top of page

မုချကျန်းမာ၊ ယေရှုလက်ရာ။

မုချကျန်းမာ၊ ယေရှုလက်ရာ။

ခရစ်ရှနာ ဘဟာဒူးဟာ နီပေါနိုင်ငံ အနောက်ပိုင်း၊ ဂေါ်ခါးခရိုင်၊ မဆဲလ်ရွာမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ငါးနှစ်လုံးလုံး လေဖြတ်နေတဲ့ ဝေဒနာရှင် တစ်ဦးပါ။ ခရစ်ရှနာက ဟိန္ဒူဘာသာကိုးကွယ်သူဖြစ်လို့ ဘာသာရေးပယောဂ ဆရာတွေ ညွှန်ကြားတဲ့ ဟိန္ဒူဓလေ့ထုံးတမ်း အားလုံးကို လုပ်ခဲ့ရပါတယ်။ ဆိတ်၊ ကြက်၊ ကြက်ဥ၊ ချိုး စတဲ့ တိရစ္ဆာန်တွေကို ပူဇော်ပသရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ အကူအညီကိုလည်း ယူခဲ့ပေမယ့် ဘာမှ မထူးခြားပါဘူး။ ပိုက်ဆံတွေ အများကြီးကုန်ခဲ့ပေမယ့် သူ့ကျန်းမာရေးက ပိုပြီး ဆိုးလာခဲ့တာပဲ ရှိပါတယ်။ နောက်ဆုံးတော့ နီပေါနိုင်ငံရဲ့မြို့တော် ကတ္တမန္ဒူမှာရှိတဲ့ အကောင်းဆုံး ဆေးရုံကိုရောက်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ ဆရာဝန်က လက်လျှော့လိုက်ပြီဖြစ်ကြောင်း ပြောလိုက်တာကြောင့် မိသားစုက သူ့ကို ရွာကို ပြန်ခေါ်လာရပြီး အိပ်ယာထဲမှာ လှဲနေရင်း သေမယ့်နေ့ကို စောင့်နေခဲ့ပါတယ်။

တစ်နေ့မှာတော့ သူနေတဲ့နေရာနားမှာနေတဲ့ ခရစ်ယာန် ဧဝံဂေလိဆရာတစ်ဦးက သူ့အကြောင်းကို ကြားခဲ့တယ်။ အဲဒီဓမ္မဆရာရဲ့နာမည်က ဒါအုဒ် (Daud) ပါ။ သူဟာ မဆဲလ်ရွာကို သွားပြီး အိပ်ယာထဲမှာ လဲလျောင်းနေတဲ့ ခရစ်ရှနာကို သွားတွေ့ခဲ့ပါတယ်။
ဒါအုဒ်က ခရစ်ရှနာရဲ့ မိသားစုကို ဘုရားသခင်ရဲ့ သတင်းကောင်းကို ဝေငှရင်း ယေရှုခရစ်ကို ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် လက်ခံရင် ယေရှုက သူ့ရဲ့ အနာရောဂါငြိမ်းစေမယ်လို့ ပြောခဲ့ပါတယ်။ ဒီနောက်မှာ သူတို့အားလုံး ကယ်တင်ခြင်း ဆုတောင်းကို နှုတ်နဲ့ဝန်ခံလိုက်ဆိုခဲ့ကြပြီး ဒါအုဒ်က ခရစ်ရှနာအတွက် တစ်ညလုံး ဆုတောင်းပေးခဲ့ပါတယ်။ မနက်မိုးလင်းတော့ အဲ့ဒီလူနာမှာ သက်သာလာတဲ့ လက္ခဏာတွေကို ဓမ္မဆရာက တွေ့ခဲ့ရပါတယ်။ ဒါအုဒ်လည်း ပြန်သွားခဲ့ပြီး နောက်တစ်ပတ် ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။
နောက်တစ်ပတ်မှာ သူပြန်ရောက်တဲ့အခါ ခရစ်ရှနာက အိပ်ယာထဲမှာ ထိုင်နေနိုင်တာကို တွေ့ပြီး တကယ်ကို အံ့ဩသွားခဲ့ပါတယ်။ ငါးနှစ်တာကာလအတွင်း သူ တစ်ခါမှ မထိုင်နိုင်ခဲ့ပါဘူး။ ဒါအုဒ်က သူ့အတွက် ထပ်ဆုတောင်းပေးပြီး တစ်ချိန်တည်းမှာပဲ မိသားစုက အားကိုးခဲ့တဲ့ ရုပ်တုတွေ၊ ဘိုးဘွားကိုးကွယ်တဲ့ ပစ္စည်းတွေအားလုံးကို ဖျက်ဆီးပြီး မီးရှို့ပစ်ခဲ့ပါတယ်။ နောက်ပြီး သူတို့ကို ဒေသခံအသင်းတော်ကို ခေါ်သွားခဲ့ပါတယ်။

သုံးလ အတွင်းမှာပဲ ခရစ်ရှနာဟာ လုံးဝပကတိ ကျန်းမာရေးကောင်းမွန်လာပြီး လယ်ယာအလုပ်တွေကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိသားစုတစ်စုလုံးလည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို လက်ခံရရှိခဲ့ကြပါတယ်။
ဒီနိမိလက္ခဏာကို မြင်တွေ့ရတဲ့ တခြားရွာသားတွေကလည်း ယေရှုဟာ စစ်မှန်ပြီး အသက်ရှင်တဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာကို သိရှိသွားကြပါတယ်။ သူတို့ အခုထိ လက်မခံသေးပေမယ့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် တစ်နေ့ကျရင် ဒီရွာတစ်ရွာလုံး သခင်ယေရှုကို စစ်မှန်တဲ့ အရှင်သခင်အဖြစ် သိရှိလာမယ်လို့ ယုံကြည်ပါတယ်။

Hjerte til nettside.png
  • Facebook
bottom of page