
Sita Thapa testimony
ရှေးဦးစွာဘုရားသခင်ကိုချီးမွမ်းပါတယ်။ ကျွန်မက Sita Thapa ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ Kalimpong မြို့ကဖြစ်ပါတယ်။ ဒီနေ့မှာတော့ အနည်းငယ်သက်သေခံချင်ပါတယ်။
ကျွန်မက ဟိန္ဒူဘာသာဝင်မိသားစုကနေ ကြီးပြင်းလာပြီးတော့ ပြောင်းလဲလာတာဖြစ်ပါတယ်။ ကျွန်မ မယုံကြည်သူဘဝမှာ ခရစ်တော်ကို မသိခဲ့ပါဘူး။ ကျွန်မဘဝမှာ ဝမ်းနည်းခြင်းနဲ့ ဆင်းရဲခြင်းတွေပဲ ပြည့်နေခဲ့ပါတယ်။ မတော်တဆမှုဖြစ်ခဲ့တာမဟုတ်ပဲ ကျွန်မအမျိုးသားက အကြီးကျယ်ဖျားနာခဲ့ပါတယ်။ သူ့ကိုကုသဖို့ ကျွန်မနေရာစုံသွားပြီး ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ၂၀၁၆ မှာ ဘုရားသခင်နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်မအမျိုးသားအတွက် အမျိုးတစ်ယောက်က စနေနေ့မှာ လာဆုတောင်းပေးခဲ့ပါတယ်။ နောက်နေ့မှာ ဘုရားကျောင်းလာတက်ဖို့လည်း သူကဖိတ်ခေါ်ခဲ့တဲ့အခါ လာပါ့မယ်လို့ သူ့ကို ပြန်ပြောခဲ့ကြတယ်။ ဘုရားကျောင်းသွားရမလား၊ မသွားရဘူးလား ကျွန်မများစွာစဉ်းစားခဲ့ပေမဲ့ ကျွန်မအမျိုးသားပြန်ကောင်းလာမယ်ဆိုတဲ့ ယုံကြည်ချက်က ကျန်မနှလုံးသားထဲမှာ ကြီးထွားလာတယ်။ ဒါကြောင့် နောက်နေ့မှာ ကျွန်မ အမျိုးသားနဲ့ ကလေး ၂ယောက်နဲ့အတူ ဘုရားကျောင်းသွားခဲ့ကြတယ်။ ကျွန်မတို့ ထိုင်ခဲ့ပေမဲ့ နှလုံးသားထဲမှာတော့ ကြောက်နေကြတယ်။ မကြာခင်မှာတော့ ငြိမ်သက်ခြင်းရလာခဲ့တယ်။ ဘုရားကျောင်းကအပြန် ရက်အနည်းငယ်အကြာမှာ ကျွန်မအမျိုးသားက သက်သာလာခဲ့တယ်။

နှစ်ခြင်းခံယူချိန်မှာလည်း သူပိုပြီးဖျားနာခဲ့တာကြောင့် အသင်းတော်ကို အဲ့အကြောင်းပြောပြတဲ့အခါ သူ့အတွက် ဆုတောင်းပေးဖို့၊ ဆေးတစ်မျိုးတိုက်ပြီးခေါ်လာဖို့၊ ဘာမှဖြစ်မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တုန်းက ဘယ်လိုဆုတောင်းရမှန်း အသိတဲ့အတွက် ယုံကြည်ခြင်းနဲ့ပဲ သူ့ကို ကားပေါ်တင်ပြီး ခေါ်သွားခဲ့ပါတယ်။ သူနှစ်ခြင်းခံရမယ့်အလှည့်မရောက်ခင်အထိ သူ့ကိုလဲလျောင်းစေခဲ့ကြရတယ်။ သူနှစ်ခြင်းခံပြီးနောက်မှာတော့ သူကျန်းမာသွားပြီး အိမ်ကို သူ့ဘာသာလမ်းလျှောက်ပြန်ခဲ့တယ်။
ကျွန်မအမျိုးသား အသက်ဆက်မရှင်လောက်ဘူးလို့ လူတိုင်းပြောခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ကို ကုသပေးခဲ့တယ်။ ဘုရားကလူတိုင်းကို ဘဝသစ်ပေးတယ်။ ဘုရားကို ကျွန်မသိကျွမ်းပြီးနောက်၊ တွေ့ရှိပြီးနောက်နဲ့ ယုံကြည်ပြီးနောက် ဘယ်လိုအခြေနေတွေ ကြုံဆုံရပါစေ ဘုရားကိုမျှော်လင့်ပြီး ဘုရားဆီဆုတောင်းလာခဲ့တယ်။ ဘုရားသခင်မှ ကောင်းကြီးတွေလည်းခံစားလာရတယ်။ အခုပင်လျှင် အခြေနေများစွာရှိနေပေမဲ့ ကျွန်မယေရှုကို လုံးဝစွန့်ပစ်မှာမဟုတ်ဘူး။ ကျွန်မဘယ်သွားသွား သူလမ်းပြခဲ့ပြီး ကျွန်မမှာရှိသမျှက ယေရှုဘုရားပိုင်တာဖြစ်တယ်။ ကျွန်မတို့မိသားစုက ပျော်ရွှင်နေကြပြီး ဘုရားအထဲမှာ ငြိမ်သက်ခြင်းရရှိနေကြပါတယ်။ လူတွေအမြင်မှာတော့ ဘာမှမရှိပေမဲ့ ခရစ်တော်အထဲမှာ အရာအားလုံးရှိနေကြောင်း ကျွန်မသိပါတယ်။ အယောက်စီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။