြင်းဘယ်တော့မှမရပ်တန့်ခဲ့ပဲ ဘုရားသခင်ဆီမှာ သစ္စာရှိရှိအစေခံခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူ့အမေအသက်ရှင်နေတုန်းမှာပဲ သူ့အဖေဟာသေဆုံးခဲ့ပါတယ်။
အသက်၂၀ အရွယ်မှာ သူ့ကိုယ်ပိုင်မိသားစုရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့မှာ ကလေး၄ယောက်ရှိပြီး ယောကျာ်းလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်ဖြစ်ပါတယ်။ အဲ့ထဲက နှစ်ယောက်ကအိမ်ထောင်ကျပြီးတော့ ဘုရားသခင်ကိုသစ္စာရှိရှိအစေခံနေကြပါတယ်။ ၁၉၉၀ ခုနှစ်မှာ Bernard ဟာဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝေမျှခြင်းနှင့် ရုပ်ရှင်ပြသခြင်းမှတဆင့် သူ၏ဧဝံဂေလိကို စတင်ခဲ့ပါတယ်။ တောင်ပေါ်ရှိဝေးလံခေါင်းပါးသောဒေသသို့ သတ္တိရှိရှိတစ်ယောက်တည်းသွားပြီး သူ့ရဲ့မျိုးနွယ်စုဝင်တွေဆီ သွားရောက်ပြီး သတင်းကောင်းဝေငှခဲ့တယ်။ တောင်ပေါ်ဒေသသာမက ဘုရားသခင်သူ့ကိုဦးဆောင်တဲ့နေရာတွေကို သူသွားရောက် ဧဝံဂေလိလုပ်ခဲ့တယ်။

Pastor Bernard Lacia Paunda

Bernard ဟာ ဘုရားဘိသိတ်အသုံးပြုတဲ့ ချီးမွမ်းကိုးကွယ်ခြင်းဉီးဆောင်သူတစ်ဉီးဖြစ်ပြီး ကျော်ကြားတဲ့ တေးရေးဆရာ တစ်ဉီးလည်းဖြစ်ပါတယ်။ သူက ခရစ်ယာန်ဓမ္မတေးသီချင်းများစွာ ရေးစပ်ခဲ့ပြီး သူ့ရဲ့သီချင်းများကို အသင်းတော်များစွာက အသုံးပြုကြတယ်။ သူရဲ့အမှုတော်လုပ်ငန်းကြောင့် သူတို့အသင်းတော်များကိုတည်ဆောက်ခဲ့ပါတယ်။ ယနေ့တိုင်ဘုရားသခင်ကိုနာခံရင်း အမှုတော်ကိုဆက်လက်လုပ်ဆောင်နေပါတယ်။ ဘုရားသခင်ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပြီး ဘုရားအမှုကို အစေခံခြင်းက Bernard ကိုမျက်ရည်များစွာကျစေခဲ့ပါတယ်။
သူပုန်တွေကသူ့ကို ဖမ်းဆီးခဲ့တာတွေရှိပေမဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်လွတ်မြာက်ခဲ့ပါတယ်။ သူပုန်အဖွဲ့များစွာ ခရစ်တော်ကိုလက်ခံခဲ့ပါတယ်။ သူရွှံ့တောင်တွေပေါ်မှာလမ်းချော်ပြီးအသက်အန္တရယ်လည်းကြုံခဲ့ရပါတယ်။ ခြောက်ခြားတဲ့ညတွေမှာသူအိပ်ခဲ့ရတယ်။ အဆိုးဆုံးကတော့ ဧဝံဂေလိလုပ်တဲ့ချိန်မှာ သွေးတိုးရောဂါခံစားခဲ့ရခြင်းဖြစ်တယ်။ ၂၀၁၇ ခုနှစ်တုန်းက သူဟာလေဖြန်းရောဂါခံစားခဲ့ရပြီး သူရဲ့ဘယ်ဘက်မျက်လုံးတစ်ဖက်ဟာ အလွန်ထိခိုက်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် သူ့ရဲ့မျက်လုံးနှင့်ခန္ဓာကိုယ်ဟာ ယခုပိုပြီး ကောင်းလာပါပြီ။
သူ့ရဲ့အ‌ခြေနေတွေကို‌မေ့ထားပြီး Bernard ဟာအခုထိ ဘုရားသခင်ရဲ့အစေခံဖို့ စိတ်အားထက်သန်မှုကို ဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။ သူဟာ အမှုတော်ဆောင်တွေဆီကို သွားရောက်လည်ပတ်ပြီး အားပေးကူညီတယ်။ သူ့ရဲ့စက်ပစ္စည်းအဟောင်းလေးကို နေရာတကာယူသွားပြီး ဧဝံဂေလိတရားကို ရုပ်ရှင်နဲ့ ပြသဝေငှခဲ့တယ်။ သူအမြဲပြောတဲ့အရာက “ယေရှုနောက်လိုက်ရန် စိတ်ဆုံးဖြတ်ခဲ့ပြီ။ နောက်ပြန်မလှည့်၊ နောက်ပြန်မလှည့်။” အခုမှာတော့ Bernard မှာ Manubo Bible Church Association of Mindanao "MABCA" လို့ ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတည်ထောင်စတင်ခဲ့တဲ့ အသင်းတော်တွေက ဒီအဖွဲ့အစည်းမှာပါဝင်ကြပြီး အားလုံးဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ဘုရားသခင်ဘုန်းကြီးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page